လားရှိုး၊ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားခဲ့သည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲကို ယနေ့ စက်တင်ဘာ ၂၁ ရက်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရိုးမဘဏ်က ထုတ်ပြန်ထားသည်။
ပြန်လည်ဖွင့်လှစ်သည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲသည် လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းထောင့်တွင် တည်ရှိသည်။
အဆိုပါဘဏ်ခွဲတွင် ငွေသွင်း၊ ငွေထုတ်ခြင်းအပါအဝင် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ယနေ့မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
