ရန်ကုန်၊သြဂုတ်-၉
(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀ ကီလိုတန်း လက်ဝှေ့ပွဲတွင် အဲမွီ (အဲကညော) နှင့် သန့်ဇင် (Python Taw Win Ayar) တို့ ပူးတွဲသရေ ရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် အဲမွီ (အဲကညော) ကို အနီရောင်ထောင့်မှ ကိုယ်စားပြုကာ သန့်ဇင် (Python Taw Win Ayar) က အပြာရောင်ထောင့်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
နှစ်ဦးစလုံး အပြန်အလှန် ထိုးသတ်ယှဉ် ပြိုင်ခဲ့ကြပြီး သတ်မှတ်ထားသည့် ၅ ချီပြည့်သည်အထိ ဆက်လက်ထိုးသတ်ခဲ့သော်လည်း အနိုင်အရှုံးခွဲခြားနိုင်ခြင်းမရှိသဖြင့် ပူးတွဲသရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့ခြင်းဖြစ်သည်။
ယင်းပွဲသည် MLWC 11 ပြိုင်ပွဲ၏ စတုတ္ထတွဲဆိုင်း ၆၀ ကီလိုတန်း ပွဲစဉ်တစ်ပွဲဖြစ် သည်။
ဓာတ်ပုံ-MLWC
