Friday, August 14, 2026

အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့်...

​"အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေကို လာမယ့်သီးတင်းပတ်မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်"လို့ အမေရိကန်...

အမေရိကန်တောင်ပံကစားသမား McKenna Davidson ကို...

ဧရာဝတီအက်ဖ်စီအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအင်အားဖြည့်တင်းမှုအဖြစ် အမေရိကန်တောင်ပံကစားသမား McKenna Akimi Davidson ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းဘက်က ထုတ်ပြန်ကြေညာထား သည်။ McKenna Davidson...

မီတာအသစ်များ မနက်ဖန်(ဩဂုတ် ၁၅ ရက်)မှ...

နေပြည်တော်၊ဩဂုတ်-၁၄ လျှပ်စစ်မီတာ မရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်မီတာအသစ်များကို လျင်မြန်စွာ ရရှိနိုင်ရေးအတွက် မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း...

Myanmar Women’s League ဒုတိယအကျော့အတွက်...

ရန်ကုန်၊ဩဂုတ်-၁၄ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပနေသည့် Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ကို အောက်တိုဘာ ၁၉...
HomeCultureပုဂံပြည့်ရှင် အနော်ရထာမင်း တည်ထားခဲ့သည့်...

ပုဂံပြည့်ရှင် အနော်ရထာမင်း တည်ထားခဲ့သည့် ရှင်ပင် ရွှေဆပ်သွား စေတီတော်

မှတ်တမ်းများအရ ပုဂံပြည့်ရှင် အနော်ရထာမင်း ကျောက်ဆည်နယ်၌ ဇော်ဂျီမြစ်နှင့် ပန်းလောင်မြစ်ကို ဆည်တည်ဆောက်စဉ် တည်ထားကိုးကွယ်ခဲ့ သည်ဟု ဆိုကြလေသည်။ ထို့အပြင် အာသောကမင်းကြီး တည်ထားကိုးကွယ် သာသနာပြုခဲ့သော မုဋ္ဌောစေတီ၊ ရေတွင်း၊ ရေကန်၊ သိမ်၊ ကျောင်း ၈၄ဝဝဝ တွင် ပါဝင်သည့် ဘုရားတစ်ဆူလည်းဖြစ်ကြောင်း သိရသည်။ သက္ကရာဇ် ၃၇၉ ခုနှစ်တွင် ပုဂံထီးနန်းကိုစိုးစံသည့် အနော်ရထာမင်းသည် ရှင်အရဟံမထေရ်မြတ် ၏ သြဝါဒနှင့်အညီ စေတီတော်တည်ထားရန် အဓိဋ္ဌာန် တည်ခဲ့သည်။ ထိုအခါ တတိယသင်္ဂါယနာတင် သီရိဓမ္မာသောက မင်းကြီး၏ ကုသိုလ်တော် မုဋ္ဌော စေတီဟောင်းနေရာကိုတွေ့ရသဖြင့် ယင်းနေရာတွင် ကိုးတောင်ပြည့်ဆပ်သွား စေတီတော်မြတ်ကို တည်ထားပူဇော်ခဲ့သည်။ အနော်ရထာမင်း စေတီမတည် ခင်က အမျက်တော်ရှခဲ့သော ဆန်တော်ရှင်းမယ်ဖော့နှင့် မောင်ကြီးမောင်ပင် တို့အား အမျက်တော်ပြေပျောက်ပြီး ရွာကြီးတစ်ဆယ့်နှစ်ရွာကို အပိုင်စားပေး လေသည်။ ထိုအချိန်မှစ၍ ဆပ်သွားစေတီသည် အမျက်တော်ပြေဘုရားအဖြစ် ထင်ရှားခဲ့သည်။ အရိုးမျက်ခြင်း၊ ဆူးစူးခြင်း၊ အခြားသော ဘေးဒုက္ခမှတို့မှ ကင်းဝေးရန် စေတီတော်တွင် ငါးပါးသီလခံယူ ပြီး ရေမန်းတောင်းခံအသုံးပြု လျှင် ပျောက်ကင်းကြောင်း သိရှိရလေသည်။

