Thursday, May 28, 2026

RCEP ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အဓိကထားဆွေးနွေးသည့်...

အာရ်စီအီးပီ ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အဓိကထားဆွေးနွေးသည့် 2026 အာရ်စီအီးပီ ဉာဏ်ကြီးရှင်အဖွဲ့နှင် မီဒီယာ ဒိုင်ယာလော့ဂ် ကို ယနေ့ မေလ ၂၈...

ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာလွှတ်တော်ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌတွေ့ဆုံ  မြန်မာ-ဆားဘီးယားနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား...

ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံဦးသန်းထွေးနှင့် ဆားဘီးယားအမျိုး သားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာလွှတ်တော်ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ Mr. Miroslav Petrasinovic တို့ မေ ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။  တွေ့ဆုံစဥ် နှစ်နိုင်ငံကြား...

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား...

(၈) လကျော်ကြာ ပိတ်ထားသည့် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ယနေ့ မေလ (၂၈) နံနက်ပိုင်းတွင်ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ...

ဂူထဲပိတ်မိနေသူများကယ်တင်ရန်အောက်ဆီဂျင်အိုးများပိုမိုလိုအပ် — ကယ်ဆယ်ရေးအဖွဲ့

လာအိုနိုင်ငံရှိ ဂူတစ်ခုအတွင်း ပိတ်မိနေသူ ခုနစ်ဦးကို ကယ်ထုတ်ရန် ကူညီနေသော ထိုင်းစေတနာ့ဝန်ထမ်းအဖွဲ့ ခေါင်းဆောင်က ကယ်ဆယ်ရေးမစ်ရှင်ကို အပြီးသတ်ရန်အတွက် အောက်ဆီဂျင်အိုးများကို ထပ်မံလိုအပ်မည်ဟု ကြာသပတေးနေ့တွင်...
HomeNewsLocal Newsရန်ကုန်-မော်လမြိုင် ရထားထွက်ခွာ/ဆိုက်ရောက်ချိန်များ ပြင်ဆင်ပြေးဆွဲမည်

ရန်ကုန်-မော်လမြိုင် ရထားထွက်ခွာ/ဆိုက်ရောက်ချိန်များ ပြင်ဆင်ပြေးဆွဲမည်

လာမည့် ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ​အမှတ် (၈၂)အစုန် မော်လမြိုင်-ရန်ကုန် ရထား နှင့် အမှတ် (၈၁) အဆန်ရန်ကုန်-မော်လမြိုင် ရထားများ၏ ထွက်ခွာချိန်၊ဆိုက်ရောက်ချိန်များကို ပြင်ဆင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၈၂) အစုန် မော်လမြိုင်-ရန်ကုန်ရထားသည် မော်လမြိုင်ဘူတာမှနံနက် ၇ နာရီ ၃၀မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာသို့ ညနေ ၄ နာရီ တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်၊

အမှတ် (၈၁)အဆန် ရန်ကုန်-မော်လမြိုင် ရထားသည် ရန်ကုန်ဘူတာမှ နံနက် ၇ နာရီ ၃၀ မိနစ် တွင်စတင်ထွက်ခွာမည်ဖြစ်ပြီး မော်လမြိုင်ဘူတာသို့ ညနေ ၃ နာရီ ၅၀မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

RCEP ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အဓိကထားဆွေးနွေးသည့် 2026 RCEP Think Tank and Media Dialogue ကျင်းပ

အာရ်စီအီးပီ ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အဓိကထားဆွေးနွေးသည့် 2026 အာရ်စီအီးပီ ဉာဏ်ကြီးရှင်အဖွဲ့နှင် မီဒီယာ ဒိုင်ယာလော့ဂ် ကို ယနေ့ မေလ ၂၈ ရက် နေ့က တရုတ်နိုင်ငံ၊ အန်ဟွေပြည်နယ်တွင်ကျင်းပလျက်ရှိသည်။ အာဆီယံ-တရုတ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအားမြှင့်တင်ရန်၊ အာရ်စီအီးပီ အဖွဲ့ဝင်နိုင်ငံများကြား စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု၊ ဒေသဆိုင်ရာပေါင်းစည်းမှုနှင့် မီဒီယာဆက်သွယ်ရေးပိုမိုအားကောင်းစေရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် တရုတ်နှင့် အာဆီယံနိုင်ငံများမှ ထိပ် တန်းကိုယ်စားလှယ်များကမိန့်ခွန်းများပြောကြားပြီး အန်ဟွေပြည်နယ် အစိုးရ နိုင်ငံခြားရေးရုံး ဒုတိယညွှန်ကြားရေးမှူး Peng Chuanwu က မော်ဒရေတာအဖြစ်တာဝန်ယူခဲ့သည်။ ထို့နောက် အာရ်စီးအီးပီ သုတေသနဌာန...

ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာလွှတ်တော်ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌတွေ့ဆုံ  မြန်မာ-ဆားဘီးယားနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရေးအဖွဲ့ဖွဲ့စည်းရန်ဆွေးနွေး

ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံဦးသန်းထွေးနှင့် ဆားဘီးယားအမျိုး သားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာလွှတ်တော်ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ Mr. Miroslav Petrasinovic တို့ မေ ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။  တွေ့ဆုံစဥ် နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုခိုင်မာစေရေး၊ လွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရေးအဖွဲ့ဖွဲ့စည်းရေး၊ လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များကြား တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံပြည်သူများနှင့် အဖွဲ့အစည်းများကြား ပိုမိုနက်ရှိုင်းသောဆက်ဆံရေးတည်ဆောက်နိုင်ရေး၊ ရွေးကောက်ခံ မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်း စဉ်များအပါအဝင် ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ယနေ့တွင်ပြန်လည်ဖွင့်လှစ်

(၈) လကျော်ကြာ ပိတ်ထားသည့် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ယနေ့ မေလ (၂၈) နံနက်ပိုင်းတွင်ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ယနေ့ နံနက် (၇) နာရီဝန်းကျင်က အန္တရာယ်ကင်းပရိတ်များရွတ်ဖတ်ပြီး တံတားကို ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "အန္တရာယ်ကင်းလေးရွတ်ပြီး ဖွင့်လိုက်တယ်ပေါ့။ ကားတွေကိုတော့ပေးဖြတ်ပါတယ်။ အိမ်စီးကားတော့မပါဘူး။ နဂိုက တည်းက သူက ကုန်သက်သက်ပဲ။ ပို့ကုန်သွင်းကုန်လိုင်စင်ရှိရင်တော့ သွားလို့ရပြီ"  မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မော်‌အောင်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ အရှေ့အနောက် စီးပွားရေးစင်္ကြန်လမ်း နယ်စပ်ကုန်သွယ်ရေးတွင် အဓိက ကုန်သွယ်တံတားဖြစ်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071