Friday, June 26, 2026

စားအုန်းဆီအခြေခံလက်ကားဈေး ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျ

ယနေ့ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ(တစ်ပတ်တာ) အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ ယခု...

ဇွဲကပင်တောင် အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ဒဏ်ငွေ...

ကရင်ပြည်နယ်၏ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်သည့် ဇွဲကပင်တောင် အတက်/အဆင်းလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ငွေဒဏ် ၅၀,၀၀၀ ကျပ် ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။ ဇွဲကပင်တောင်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ခရီးသွားဒေသ၏...

EPS စနစ်ဖြင့် စေလွှတ်သည့် မြန်မာအလုပ်သမား...

အခက်အခဲကြုံတွေ့ပါက မြန်မာသံရုံးသို့ ချက်ချင်းဆက်သွယ်ရန် သံအမတ်ကြီးမှာကြား အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမားများသည် ဇွန် ၁၆...

တိုင်းနှင့် ပြည်နယ်(၉)ခုတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက်...

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရန်ပုံငွေခွင့်ပြုချက်အရ တိုင်းနှင့် ပြည်နယ်(၉)ခုတွင် ဆိုလာစနစ်သုံး ရေတင်စီမံကိန်း (၄၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး...
HomeNewsLocal Newsငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင်...

ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် မီးရှို့ဖျ-က်ဆီး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးလေ ဆိပ်ဟောင်းတွင် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။

(၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိဖမ်းဆီးမိခဲ့သည့် ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးအမျိုး(၂၇)မျိုးကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။

Photo-Ko Than Htay

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စားအုန်းဆီအခြေခံလက်ကားဈေး ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျ

ယနေ့ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ(တစ်ပတ်တာ) အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ ယခု တစ်ပတ်အတွက် ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် စားအုန်းဆီတစ်ပိဿာလျင်(၇,၂၅၅)ကျပ်ဖြစ်ရာ ယခင် အပတ်ကဖြစ်ပေါ်ခဲ့သော ရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာလျင်(၇,၂၈၅)ထက် (၃၀)ကျပ်လျော့ကျခဲ့ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီက စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးကိုထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲကပင်တောင် အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ဒဏ်ငွေ ကျပ် ၅၀,၀၀၀ ချမှတ်မည်

ကရင်ပြည်နယ်၏ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်သည့် ဇွဲကပင်တောင် အတက်/အဆင်းလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ငွေဒဏ် ၅၀,၀၀၀ ကျပ် ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။ ဇွဲကပင်တောင်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ခရီးသွားဒေသ၏ သာယာလှပမှုနှင့် သန့်ရှင်းရေးကို ထိခိုက်လာသဖြင့် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများက တောင်တက်/ဆင်းလမ်းတစ်လျှောက် အမှိုက်အိတ်များ ထားရှိပေးခြင်း၊ အမှိုက်များကို စနစ်တကျသိမ်းဆည်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကို တွေ့ရှိပါက ကျူးလွန်သူသည် ငွေဒဏ် ၅၀,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး ယင်းဒ-ဏ်ငွေ၏ ထက်ဝက်ကို ပြစ်မှုကျူးလွန်သူအား တွေ့ရှိဖမ်းဆီးပေးနိုင်သူအား ဆုကြေးငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်...

EPS စနစ်ဖြင့် စေလွှတ်သည့် မြန်မာအလုပ်သမား (၁၂၈)ဦး ကိုရီးယားနိုင်ငံသို့ ရောက်ရှိ

အခက်အခဲကြုံတွေ့ပါက မြန်မာသံရုံးသို့ ချက်ချင်းဆက်သွယ်ရန် သံအမတ်ကြီးမှာကြား အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမားများသည် ဇွန် ၁၆ ရက်နှင့် ဇွန် ၂၄ ရက်တို့တွင် ကိုရီးယားနိုင်ငံသို့ အောင်မြင်စွာရောက်ရှိခဲ့ကြောင်း သိရသည်။ ရောက်ရှိလာသည့် အလုပ်သမားများအနက် ဇွန် ၁၆ ရက်တွင် ကုန်ထုတ်လုပ်သား (၂၂)ဦးနှင့် ဆောက်လုပ်ရေးလုပ်သား (၆၁)ဦး၊ ဇွန် ၂၄ ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၄၅)ဦးတို့သည် ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာအလုပ်သမားများအား မြန်မာသံရုံး(ဆိုးလ်မြို့)မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071