Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeNewsLocal Newsဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ...

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ‌တွေ့ဆုံသည့်သတင်းထွက်ပေါ်

တရုတ်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံအချို့မှ ကိုယ်စားလှယ်များနှင့်ပါ တွေ့ဆုံရန် အလားအလာရှိနေ

ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော် အချုပ်ထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားလိုက်ပြီဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ပြည့်လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တွေ့ဆုံခဲ့သည်ဆိုသည့် သတင်းများပါ ထွက်ပေါ်လာသည်။

ပြီးခဲ့သည့် ရက်ပိုင်းကပင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ဒုဝန်ကြီးအဆင့် နေထိုင်သည့် နေအိမ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးတီခွန်မြတ်နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းထပ်မံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

” သတင်းကတော့ မနေ့တည်းက ထွက်နေတာပါ ။ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းများပါတယ်။အတိအကျကြီးတော့ မပြောနိုင်ဘူးဆိုပေမယ့် တွေ့တယ်ဆိုတာ ဖြစ်နိုင်ပါတယ်” ဟု NLD ပါတီနှင့် နီးစပ်သူတစ်ဦးက သုံးသပ်သည်။

ဦးတီခွန်မြတ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ကောင်းမွန်သူတစ်ဦးဖြစ်သည့်အပြင် လက်ရှိအ ချိန်တွင်လည်း လွှတ်တော် ဥက္ကဋ္ဌတာဝန်ကို ယူထားဆဲဖြစ်သည့် အတွက် နစက အနေဖြင့် တွေ့ဆုံညှိနှိုင်းမှုများကို ဦးတီခွန်မြတ်မှတဆင့် ခြေလှမ်းစခြင်းမျိုးလည်း ဖြစ်‌နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

AFP က ဖော်ပြသည့် သတင်းတရပ်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် အလားအလာရှိနေကြောင်း ဖော်ပြထားပြီး နှစ်နိုင်ငံတာဝန်ရှိသူများဖက်မှ ယင်းကိစ္စနှင့်ပတ်သက်၍ မည်သည့်သတင်းထုတ်ပြန်ချက်မျိုးကိုမျှထုတ်ပြန်ထားခြင်း မရှိသေးပေ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်က (၂) နာရီခန့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း တရုတ် ၊ အိန္ဒိယနှင့် အာဆီယံ နိုင်ငံအချို့ကပါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် နစကထံ တောင်းဆိုမှုများရှိနေရာ တရုတ်ကိုယ်စားလှယ်၏ မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ခြေမျာကြောင်း သုံးသပ်နေကြခြင်းလည်းဖြစ်သည်။

BBC က ဇူလိုင်လ (၂၇) ရက်တွင် ဖော်ပြထားသည့် သတ င်းတစ်ရပ်တွင်လည်း တရုတ်နှင့် အိန္ဒိယအပါအဝင် အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ဂျပန် စသည့်နိုင်ငံများကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန်လုပ်ဆောင်​နေကြောင်း သံတမန်အသိုင်းအဝိုင်းက အတည် ပြုပြောကြားထားကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

၂၆ရက်​နေ့ ရိုက်တာ သတင်းတွင်လည်း လူ့အခွင့်အရေး ကိစ္စရပ်များကို မထိခိုက်စေဘဲ မြန်မာနိုင်ငံအား အလွတ်သဘော ပြန်လည် ထိတွေ့ဆက်ဆံမှု လုပ်ဆောင်သင့်ကြောင်း မလေးရှား ဝန်ကြီးချုပ်က ပြောကြားထားသည်များလည်းရှိ​နေသ
ဖြင့် တင်းမာသည့်နိုင်ငံများသည်ပင်လျှင်ယခုအသံများထွက်​ပေါ်လာ​နေရာ အ​ခြေ​နေမှာ ​ကောင်းသည့်ဖက်သို့ သွား​နေသည့်သ​ဘောဟုယူဆ​နေကြသည်။

အာဆီယံအပါအဝင် အနောက်နိုင်ငံများကလည်း မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်တိုက်တွန်းပြောဆိုမှုများ ရှိနေချိန် ယခုထွက်ပေါ်နေသည့် တွေ့ဆုံဆွေးနွေးမှုသတင်းများသာ အမှန်တကယ်ဖြစ်ပေါ်ခဲ့ပါက မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းနိုင်မည့် လမ်းစသစ်များ ပေါ်ထွက်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။ ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား" သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ရတက်မအေး

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရာတွင် ပိုမိုစည်းလုံးညီညွတ်ရန် သဘောတူခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ မြင့်တက်လာခြင်းသည် ဒေသတွင်း အလားအလာအပေါ် ဆိုးကျိုးအန္တရာယ်များကို သိသိသာသာတိုးပွားစေခဲ့သည့် ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်တွင် ကျင်းပသော အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးပွဲများတွင် အတည်ပြုခဲ့သော ကြေညာချက်၌ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက ပြောကြားခဲ့သည်။ ငွေကြေးဈေးကွက်များတွင် အလွန်အကျွံ့မတည်ငြိမ်မှုနှင့် ရှုပ်ထွေးသော လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071