Friday, August 7, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeNewsLocal Newsဒက္ခိဏသီရိမြို့နယ်ရှိ ကျောက်စာချပ်များ၌ ရေး...

ဒက္ခိဏသီရိမြို့နယ်ရှိ ကျောက်စာချပ်များ၌ ရေး ထိုးမည့် ပိဋကသုံးပုံပါဠိတော်ကို Roman အက္ခရာဖြင့်ပြောင်းလဲရေးသားမှု စိစစ်တည်းဖြတ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး

ဒက္ခိဏသီရိမြို့နယ်ရှိ ကျောက်စာချပ်များ၌ ရေး ထိုးမည့် ပိဋကသုံးပုံပါဠိတော်ကို Roman အက္ခရာဖြင့်ပြောင်းလဲရေးသားမှု စိစစ်တည်းဖြတ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မှဆရာတော်ကြီးများနှင့်သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ ဒု-ဝန်ကြီးနှင့်တာဝန်ရှိသူ များက ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၌ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စိစစ်တည်းဖြတ်နိုင်ရေးကော်မတီ နာယက အဖွဲ့ဦး ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ (သီတဂူ)ဆရာတော်ကြီး၏ သြဝါဒကိုခံယူ၍ ပြု လုပ်ခြင်းဖြစ်သည်။

ဆဋ္ဌသိင်္ဂီတိ ပိဋက ပါဠိတော် ကျမ်း ၅၃ ကျမ်း (အုပ်ရေ ၄၀)အား ပါဠိ၊ Roman နှစ်ဘာသာဖြင့် ကျောက်စာရေးထိုးနိုင်ရေး ပါဠိ၊ ပိဋကတ်နှင့် Romanization ကို ကျွမ်းကျင်ပိုင်နိုင်သည့် ဗုဒ္ဓတက္ကသိုလ်အသီးသီးရှိ ဆရာတော်ကြီးများမှ ဦးဆောင်၍ အဖွဲ့ငယ်အဆင့်ဆင့်ဖြင့် စိစစ်တည်း ဖြတ်တော်မူရေးအား တာဝန်အသီးသီးခွဲကာ လုပ် ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကျမ်း ၅၃ ကျမ်းမှာ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ပါမောက္ခ ချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သည့် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသီလာနန္ဒာဘိဝံသ ဆရာတော်ကြီး ဘာသာပြန်ဆိုထားတော်မူခဲ့သည့်ကျမ်းများဖြစ်သည်။

“Romanization ကျမ်း ၅၃ ကျမ်း(အုပ်ရေ ၄၀)ကို ဆဋ္ဌသင်္ဂါယနာမူနဲ့ကိုက်ညီစေဖို့အတွက် သီတဂူဆရာတော်ကြီးရဲ့ သြဝါဒကိုခံယူယူပြီး စိစစ်တည်းဖြတ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ နာ ယကအဖွဲ့၊စိစစ်တည်းဖြတ်ရေးကော်မတီ၊လုပ် ငန်းကော်မတီတွေကို အဆင့်ဆင့်ဖွဲ့စည်းထားပါတယ်”ဟုစိစစ်တည်းဖြတ်ရေးလုပ်ငန်းကော်မ တီ(အတွင်းရေးမှူး)သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒု-ဝန်ကြီးဦးအေးထွန်းက ကြွရောက် လာသည့် ဆရာတော်ကြီးများအားလျှောက်ထားသည်။

စိစစ်တည်းဖြတ်ရေးကော်မတီအတွင်းရေးမှူးဆ ရာတော်ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက မန္တလေး ကုသိုလ်တော်ဘုရားရှိ မူလကျောက်စာချပ်ပုံစံများနှင့်နှိုင်းယှဉ်ကာ မာရဝိဇယထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းထားရှိမည့်ကျောက်စာချပ်ပုံစံ၊ အရွယ်အစားနှင့်ကျောက်စာတစ်ချပ်လျှင်ပါဠိအက္ခရာ၊Romanအက္ခရာတို့ဖြင့်ဝင်ဆံ့နိုင်မည့်စာမျက်နှာအရေအတွက်များအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့်ကျွမ်းကျင်ပညာရှင်များက ပိဋကသုံးပုံ ပါဠိတော်ကို Roman အက္ခရာဖြင့်ပြောင်းလဲ ရေးသားထားမှုအား စိစစ်တည်းဖြတ်နိုင်ရေးအ တွက် ဝိနယပိဋက ၅ အုပ်၊သုတ္တန္တပိဋက ၂၃ အုပ်၊အဘိဓမ္မာပိဋက ၁၂ အုပ်(စုစုပေါင်း ၄၀ အုပ်)၏ ကျမ်းစာရင်းများအား သက်ဆိုင်ရာ တက္ကသိုလ်အလိုက် စိစစ်တည်းဖြတ်ရန် ဆွေးနွေးခဲ့ကြသည်။

Zaw Gyi

ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ေက်ာက္စာခ်ပ္မ်ား၌ ေရး ထိုးမည့္ ပိဋကသုံးပုံပါဠိေတာ္ကို Roman အကၡရာျဖင့္ေျပာင္းလဲေရးသားမႈ စိစစ္တည္းျဖတ္ႏိုင္ေရး ပထမအႀကိမ္ လုပ္ငန္းညႇိႏႈိင္းစည္းေဝး

 

ႏိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္(ရန္ကုန္) မွဆရာေတာ္ႀကီးမ်ားႏွင့္သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနမွ ဒု-ဝန္ႀကီးႏွင့္တာဝန္ရွိသူ မ်ားက ဇန္နဝါရီ ၈ ရက္တြင္ ရန္ကုန္ၿမိဳ႕၊မရမ္းကုန္းၿမိဳ႕နယ္ရွိ အျပည္ျပည္ဆိုင္ရာေထရဝါဒဗုဒၶ သာသနာျပဳတကၠသိုလ္၌ ျပဳလုပ္ခဲ့ျခင္းျဖစ္ သည္။

အဆိုပါ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးအား စိစစ္တည္းျဖတ္ႏိုင္ေရးေကာ္မတီ နာယက အဖြဲ႕ဦး ေဆာင္ဆရာေတာ္ ေဒါက္တာဘဒၵႏၲဉာဏိႆရ (သီတဂူ)ဆရာေတာ္ႀကီး၏ ၾသဝါဒကိုခံယူ၍ ျပဳ လုပ္ျခင္းျဖစ္သည္။

ဆ႒သိဂႌတိ ပိဋက ပါဠိေတာ္ က်မ္း ၅၃ က်မ္း (အုပ္ေရ ၄၀)အား ပါဠိ၊ Roman ႏွစ္ဘာသာျဖင့္ ေက်ာက္စာေရးထိုးႏိုင္ေရး ပါဠိ၊ ပိဋကတ္ႏွင့္ Romanization ကို ကြၽမ္းက်င္ပိုင္ႏိုင္သည့္ ဗုဒၶတကၠသိုလ္အသီးသီးရွိ ဆရာေတာ္ႀကီးမ်ားမွ ဦးေဆာင္၍ အဖြဲ႕ငယ္အဆင့္ဆင့္ျဖင့္ စိစစ္တည္း ျဖတ္ေတာ္မူေရးအား တာဝန္အသီးသီးခြဲကာ လုပ္ ငန္းမ်ား စတင္ေဆာင္႐ြက္လ်က္ရွိသည္။

အဆိုပါ က်မ္း ၅၃ က်မ္းမွာ အျပည္ျပည္ဆိုင္ရာေထရဝါဒဗုဒၶသာသနာျပဳတကၠသိုလ္၌ ပါေမာကၡ ခ်ဳပ္ဆရာေတာ္အျဖစ္ တာဝန္ထမ္းေဆာင္ေတာ္မူခဲ့သည့္ အဂၢမဟာပ႑ိတ ေဒါက္တာဘဒၵႏၲသီလာနႏၵာဘိဝံသ ဆရာေတာ္ႀကီး ဘာသာျပန္ဆိုထားေတာ္မူခဲ့သည့္က်မ္းမ်ားျဖစ္သည္။

“Romanization က်မ္း ၅၃ က်မ္း(အုပ္ေရ ၄၀)ကို ဆ႒သဂၤါယနာမူနဲ႔ကိုက္ညီေစဖို႔အတြက္ သီတဂူဆရာေတာ္ႀကီးရဲ႕ ၾသဝါဒကိုခံယူယူၿပီး စိစစ္တည္းျဖတ္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ႏိုင္ဖို႔ နာ ယကအဖြဲ႕၊စိစစ္တည္းျဖတ္ေရးေကာ္မတီ၊လုပ္ ငန္းေကာ္မတီေတြကို အဆင့္ဆင့္ဖြဲ႕စည္းထားပါတယ္”ဟုစိစစ္တည္းျဖတ္ေရးလုပ္ငန္းေကာ္မ တီ(အတြင္းေရးမႉး)သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ဒု-ဝန္ႀကီးဦးေအးထြန္းက ႂကြေရာက္ လာသည့္ ဆရာေတာ္ႀကီးမ်ားအားေလွ်ာက္ထားသည္။

စိစစ္တည္းျဖတ္ေရးေကာ္မတီအတြင္းေရးမႉးဆ ရာေတာ္ေဒါက္တာဘဒၵႏၲေဆကိႏၵက မႏၲေလး ကုသိုလ္ေတာ္ဘုရားရွိ မူလေက်ာက္စာခ်ပ္ပုံစံမ်ားႏွင့္ႏႈိင္းယွဥ္ကာ မာရဝိဇယထိုင္ေတာ္မူ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ပရိဝုဏ္အတြင္းထားရွိမည့္ေက်ာက္စာခ်ပ္ပုံစံ၊ အ႐ြယ္အစားႏွင့္ေက်ာက္စာတစ္ခ်ပ္လွ်င္ပါဠိအကၡရာ၊Romanအကၡရာတို႔ျဖင့္ဝင္ဆံ့ႏိုင္မည့္စာမ်က္ႏွာအေရအတြက္မ်ားအား ရွင္းလင္းေဆြးေႏြးသည္။

ထို႔ေနာက္ ႂကြေရာက္လာၾကသည့္ ဆရာေတာ္ႀကီးမ်ားႏွင့္ကြၽမ္းက်င္ပညာရွင္မ်ားက ပိဋကသုံးပုံ ပါဠိေတာ္ကို Roman အကၡရာျဖင့္ေျပာင္းလဲ ေရးသားထားမႈအား စိစစ္တည္းျဖတ္ႏိုင္ေရးအ တြက္ ဝိနယပိဋက ၅ အုပ္၊သုတၱႏၲပိဋက ၂၃ အုပ္၊အဘိဓမၼာပိဋက ၁၂ အုပ္(စုစုေပါင္း ၄၀ အုပ္)၏ က်မ္းစာရင္းမ်ားအား သက္ဆိုင္ရာ တကၠသိုလ္အလိုက္ စိစစ္တည္းျဖတ္ရန္ ေဆြးေႏြးခဲ့ၾကသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071