Monday, September 21, 2026

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ...

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင်...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား...

Smart Agriculture အဖြစ်ဖော်ဆောင်ရာတွင် နည်းပညာသည်တောင်သူများအတွက်...

လယ်ယာကဏ္ဍကိုသမားရိုးကျ ထုတ်လုပ်မှုစနစ်ကနေ ခေတ်မီထိရောက်ပြီးရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုစနစ်ကူးပြောင်းဖို့အထူးလိုအပ်ပါတယ်။ လယ်ယာကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။ နည်းပညာဟာတောင်သူတွေအတွက် အပိုကုန်ကျစရိတ်တစ်ခုမဖြစ်သင့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျော့ချပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။ စီးပွား‌ရေးအကျိုးမြတ်တစ်ခုတည်းကိုမကြည့်ဘဲ စားရေရိက္ခာဖူလုံရေးကိုလည်း အခြေခံမူဝါဒအဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရကမူဝါဒနဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း၊...
HomeCelebrities' Newsပညာရေးကို စိတ်ဝင်စားတဲ့ အတွက်Ph.Dတက်ဖို့...

ပညာရေးကို စိတ်ဝင်စားတဲ့ အတွက်Ph.Dတက်ဖို့ စဉ်းစားနေသူခင်သဇင်

အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်နေသလို ပညာရေးဘက်မှာလည်း အကောင်းဆုံး ကြိုးစားနေတဲ့ ခင်သဇင်က MBA ဘွဲ့ကိုလည်း ရရှိထားသူပါ။ MBA ဘွဲ့ရပြီးရင်ပညာဆက်မသင်တော့ ဘူးလို့ ရည်ရွယ်ထားပေမယ့်လည်း အခုလက်ရှိမှာတော့ Ph.D ဘွဲ့ရအောင် ထပ်ကြိုးစားဖို့အတွက် စိတ်ကူးရှိနေပါသေးတယ်။


”Ph.D တက်ဖို့ သဇင်လိုက်စုံစမ်းနေတယ်။ တချို့ကလည်း သဇင့်ကို တားတယ်။ ဇာတ်ကားတွေရိုက်ကူးနေရတုန်းမှာ ပညာရေးကို ခဏလောက်ရပ် ထားပါဦး။ သဇင်ကပညာရေးကို ဝါသနာပါတယ်။ သဇင်ဝါသနာပါတာတွေက အများ ကြီးဖြစ်နေတာပေါ့။ အချိန်စီမံခန့်ခွဲဖို့ တွေ လုပ်ရမှာပေါ့။ Ph.D တက်ရင်ကောင်းမလား မကောင်းဘူးလားဆိုတာ နေ့တိုင်းစဉ်းစားဖြစ်နေတဲ့အရာ ပေါ့။ ကျောင်းတက်ရင် အနုပညာဘက်မှာ ထိခိုက်နစ်နာ သွားမလား။ MBA တက်တဲ့ ၂ နှစ်တောင်မှ အနုပညာလောကနဲ့ နည်းနည်း အလှမ်းဝေးသွားတယ်။ Ph.D အ့နျငျ လုပ်တဲ့အချိန်မှာ အနုပညာအလုပ်တွေနဲ့ဆိုရင် အာရုံ စိုက်နိုင်ပါ့မလားဆိုပြီး တွေးပူမိ တယ်” လို့ ခင်သဇင်က ပြောပါတယ်။

ချစ်ရမှာကြောက်တယ်လို့ ဆိုထားတဲ့ ခင်သဇင်က ကိုယ်ချစ်ရ မယ့်သူကို သိပ်မကြာခင်က တွေ့ခဲ့ပေမယ့် အခုအချိန်မှာ အဆင်မပြေတော့တာကြောင့် အချစ်ကို ခဏဘရိတ်အုပ်ထားတယ်လို့ ဆိုပါတယ်။ ကိုယ်အရမ်းချစ်တဲ့သူနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားခဲ့ရတယ်လို့ဆိုတဲ့ ခင်သဇင်က…

”အနေတော့ဝေးတယ်။ သူလည်း ကိုယ့်ကိုယ်အရမ်းချစ်ပါတယ်။ ကိုယ့်ဘဝမှာ ကိုယ်ကြိုက်တဲ့ချစ်နည်းပုံစံ၊ ကိုယ့်ကိုချစ်တဲ့ချစ်နည်းပုံစံနဲ့ ချစ်ပြခဲ့တယ်။ ချစ်ပေးခဲ့တယ်။ ကိုယ့်စိတ်နဲ့ပဲ အသက် ရှင်ပြီးတော့ ကိုယ်နဲ့ ချစ်နေတဲ့ အချိန်မှာ နေသွားခဲ့တယ်။ အဲဒီအတွက်ကို သဇင်တအား သဘောကျကျေနပ်ပါတယ်။ ကိုယ့်ဘဝကိုလည်း သူအရမ်းနားလည် ပေးတယ်။ ကိုယ့်ကိုလည်း တအား စိတ်ရှည်တယ်။ ကိုယ့်ကို လည်း တအား အနွံတာခံတယ်။ ဒါပေမဲ့ သဇင်သူ့ကို အချိန်မပေးနိုင်ခဲ့ ဘူး။ သူ့ဘက်က စိတ်မကောင်းတာလေး တွေရှိတယ်။ ဝမ်းနည်း တာလေးတွေ ရှိတယ်။ သူ့ဘက်ကကိုယ့်ကို အရမ်းခင်တွယ်ပြီး တအားချစ်လာတဲ့အခါမှာ ကိုယ့်ဘက် ကအပြစ်ရှိ သလိုခံစား လာရတယ်။ ကိုယ့် သူ့လောက်လည်း မလုပ်ပေးနိုင်ဘူး။ သူ့လောက် လည်း မချစ်ပေးနိုင် ဘူး။ ကိုယ့် မှာအချိန်လည်း မပေးနိုင်ဘူး။ တအားလည်း အားနာလာ တယ်။ အဲဒီအခါမှာ သူအဆင်ပြေသလို နေပါ။ ကိုယ့်အတွက် တအားအပင်ပန်းမခံပါနဲ့။ ကိုယ်က ဒီလောက်ထိ အချစ်ရေးကိုအချိန်တွေ ပေးပြီး တအားချစ်ရဖို့အတွက် ကိုယ့်ဘဝ အခက်အခဲရှိတယ်။ ကိုယ့်ဘဝကို ကြိုးစားနေတယ်။ ရုန်းကန်နေတယ်။ ကိုယ့်မှာအိပ်မက်တွေ အများကြီးရှိ တယ်။ ကိုယ့်ဘဝက သူ့လောက်ကြီး အဆင်မပြေနေဘူး။ သူ့ဘဝနဲ့သူ၊ ကိုယ့်ဘဝနဲ့ကိုယ်ပဲ ကောင်းပါတယ်ဆိုပြီး ဘရိတ်လုပ်ထားတယ်” လို့ ပြောပါတယ်။


