Home News Local News ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့် ယှဉ်ပြိုင်ပြီး ပူးတွဲသရေဖြင့် ပွဲပြီးဆုံး

ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့် ယှဉ်ပြိုင်ပြီး ပူးတွဲသရေဖြင့် ပွဲပြီးဆုံး

0
104

ရန်ကုန်၊သြဂုတ်-၉

(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship- ML WC 11) ၏ ခေါင်တွဲဆိုင်းအဖြစ်ကျင်းပသည့် ၇၅ ကီလိုတန်းပြိုင်ပွဲတွင် မြန်မာလက်ဝှေ့သမား ထွန်းမင်းအောင် (Top One) နှင့် ရာမန် (ရိုးရာစွမ်းအား) တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။

အဆိုပါပွဲစဉ်ကို ၇၅ ကီလိုတန်း၊ ၅ ချီ သတ်မှတ်ထားပြီး နှစ်ဦးစလုံး အဆုံး အဖြတ်ရရှိရန် အပြင်းအထန် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။

သို့သော် ၅ ချီပြည့်သည်အထိ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသော်လည်း အနိုင်အရှုံး အ ဆုံးအဖြတ်မပေါ်ပေါက်ခဲ့သဖြင့် ထွန်းမင်းအောင်နှင့် ရာမန်တို့ ပူးတွဲသရေ ဖြင့် ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-MLWC

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here