Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsပရိသတ်တွေ ရှေ့မှာအချိန်ကြာကြာ ပျောက်နေခဲ့တဲ့...

ပရိသတ်တွေ ရှေ့မှာအချိန်ကြာကြာ ပျောက်နေခဲ့တဲ့ ခင်ဘုဏ်း၊ ယုဇန၊ မေစံပယ်ညို နဲ့ ရေဗက္ကာဝင်းတို့ရဲ့ သီချင်း ဖန်တီးမှု အသစ်

ပရိသတ်တွေနဲ့ အချိန်ကာလ တစ်ခုကြာကင်းကွာနေပြီး၊ ဂီတပိုင်း သီချင်းပိုင်းလှုပ်ရှားမှုတွေလည်း ကျဲပါးသွားတဲ့ အမျိုးသမီးအဆိုတော် လေးဦးပေါင်းဆက်ဖန်တီးထားတဲ့ သီချင်းအသစ်တစ်ပုဒ်ကို မကြာမီ ပရိသတ်တွေထံ အရောက်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။  သူတို့ လေးဦးကတော့ ခင်ဘုဏ်း၊ ယုဇန၊ မေစံပယ်ညိုနဲ့ ရေဗက္ကာဝင်း တို့ပဲ ဖြစ်ပါတယ်။ ဒီအဆိုရှင်လေးဦးတို့ ပါဝင်သီဆိုတဲ့ သီချင်းလေးက ဘယ်လို ထူးခြားမှု တွေရှိမလဲဆိုတာ မေးမြန်းကြည့်တော့

“ခင်ဘုဏ်းတို့ သူငယ်ချင်းလေးယောက်စုပြီးသီချင်းလေးတစ်ပုဒ်ထွက် ရှိပါမယ်။ အဲဒီသီချင်းလေးက တကယ်တော့ ရိုးရိုးအချစ်သီချင်းလေးပါ။ ခင်ဘုဏ်းတို့လေးယောက် စကားပြောကြမိတဲ့အချိန်မှာ ခင်ဘုဏ်းစဉ်းစားထား တဲ့သီချင်းလေးတစ်ပုဒ်ရှိတယ်လို့ ပြောပြတယ်။ မယုက Idea လေးလည်း ကောင်းတယ်ဆိုပြီး ပြောပြတော့ လေးယောက်သီဆိုဖို့ဆိုပြီး သီချင်းလေး ခင်ဘုဏ်းရေးဖြစ်ခဲ့ပါတယ်။ ရေးပြီးပြကြည့်တော့လည်း အားလုံးက သီချင်း လေးကိုကြိုက်ကြပါတယ်။ တကယ်ဆိုရင် ဒီလေးယောက်ရဲ့အသံ၊ သီချင်းဆိုတဲ့ ပုံစံတွေက တစ်ယောက် နဲ့တစ်ယောက်မတူကြဘူး။ တစ်ယောက်ချင်းစီရဲ့ ထူးခြားတဲ့ ပုံစံလေးတွေပေါ်မှာမူတည်ပြီး ပေါင်းစပ်မှုလေးတွေ ပြုလုပ်ထား ပါတယ်။ အမြန်ဆုံးလည်း ပရိသတ်လက်ထဲကို ထည့်နိုင်အောင် ကြိုးစားနေပါ တယ်” လို့ ခင်ဘုဏ်း ကပြောပြပါတယ်။  အမေရိကားမှာအခြေချနေ ထိုင်လျက်ရှိတဲ့ အဆိုတော်ခင်ဘုဏ်းက လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ ခေတ္တရောက်ရှိနေပြီး သီချင်းပိုင်း လှုပ်ရှားမှုတွေကို လုပ်ဖြစ်နေပါတယ်။ ခင်ဘုဏ်းရဲ့ ပရိသတ်တွေအတွက် လညှ်းငညါူနှသညါ တွေ ၂ဝ၁၈ခုနှစ်ထဲမှာထွက်ရှိလာမယ့်အကြောင်း ကိုတော့…

“ခင်ဘုဏ်းနောက်ထပ် သုံးလလောက်မြန်မာနိုင်ငံမှာနေဦးမှာပါ။ အဲဒီ အချိန်အတွင်းမှာလည်း အစ်မတတ်နိုင်တဲ့ အနုပညာလှုပ်ရှားမှုလေး တွေ လုပ်သွားမယ်။ နောက်ပြီး ခင်ဘုဏ်းတစ်ယောက်တည်း သီဆို ထားတဲ့ Single Song လေးတစ်ပုဒ်ကိုလည်း MTV နဲ့တွဲပြီးတော့ ပရိ သတ်တွေဆီကို အရောက်ပို့ပေး ဦးမှာပါ။ နောက်ဆက်တိုက် Single သီချင်းလေးတွေထွက် သွားမယ်။ ပြီးရင် အယ်လ်ဘမ်တစ်ခုလုံးထွက်မယ်လို့စဉ်းစားထားပါတယ်။ သီချင်းလေးတွေ တစ်ပုဒ်ချင်းစီစဉ်နေတာကလည်း ခင်ဘုဏ်းပရိသတ်ကို သီချင်းလေးတွေမပေးတာ ကြာနေပြီ။ ဒါ ကြောင့် သီချင်းထဲကနေပဲ ခင်ဘုဏ်း ပရိသတ်ကိုနှုတ်ဆက်တဲ့ သဘောနဲ့၊ ပရိသတ်တွေနဲ့ ရင်းနှီးမှုရအောင် ကြိုးစား ပြီး သီချင်းလေးတွေဖန်တီးနေပါတယ်” လို့ခင်ဘုဏ်းကပြောပြပါတယ်။ ခင်ဘုဏ်းအနေနဲ့လည်း မြန်မာနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်သွားမလား ဆိုတာကိုမေးမြန်းတော့…

“မြန်မာနိုင်ငံမှာလည်း ပြန်လည်ခြေချဖို့ ခင်ဘုဏ်းကြိုးစားသွားမှာပါ။ အခု လောလောဆယ်မှာမလုပ်နိုင်သေး ပေမယ့် တဖြည်းဖြည်းအခြေချနိုင် အောင်တော့လုပ်နေပါတယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071