ရှမ်းပြည်နယ်၊ နမ့်စန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ စက်တင်ဘာ ၅ ရက်နံနက် ၈ နာရီခန့်မှစ တင်ကာ နမ့်လတ်ချောင်းရေမြင့်တက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နမ့်လတ်ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေးရှိ အမှတ်(၁)၊ (၃)၊ (၄)ရပ်ကွက်တို့ရှိနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