သက္ကရာဇ် ၉၄၈ ခုနှစ်တွင် အင်းဝကို မင်းပြုသော မင်းရဲကျော်စွာလက်ထက် သက္ကရာဇ် ၉၅၂ ခုနှစ်တွင် အင်းဝဒေသ၌ ငလျင်ကြီးစွာလှုပ်ခဲ့ပြီး အင်းဝ နေပြည်တော်ရှိ ရွှေစည်းခုံ၊ ဂူတော်သစ်၊ ထီးလှိုင်ရှင် စေတီများ၊ စစ်ကိုင်းဘက်ခြမ်းရှိ ဆွမ်းဦးပုညရှင်၊ ထူပါရုံစေတီများ၊ လယ် တွင်းနယ်ရှိ ရွှေသာလျောင်း၊ ရွှေဆပ်သွားစေတီများ ပြိုကျပျက်စီး ခဲ့သည်။ ကျော်စွာမင်းလည်း ပြိုကျပျက်စီးသည့် ဘုရားပုထိုးစေတီ များအား ပြုပြင်မွမ်းမံခြင်း၊ ငုံ၍အသစ်တည်ခြင်းများ ဆောင် ရွက်တော်မူသည်။ ထို့ပြင် ရှင်ပင်ဆပ်သွားစေတီတော်မြတ်အား မှူးမတ်ပရိသတ်များနှင့်အတူ လာရောက်၍ ဖူးမြော်ပြီး ညပိုင်း တွင် ဆီမီးတိုင်များ ထွန်းညှိပူဇော်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆၃ ခုနှစ် အမရပူရခေတ်တွင် ဂိုဏ်းထောက် ဆရာတော်ဦးဇိန မထေရ်မြတ်သည် မင်းသုံးပါး၏ မူလအုတ်သားစေတီကိုငုံပြီး ကျောက်သားအတိပြီးသော စေတီအဖြစ် တည်ထားပြန်လေသည်။ ဆရာတော်ကြီး၏ကျောက်သားစေတီကို ယခုအခါ မြောက်ဘက်၊ တောင်ဘက်၊ အနောက်ဘက် လိုဏ်များအတွင်းမှ ဝင်ရောက် လေ့လာကြည်ညိုနိုင်သည်။ ထို့အတူ ဆရာတော်ကြီးကိုယ်တိုင် ရေးထိုးခဲ့သည့် မှတ်တမ်း ကျောက်စာကိုလည်း စေတီတော် တောင်ဘက်တွင် လေ့လာနိုင်ပေသည်။

ထို့အတူ မြန်မာသက္ကရာဇ် ၁၂၉၃ ခုနှစ်တွင် ရသေ့ကြီး ဦးခန္တီမှ စက်ပိုင်၊ သူကြီး၊ ရပ်မိရပ်ဖများနှင့် တိုင်ပင်ပြီး ယခုဖူး တွေ့ရသည့် ကျောက်သားစေတီအား ထပ်မံတည် ထားပြန်သည်။ ထို့ပြင် မန္တလေး မဟာမုနိရုပ်ပွားတော်ကြီးနှင့် ပုံတူ ကြေးအချိန် ၁၃၅ဝ ပိဿာရှိ ရုပ်ပွားတော်မြတ်ကြီးအား ကြေးသပိတ်၊ ကြေးပန်းအိုး၊ ကြေးပလ္လင်များနှင့် အတူ သွန်းလုပ်ပူဇော်ခဲ့သည်။ သက္ကရာဇ် ၁၃၇၁ ခုနှစ် သက္ကရာဇ် ၁၃၇၂ ခုနှစ် ဒုတိယဝါဆို လပြည့်နေ့တွင် ဆရာတော်ဦးပဏ္ဍိတနှင့် ဂေါပကအဖွဲ့သည် ဆရာတော် ၇၂ ပါး အား ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်း ဆက်ကပ် လှူဒါန်းကာ ရှင်ပင်ဆပ်သွား စေတီတော်မြတ်အား ရွှေထီးတော် အသစ်တင်လှူပူဇော်ခဲ့သည်။ ရှင်ပင်ဆပ်သွားစေတီတော်မြတ် အား ကျောက်ဆည်မြို့မှ တံတားဦးလမ်းအတိုင်းလည်း ကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှ မိုင်တိုင် ၃၄၄ မိုင် ၂ ဖာ လုံမှ လည်း လာရောက်ပြီး ဝင်ရောက် ဖူးမြော်ကြည်ညိုနိုင်ကြစေ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

နိုင်ထွန်း(TGI)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071