မိန်းကလေးတစ်ယောက်အနေ နဲ့ အချစ်ခံရတာကိုလည်း သဘော ကျသူပါ။ တစ်ခါတလေကျရင် အချစ်ရှိနေလို့လည်း မသာယာတဲ့ အချက်တွေအများကြီးရှိတယ်လို့ ဆိုတဲ့ ခင်သဇင်က…

”သဇင်တို့လို အလုပ်များပြီး တော့ လောကကြီးကို သိချင်တာတွေ တတ်ချင်တာတွေ တအားများတဲ့ လူတွေကျတော့ အချစ်က ကိုယ့်ကို နောက်ကို ပြန်ဆွဲနေသလိုပဲ။ ဥပမာ ကိုယ်က နိုင်ငံခြားကို ရှုတင်လေး နားတုန်း ၂လ မှာ ကျောင်းသွားတက် ချင်တယ်ဆိုရင် မသွားပါနဲ့ သူ့ကို ထားသွားတော့မလို့လားဆိုတဲ့ မေးခွန်းတွေ၊ ဥပမာ ကိုယ်ကနယ်ကို သွားပြီး ဇာတ်ကားသွားရိုက်ကူးရမယ် ဆိုရင် နယ်ကိုသူကလိုက်ချင်တာ။ လိုက်လို့မရဘူး ဆိုတဲ့အခါသဇင်က အချစ်ခံရ တာတော့ ပျော်ပေမယ့် လည်း တစ်ခါတလေ သူ့ကို အားတုံ့ အားနာ ဖြစ်နေ တာကသဇင့် အတွက် အလုပ်တစ်လုပ်ဖြစ်နေတယ်။ အချစ် ရေးနဲ့ ပတ်သက် ရင် ကိုယ့်ကိုအချိန်မပေးပြန်ရင်လည်း မကြိုက်ပြန်ဘူး။ ကိုယ့်နောက်ကို တစ်ချိန်လုံးလိုက်ကပ်မယ်ဆိုရင် လည်းမကြိုက်ပြန်ဘူး။ အဲဒီလိုဖြစ်နေတော့ အချစ်ကခေါင်းတော့ရှုပ်တယ်။ ဒါပေမဲ့ အချစ် တော့ခံချင်တယ်” လို့ပြောပြခဲ့ပါ တယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ ထွက်ပေါ်

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။ အမျိုးသမီးနှစ်ယောက်တွဲ (Women Double) ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) ၌ မလေးရှား၊ ဗီယက်နမ်နှင့် လာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲကို စက်တင်ဘာ ၂၈ ရက်၊ ဗိုလ်လုပွဲကို စက်တင်ဘာ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် သရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ ပွဲစဉ် ပထမပိုင်းနှင့် ဒုတိယပိုင်း ပြီးဆုံးချိန်အထိ ပြိုင်ဖက်နှစ်သင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ သရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းမှာ အုပ်စုတွင်း ၃ ပွဲကစား ၂ ပွဲရှုံး၊ ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ထားပြီး အုပ်စုအဆင့်ဖြင့်သာ ကျေ နပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု အဖွင့်ပွဲစဥ်တွင် တောင်ကိုရီးယားအသင်းကို ၅ ဂိုးပြတ်၊...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့သတိပေး

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား ရောက်လှူဒါန်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်ကောက်ခံခြင်းများပြုလုပ်နေခြင်းများကို တွေ့ရှိနေရကြောင်း အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးခဲ့သည်။ ထို့ကြောင့် အလှူအတန်းများနှင့်ပတ်သက်၍ ဆရာတော်ကြီးထံတိုက်ရိုက်လျှောက်ထားပြီး ဆရာတော်ကြီးခွင့်ပြုသည့် အလှူကိစ္စရပ်များမှလွဲ၍ တဆင့်လှူဒါန်းရန် ငွေကြေးကောက်ခံခြင်း၊ ပါဝင်လှူဒါန်းခြင်းများလုံးဝ (လုံးဝ)မပြုလုပ်ကြပါရန် ဆရာတော်ကြီး၏ တိုက်ရိုက်ညွှန်ကြားချက်အရ အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071