လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် လာအိုနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သည့် လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတ၏ လွန်ပရာဘန်ခရီးစဉ်အတွင်း ဒေသဆိုင်ရာ ယဉ်ကျေးမှုနှင့် သမိုင်းဝင်အမွေအနှစ်နေရာများကို လေ့လာကြည့်ရှုခြင်းနှင့် မြန်မာ-လာအို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဖလှယ်မှုများ ပိုမိုမြှင့်တင်နိုင်ရေးဆိုင်ရာ အစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
