Friday, June 26, 2026

ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် မီးရှို့ဖျ-က်ဆီး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးလေ ဆိပ်ဟောင်းတွင် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ (၃၉)ကြိမ်မြောက်...

စားအုန်းဆီအခြေခံလက်ကားဈေး ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျ

ယနေ့ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ(တစ်ပတ်တာ) အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ ယခု...

ဇွဲကပင်တောင် အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ဒဏ်ငွေ...

ကရင်ပြည်နယ်၏ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်သည့် ဇွဲကပင်တောင် အတက်/အဆင်းလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ငွေဒဏ် ၅၀,၀၀၀ ကျပ် ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။ ဇွဲကပင်တောင်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ခရီးသွားဒေသ၏...

EPS စနစ်ဖြင့် စေလွှတ်သည့် မြန်မာအလုပ်သမား...

အခက်အခဲကြုံတွေ့ပါက မြန်မာသံရုံးသို့ ချက်ချင်းဆက်သွယ်ရန် သံအမတ်ကြီးမှာကြား အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမားများသည် ဇွန် ၁၆...
HomeArticlesနတ္မ်က္စိ၏ မွတ္စုမ်ား ၄

နတ္မ်က္စိ၏ မွတ္စုမ်ား ၄

qnist

နတ်မျက်စိသည် တန်ခိုးရှင်ဖြစ်ပါလျက် ကယ်နှင့် စိတ်ချမ်း မြေ့ဖွယ် မကောင်းလှသော မိမိဘဝအကြောင်း တောင်တွေး၊ မြောက်တွေး၊ တွေးမိ ရာက လွန်ခဲ့သော နှစ်ငါး ဆယ်ခန့်က ကြည့်ဖူးခဲ့သော အမေရိကန် ရုပ်ရှင်ဇာတ်ကား တစ်ကားအကြောင်းကို သတိရလာမိသည်။ ရုပ်ရှင်၏အမည်မှာ The Man With The X-ray Eyes (ဓာတ်မှန်မျက်လုံးနဲ့လူ)ဖြစ်သည်။ ဇာတ်လိုက်မင်းသားကြီး Ray Millan သည် မျက်လုံးခွဲစိတ် ကုသရာကထူးကဲသော အမြင်စွမ်းအင်တွေ ရရှိလာပြီး လူတွေကို ကြည့်လျှင် အသွေးအသား အရေ ပြားတွေကို ဖောက်ထွင်းကာ အရိုးစုသဏ္ဌာန်အဖြစ်သာ မြင် နေရတော့သည်။ ထိုစက္ခု အာရုံမျိုးနှင့် အလှတရား တို့ကို မည်သို့လျင် ခံစား နိုင်စွမ်းအံ့နည်း။ ဗုဒ္ဓဘာသာ ဝင်ဆိုလျင်တော့ မရဏ နုဿတိပွားများပြီး အရိုး စုကမ္မဌာန်းစီးဖြန်းနေ ခြင်းဖြင့် တရားထူးပင် ရကောင်းရနိုင်မည် မဟုတ်ပါလား။ ရုပ်ရှင်ဇာတ်ကားထဲမှ အမေရိကန် မင်းသားကား ဓာတ်မှန်မျက်စိ ရရှိခဲ့ ခြင်းကြောင့် ဝမ်းမသာနိုင်ဘဲ အကြီး အကျယ် စိတ်ဆင်းရဲခဲ့ရရှာသည်။ လူတွေကို လူတွေလိုမှ မမြင်နိုင် တော့ဘဲကိုး။

