Thursday, August 6, 2026

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

မိုးကုတ်မြို့တွင် ရေဝင်ရောက်နေသည့် နေရာ(၈)ခု၌နေ ထိုင်သူများကို...

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်တရားဝင်ခရီးစဉ်(Official Visit)အဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်နှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က...

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...
HomeMoviesEV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင်...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဖိတ်ခေါ်

ဗန်ကောက်၊ ဩဂုတ် ၆

သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်သည်။

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတက ယနေ့ ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့ရှိ Queen Sirikit National Convention Center ၏ Plenary Hall ၌ ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ တွင် မိန့်ခွန်းပြောကြားစဉ် ယင်းသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကြွယ်ဝသော သဘာဝအရင်းအမြစ်များနှင့် စီးပွားရေးအလားအလာကောင်းများ ပိုင်ဆိုင်ထားကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အလေးထားဖိတ်ခေါ်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လယ်ယာအခြေခံကုန်ထုတ်လုပ်ငန်းတွေ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်လိုပါတယ်။ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ EV ယာဉ်ထုတ်လုပ်ရေး၊ ဘိလပ်မြေနဲ့ သံမဏိထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအခြေခံ တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်ရေး၊ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေ ထုတ်လုပ်ရေးလုပ်ငန်းတွေကိုလည်း အားပေးဖိတ်ခေါ်နေပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ပြင် ပြည်တွင်းကုန်ကြမ်းများကို အခြေခံသည့် အဆင့်မြင့်ရာဘာထုတ်လုပ်ရေး၊ ရာဘာအခြေခံပရိဘောဂနှင့် မော်တော်ယာဉ်တာယာထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးဆောင်ရွက်လျက်ရှိရာ အဆိုပါကဏ္ဍများ၌လည်း ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းကောင်းများရှိကြောင်း ပြောကြားသည်။

“ထိုင်းနိုင်ငံဟာ အဆင့်မြင့်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ထွန်းကားတဲ့နိုင်ငံဖြစ်တာကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍမှာလည်း လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ချိတ်ဆက်မှုသည် အလွန်အရေးပါကြောင်း၊ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် နှစ်နိုင်ငံကုန်သွယ်မှုကိုသာမက ဧရာဝတီ–ကျောက်ဖရား–မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) နှင့် အာဆီယံစီးပွားရေးစင်္ကြံတို့ကိုပါ ဖွင့်လှစ်ပေးမည့် အဓိကသော့ချက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ကြောင့် မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်းစသည့် နယ်စပ်ဒေသများရှိ နယ်စပ်စီးပွားရေးဇုန်များ၊ ကုန်စည်ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းကောင်းများရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ ကကျသည့်အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen Sirikit National Convention Center ရှိ Plenary Hall တွင်ကျင်းပသော မြန်မာ-ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ ၌အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပုံစံဟာ နှစ်နိုင်ငံစီးပွားရေးကို အထောက်အကူပြုရုံသာမကဘဲ ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် နယ်နမိတ်ချင်းထိစပ်နေရုံသာမက စီးပွားရေး၊...

မိုးကုတ်မြို့တွင် ရေဝင်ရောက်နေသည့် နေရာ(၈)ခု၌နေ ထိုင်သူများကို မီးသတ်တပ်ဖွဲ့က ရေဘေးလွတ်ရာရွှေ့ ပြောင်းပေး

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊ နယ်မြေ(၈)၊ မြို့မရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်တို့ရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ဆပါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာအဖွဲ့အစည်းများက ည ၆ နာရီ ၄၅ မိနစ်ခန်မှစတင်ကာ ရေဝင်ရောက်နေသည့်နေအိမ်များတွင်နေထိုင်သူများအား ရေဘေးလွတ်ကင်းသော နီးစပ်ရာဆွေမျိုးများအိမ်သို့ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်တရားဝင်ခရီးစဉ်(Official Visit)အဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်နှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က ယနေ့ သြဂုတ် ၆ ရက်ညပိုင်းတွင် ထိုင်းနိုင်ငံအစိုးရအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့သည်။ ဂုဏ်ပြုညစာမသုံးဆောင်မှီနှင့် ဂုဏ်ပြုညစာသုံးဆောင်နေချိန်တို့တွင် ထိုင်းနိုင်ငံ ယဥ်ကျေးမှုအဖွဲ့များက သီဆိုဖျော်ဖြေမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071