နီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံကြက်ခြေနီအ သင်းသို့ လှူဒါန်းသည့် ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေး နှစ်သန်းအနက် ပထမအသုတ် တစ် သန်းရောက်ရှိ
ဂျပန်နိုင်ငံ၊နီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံ၏ ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ် ငန်းများ၌အသုံးပြုရန်လှူဒါန်းသည့် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး နှစ်သန်းအနက် ပထမအ သုတ် တစ်သန်းသည် ဇန်နဝါရီ ၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
ရောက်ရှိလာသည့် WHO အသိအမှတ်ပြု အိန္ဒိယနိုင်ငံထုတ် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး Covaxin ပထမအသုတ် တစ်သန်းအား ရန်ကုန်လေဆိပ်ရှိ VIP ခန်းမဆောင်၌ နီပွန်ဖောင်ဒေးရှင်းမှတာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့သည်။
“ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မြန်မာနိုင်ငံကိုရောက်ပြီး မြန်မာနိုင်ငံမှာကိုဗစ် (၁၉)ရောဂါကာကွယ်ဆေး မလုံလောက်သေးဘူးဆိုတာကိုသိရတာနဲ့ လိုအပ်တဲ့နေရာတွေမှာကာ ကွယ်ဆေးထိုးပေးနိုင်ဖို့အတွက် အခုလို ကာကွယ် ဆေး နှစ်သန်းကိုလှူဒါန်းတဲ့အထဲက ဒီနေ့မှာ ပထမအသုတ် တစ်သန်းကိုလွှဲပြောင်းလှူဒါန်းတာပါ”ဟု နီပွန်ဖောင်ဒေးရှင်း၏ Executive Director ဖြစ်သူ Mr,Yuji Mori ကပြောသည်။
နီပွန်ဖောင်ဒေးရှင်းမှလှူဒါန်းသည့် ကိုဗစ်(၁၉)ရော ဂါကာကွယ်ဆေး ဒုတိယအသုတ် တစ်သန်းသည် ဇန်နဝါရီ ၂၃ ရက်၌ထပ်မံရောက်ရှိလာမည်ဖြစ် သည်။
“နီပွန်ဖောင်ဒေးရှင်းကလှူဒါန်းတဲ့ ကိုဗစ်(၁၉)ရော ဂါကာကွယ်ဆေးတွေကို ဝေးလံတဲ့နေရာတွေက တိုင်းရင်းသားတွေဆီကိုရောက်ဖို့အတွက် ကျွန် တော်တို့ ကြက်ခြေနီအသင်းက ကြိုးစားသွားမှာပါ အများဝိုင်းလုပ်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေနေတဲ့နေရာအထိပို့ပေးနိုင်မှာပါ”ဟု မြန်မာနိုင် ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်ကပြောသည်။
Zaw Gyi
နီပြန္ေဖာင္ေဒးရွင္းမွ ျမန္မာႏိုင္ငံၾကက္ေျခနီအ သင္းသို႔ လႉဒါန္းသည့္ ကိုဗစ္(၁၉)ေရာဂါကာ ကြယ္ေဆး ႏွစ္သန္းအနက္ ပထမအသုတ္ တစ္ သန္းေရာက္ရွိ
ဂ်ပန္ႏိုင္ငံ၊နီပြန္ေဖာင္ေဒးရွင္းမွ ျမန္မာႏိုင္ငံ၏ ကိုဗစ္(၁၉)ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ ငန္းမ်ား၌အသုံးျပဳရန္လႉဒါန္းသည့္ ကိုဗစ္(၁၉) ေရာဂါကာကြယ္ေဆး ႏွစ္သန္းအနက္ ပထမအ သုတ္ တစ္သန္းသည္ ဇန္နဝါရီ ၉ ရက္ေန႔တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိခဲ့သည္။
ေရာက္ရွိလာသည့္ WHO အသိအမွတ္ျပဳ အိႏၵိယႏိုင္ငံထုတ္ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆး Covaxin ပထမအသုတ္ တစ္သန္းအား ရန္ကုန္ေလဆိပ္ရွိ VIP ခန္းမေဆာင္၌ နီပြန္ေဖာင္ေဒးရွင္းမွတာဝန္ရွိသူမ်ားက လႊဲေျပာင္းေပးအပ္ခဲ့သည္။
“ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက ေဖာင္ေဒးရွင္း ဥကၠ႒ ျမန္မာႏိုင္ငံကိုေရာက္ၿပီး ျမန္မာႏိုင္ငံမွာကိုဗစ္ (၁၉)ေရာဂါကာကြယ္ေဆး မလုံေလာက္ေသးဘူးဆိုတာကိုသိရတာနဲ႔ လိုအပ္တဲ့ေနရာေတြမွာကာ ကြယ္ေဆးထိုးေပးႏိုင္ဖို႔အတြက္ အခုလို ကာကြယ္ ေဆး ႏွစ္သန္းကိုလႉဒါန္းတဲ့အထဲက ဒီေန႔မွာ ပထမအသုတ္ တစ္သန္းကိုလႊဲေျပာင္းလႉဒါန္းတာပါ”ဟု နီပြန္ေဖာင္ေဒးရွင္း၏ Executive Director ျဖစ္သူ Mr,Yuji Mori ကေျပာသည္။
နီပြန္ေဖာင္ေဒးရွင္းမွလႉဒါန္းသည့္ ကိုဗစ္(၁၉)ေရာ ဂါကာကြယ္ေဆး ဒုတိယအသုတ္ တစ္သန္းသည္ ဇန္နဝါရီ ၂၃ ရက္၌ထပ္မံေရာက္ရွိလာမည္ျဖစ္ သည္။
“နီပြန္ေဖာင္ေဒးရွင္းကလႉဒါန္းတဲ့ ကိုဗစ္(၁၉)ေရာ ဂါကာကြယ္ေဆးေတြကို ေဝးလံတဲ့ေနရာေတြက တိုင္းရင္းသားေတြဆီကိုေရာက္ဖို႔အတြက္ ကြၽန္ ေတာ္တို႔ ၾကက္ေျခနီအသင္းက ႀကိဳးစားသြားမွာပါ အမ်ားဝိုင္းလုပ္မယ္ဆိုရင္ေတာ့ တိုင္းရင္းသားေတြေနတဲ့ေနရာအထိပို႔ေပးႏိုင္မွာပါ”ဟု ျမန္မာႏိုင္ ငံၾကက္ေျခနီအသင္း ဥကၠ႒ေဒါက္တာေမာင္ေမာင္ျမင့္ကေျပာသည္။
