Home News Local News ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာလွှတ်တော်ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌတွေ့ဆုံ  မြန်မာ-ဆားဘီးယားနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရေးအဖွဲ့ဖွဲ့စည်းရန်ဆွေးနွေး

ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာလွှတ်တော်ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌတွေ့ဆုံ  မြန်မာ-ဆားဘီးယားနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရေးအဖွဲ့ဖွဲ့စည်းရန်ဆွေးနွေး

0
72

ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံဦးသန်းထွေးနှင့် ဆားဘီးယားအမျိုး သားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာလွှတ်တော်ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ Mr. Miroslav Petrasinovic တို့ မေ ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။ 

တွေ့ဆုံစဥ် နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုခိုင်မာစေရေး၊ လွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရေးအဖွဲ့ဖွဲ့စည်းရေး၊ လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များကြား တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံပြည်သူများနှင့် အဖွဲ့အစည်းများကြား ပိုမိုနက်ရှိုင်းသောဆက်ဆံရေးတည်ဆောက်နိုင်ရေး၊ ရွေးကောက်ခံ မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်း စဉ်များအပါအဝင် ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here