နတ်မျက်စိခမျာမှာလည်း စိတ်ရှိသလောက် သိဒ္ဓိပေါက်နိုင်သော ဒိဗ္ဗစက္ခုရရှိထားသည့်တိုင် အမြီး အမောက်မတည့်တာတွေချည်းတွေ့ရမြင်ရဖန်များလာသောကြောင့် ကိုယ့်မျက်စိနှင့်ကိုယ် စိတ်ညစ်ညူး နေရရှာသည်။ မျက်စိနောက်စရာ မြို့ပြကိုစွန့်ခွာ၍ ကျေးလက်သို့ သွားနေမည်ဟု စိတ်ကူးမိလေသည်။ မြစ်ဝကျွန်းပေါ် ကျေးလက် ဒေသသို့ ရောက်သော် နတ်မျက်စိ သည် သူဝသီအတိုင်း မြို့ရောက် တောသားမျက်လုံးကဲ့သို့ ဟိုဟိုသည် သည် တောင်ကြည့်၊ မြောက်ကြည့် လျှောက်ကြည့်သည်။ အိမ်တစ်လုံး၏ နောက်ကျောဘက် ငှက်ပျောတော ထဲရှိ တဲတစ်လုံးအတွင်းမှ မြင်ကွင်း က နတ်မျက်စိကို ညှို့ယူထားလိုက် သည်။ “ဘာလုပ်နေတာပါလိမ့်” ဟု တွေးကာ နတ်မျက်စိသည် တဲအနီးသို့ ချဉ်းကပ်သွားသည်။

တဲအတွင်း၌အမျိုးသမီးတစ် ယောက် အလုပ်များလျက်ရှိသည်။ ဧရာမပလတ်စတစ်ဇလားကြီး တစ်လုံးထဲမှ အနံ့တထောင်း ထောင်း ထွက်နေသော ငဆနှယ် (ငါးဆား နယ်)များကို လက်နှစ်ဘက်နှင့် ကြုံးယူကာ အနီးရှိသစ်သားဆုံ ကြီးတစ်ခုထဲသို့ ထည့်သည်။ တဖန် အနီးရှိ လယ်သမားသုံး “ပုလဲ’ (ခေါ်) ဓာတ်မြေသြဇာအိတ်ကြီးထဲမှ ဖြူဖြူ ဖွေးဖွေး ဓာတ်မြေသြဇာမှုန့်များကို ဒန်ဇွန်းကြီးတစ်ချောင်းဖြင့် ကော်ယူ ကာ ငဆနှယ်များပေါ်သို့ ဖြူးချလိုက် သည်။ ပြီးလျှင် သစ်သားကျည်ပွေ့ ကြီးဖြင့် ငဆနှယ်နှင့် ပုလဲပေါင်းစပ် ရောနှော (သမ) သွားအောင် သစ်သားကျည်ပွေ့အရှည်ကြီးဖြင့် တဒုတ်ဒုတ်၊ တဘုတ်ဘုတ် ထောင်း တော့သည်။ “အောင်မလေး ဘုရား၊ ဘုရား တောက်ကျိုးတော့ နည်းကုန်ပါပြီဗျာ’ ဟု နတ်မျက်စိက အလန့်တကြား မြည်တမ်းလိုက်သော်လည်း ငါးပိသည်မက မကြားဘဲ ထောင်းမြဲ ထောင်း၊ ထုမြဲထုနေလျက်ရှိ၏။ ထိုအချိန်တွင် အဘွားကြီး တစ်ယောက် တဲထဲသို့ ဝင်လာကာ ငါးပိသည်မ ထုပုံထောင်းပုံကို ငေး ကြည့်နေသည်။

” ဆားနဲ့သိပ်ထားရင်လည်း အချိန်တန်တော့ ငါးပိဖြစ်သွားတာ ပါပဲ သမီးရယ်။ အမေတို့ ဘိုးဘွား တွေလက်ထက်ကတည်းက အမေတို့ ခေတ်အထိ ရိုးရာမပျက် ငါးပိလုပ် ခဲ့ကြတာပါ။ ညည်းတို့လက်ထက်ကျ မှပဲ ငါးပိထဲကို ဓာတ်မြေသြဇာထည့် ရတယ်လို့။ ကြုံဖူးပေါင်၊ ကြားဖူး ပေါင်တော်”ဟု အဘွားကြီးက ဗျစ်တီးဗျစ်တောက်လုပ်သည်ကို ငါးပိသည်မက မျက်ဇောင်းထိုးကြည့်သည်။

