ပါတီ(၁၀)ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်(၄၁)ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ်သတ်မှတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာချက်အမှတ်(၇ /၂၀၂၆)ဖြင့် ဧပြီ ၃ ရက်နေ့ရက်စွဲဖြင့် အသိပေးခဲ့သည်။
ပြည်သူ့ရှေ့ဆောင်ပါတီမှ(၁၂)ဦး၊ တစ်သီးပုဂ္ဂလ(၁)ဦး၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ(၁)ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ(၁၂)ဦး၊ ပြည်သူ့ပါ တီမှ(၄)ဦး၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီမှ (၁)ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ(၂)ဦး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၅)ဦး၊ မြန်မာပြည်သူဒီမိုကရစ်တစ်ပါတီမှ(၁)ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ(၁)ဦးတို့ဖြစ်သည်။
၎င်းတို့သည် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ဥပဒေသတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများထံတင်သွင်းရန်ပျက်ကွက်ခြင်းသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ (စ)အရ တရားမဲ့ပြုကျင့်မှုကျူးလွန်ခြင်းဖြစ်၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၈ (က)အရ အရည်အချင်း ပျ-က်ယွင်းသူများအဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ သတ်မှတ်ကြေညာရန် သင့်/မသင့်ဆုံးဖြတ်နိုင်ရန် UECက ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်းပြီးနောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။