ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ (၃၂)လမ်း (အထက်)၊ ဆူးလေရှန်ဂရီလာဟိုတယ် အနောက်ဘက်ရှိ 32 Beauty Land Hotel တစ်ခုတွင် အမျိုးသမီးတစ်ဦး အသ-တ်ခံရကြောင်း စုံစမ်းမေးမြန်းချက်များအရ သိရသည်။
32 Beauty Land Hotel ရှိ အခန်နံပါတ် (၅၀၂)မှ အမျိုးသမီးတစ်ဦးအား ဓားဖြင့်အပိုင်းပိုင်း ခု-တ်ဖြ-တ်ပြီး အလေ-ာင်းကို ပလတ်စတစ်အိတ်အပြာဖြင့် ထုတ်ကာ အခန်းအပြင်ဘက်ရှိ လေအေးပေးစက်ယူနစ်များတင်သည့်စင်ပေါ်တွင်တင်ထားရာ ယင်းအမျိုးသမီး၏အလေ-ာင်းကို ယနေ့နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” လူသ-တ်မှုဖြစ်တာတော့ ဟုတ်တယ်။ မနက်ကမှ တွေ့တာ။အခုတော့ ရဲတွေစစ်နေတယ်”ဟု ဟိုတယ်အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဟိုတယ်ကို ပိတ်ထားပြီး ပန်းပဲတန်းရဲစခန်းမှတာဝန်ရှိသူများက စစ်ဆေးနေသည်ကို မြင်တွေ့ခဲ့ရသည်။