“အမေတို့ခေတ်က နိုင်တီးဂွမ်တီးမှာ ကျန်ခဲ့ပြီ”
“ညည်းကငါ့ကို ဆဲတာလား အေ့’
“ခက်လိုက်တာ အမေရယ်။ အမေတို့ငါးပိလုပ်တဲ့နည်းတွေက ခေတ်ကုန်သွားပြီလို့ သမီးပြောတာပါအမေရယ်”
“ငါးပိထဲ ဓာတ်မြေသြဇာတွေထည့်တယ်ဆိုတော့ စားတဲ့သူတွေ အူတွေဘာတွေ ပြတ်မထွက်ကုန်ဘူးလားတော်” ဟု အဘွားကြီးက ခုနှစ်သံချီဟစ်ပြန်သည်။
“ဘာမှမဖြစ်လို့ တစ်ပြည်လုံး စားနေကြတာပဲ။ ဆယ်နှစ်ဆယ်မိုး မကတော့ပါဘူး အမေရယ်။ ဓာတ် မြေသြဇာထည့်လိုက်ခြင်းအားဖြင့် ငါးပိမြန်မြန်ဖြစ်သွားတယ်။ ငါးပိ အနပ်မြန်တာပေါ့။ ပြီးတော့ ငါးပိက အလေးချိန်လည်း တိုးသွားတာပေါ့ အမေရဲ့”

“ဘုရားမကြိုက်၊ နတ်မကြိုက် တဲ့အလုပ်တွေပါအေ”
“ဘုရားကြိုက်ကြိုက်၊ မကြိုက် ကြိုက်၊ နတ်ကြိုက်ကြိုက်၊ မကြိုက် ကြိုက် လူကြိုက်ဖို့က အဓိကပဲ အမေ။ လူကြိုက်မှရောင်းကောင်း မှာ။ ရောင်းကောင်းမှ သမီးတို့ စားဝတ်နေရေး ပြေလည်မှာ”

“ဒီနေ့ကစပြီး ငါ ငါးပိမစား တော့ဘူးအေ့ ဒါပဲ’ အဘွားကြီးသည် ခြေဆောင့် နှုတ်ခမ်းစူပြီး တဲထဲမှ ပြန်ထွက်သွား သည်။ ငါးပိသည်က သူ့အလုပ် သူ ဆက်လုပ်နေသည်။

“ရှေးအဘွားကြီးတွေများ သိပ်ပြီး လက်ပေါက်ကပ်တာပဲ။ အများ မိုးခါးရေသောက်မှတော့ ကိုယ်လည်း မိုးခါးရေ မသောက်ဘဲနေလို့မရဘူး ဆိုတာ ရှေးအဘွားကြီးတွေ နားမလည်ဘူး။ ဘုရားမကြိုက်ဘူးလေး၊ နတ်မကြိုက်ဘူးလေးနဲ့ လျှာရှည်နေ သေးတယ်။ ဘုရားက သူ့ဘာသာ သူ နေတာ။ ငါးပိအလုပ်ကို လှည့်တောင် ကြည့်တော်မမူဘူး။ နတ်မကြိုက် တော့ကော ဘာအရေးလဲ။ နတ်ကို ဂရုစိုက်စရာမှမလိုတာ။ ရွာဦး ကျောင်းဆရာတော်က တရားထဲ ထည့်ဟောဖူးသားပဲ။ နတ်ဆိုတာ ချိုင်းကြားက ချွေးထွက်ရင် သေကရောတဲ့”

