Home News Local News ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စစ်ဆေး

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စစ်ဆေး

0
77

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့် ပုသိမ်မြို့တို့ရှိ တက္ကသိုလ်များအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟင်္သာတတက္ကသိုလ်အားကြည့်ရှုစစ်ဆေးစဥ် တက္က သိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပရိဝုဏ်သန့်ရှင်းသာယာလှပမှုရှိစေရေးစဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ကျောင်းဝန်းအတွင်းရှိ သစ်ပင်ကြီးများအား အောက်ခြေရှင်းအလင်းဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မအူပင်မြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ကိုကြည့်ရှုစစ်ဆေးစဥ် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာများနှင့်ပတ်သက်၍ မဟာဘွဲ့သင် တန်းများသင်ကြားပေးနိုင်ရေးအတွက် စနစ်တကျစီမံပြီးမှသာဆောင်ရွက်ရန် မှာကြားသည်။

အရည်အချင်းနှင့် ထူးချွန်ထက်မြက်သည့် သင်တန်း ဆင်းပညာရှင်များထွက်ပေါ်လာစေရေး၊ နိုင်ငံတော်အတွက်အကျိုးပြုမည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာရှင်များထွက်ပေါ်လာစေရေး စနစ်တကျသင်ကြားလေ့ ကျင့်ပေးရန်၊ အရေအတွက်များများ သင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများ ပေါ်ထွက်ရေးကို အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

တက္ကသိုလ်အတွင်း အခြေခံအဆောက်အဦ လိုအပ်ချက်များနှင့်ပတ်သက်၍ နှစ်အလိုက်စနစ်တကျလျာ ထား၍ တည်ဆောက်ရေးလုပ်ငန်းများကို နှစ်စဉ်ဖြည့်ဆည်းဆောင်ရွက်ရန်မှာကြားပြီနောက် တက္ကသိုလ်ပရိဝုဏ်နှင့် ကျောင်းဆောင်သစ်တည်ဆောက်နေမှုများအား မော်တော်ယာဉ်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် ဩဂုတ် ၈ ရက်ကလည်း နည်းပညာတက္ကသိုလ်(ပုသိမ်)နှင့် ပုသိမ်တက္ကသိုလ်တို့ကိုလည်းကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်အဆင့်နှင့်လျော်ညီသည့် သန့်ရှင်းသာယာလှပမှုများဖြစ်စေရေးဆောင် ရွက်ရန်၊ တက္ကသိုလ်အတွင်းအုံ့ဆိုင်းလျက်ရှိသည့် သစ်ပင်ကြီးများအား အလင်းဖွင့်ခုတ်ထွင်ရှင်းလင်းရန်မှာ ကြားခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here