ငါးပိသည်မက ရေရွတ်မြည် တမ်းနေစဉ် နောက်ဆုံးစကားပိုဒ် အရောက်၌ နတ်မျက်စိသည် ကြက် သီးဖျင်းကနဲ ထသွားမိ၏။ ယောင် ရမ်းပြီး သူ့ချိုင်းသူပြန်စမ်းသည်။ တော်ပါသေးရဲ့။ သူ့ချိုင်းမှာဘာချွေးမှ မရှိ။ သို့သော် စကားအပြောအဆို ကြမ်းတမ်းပုံရသော ငါးပိသည်မကို လန့်ကာ နတ်မျက်စိအမြန်လစ်ထွက် လာသည်။ “စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တဲ့ နေရာမှာ ငါးပိသည်က ကန့်လန့်ဆိုတဲ့ စကားအတိုင်း ငါးပိသည်တွေဟာ လက်ရဲဇက်ရဲနဲ့ အပြောအဆို ရဲတင်းကြပုံပဲ”ဟု နတ်မျက်စိက တွေးရင်းမြစ်ကမ်းနား တစ်နေရာသို့ ရောက်သွားသည်။

ငါးဖမ်းမော်တော်ကလေး တစ်စင်း ကမ်းနားမှာ ဆိုက်ကပ်ကာ ဖမ်းမိလာသော ငါးပုဇွန်မျိုးစုံကို တောင်းကြီးတောင်းငယ် အသွယ် သွယ်ဖြင့် ကုန်းပေါ်သို့ ပို့ဆောင်ပေး နေကြသည်။ နတ်မျက်စိသည် တစ်နေရာသို့ စိတ်ဝင်စားဖွယ် မြင်ကွင်းတစ်ခုကို တွေ့ရှိသွားသည်။ မိန်းမကြီးတစ်ယောက်က ရွှေဝါငါး ကြင်းတွေကို တစ်ကောင်ပြီး တစ်ကောင် ဆေးထိုးပိုက်ကြီးဖြင့် စိတ်ရှည်လက် ရှည်ထိုးပေးနေခြင်း ဖြစ်သည်။ ပိုက်ထဲမှာ ဆေးတော့မပါ။ ပိုက်ထဲမှာပါသည်ကရေတွေ။ “အို ဘုရား ဘုရား။ ရေထဲကလာတဲ့ငါးကို ရေထိုးပြီးရောင်းဖို့ ကြံနေပါကလား”ဟု နတ်မျက်စိက ခပ်တိုးတိုးညည်းသည်။ ရေထိုးပြီးသား ရွှေဝါငါးကြင်းကြီးများသည် ဝဝချောချောကြီးတွေ ဖြစ်လာကြ သည်။

“ဆေးအစား မိုးရေထိုးပေးနေ တဲ့ ဒေါက်တာရမ်းကုတွေကို ကျူရှင်ပေးလို့ရပြီဗျို့”ဟု ငါးဖမ်း အလုပ်သမားတစ်ဦးက ငါးစိမ်းသည် မိန်းမကြီးကို ကျီစယ်သည်။

“ဟဲ့ နင်ဘာသိလို့လဲ။ ဈေးကော် မတီစည်ပင်လူကြီးတွေက အလေး တွေ၊ ချိန်ခွင်တွေကို မကြာမကြာ အလစ်ဝင်စစ်တာဟဲ့။ အလေးခိုးလို့ မရတော့ဘူး။ ဒါကြောင့် သဲလွန်စ ရှာမရတဲ့နည်းနဲ့ ရေထိုးရောင်းရတာ”ဟု မိန်းမကြီးက ပြန်အော်သည်။ နတ်မျက်စိမှာ အသက်ပါသွား မတတ် သက်ပြင်းမှုတ်လိုက်မိ၏။ သြော်… ဥပဒေတိုင်းမှာ အား နည်းချက်၊ အားသာချက်တွေ ရှိ နေတတ်တာ လောကနိယာမပဲ မှတ်ပါရဲ့။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071