ဥပဒေစိုးမိုးရေးလုပ်ငန်းများမူလအခြေအနေပြန်လည်ရောက်ရှိလာသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှလွဲ၍ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကြေညာထားသောမြို့နယ်များကို ယနေ့ ဇူလိုင် ၂၁ ရက်မှစတင်ကာ ရက်ပေါင်း(၉၀)အထိ ယင်း အမိန့်ဆက်ရှိနေမည်ဟု ကြေညာခဲ့သည်။
အဆိုပါ ရက်ပေါင်း(၉၀)အထိဆက်ရှိနေမည့် အမိန့်သက်တမ်းတိုးခြင်းကို နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၃/ ၂၀၂၆ ဖြင့် ယနေ့ ဇူလိုင် ၂၁ ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်း အမိန့်သက်တမ်းတိုးခြင်းအား ယနေ့ ဇူလိုင် ၂၁ ရက်ကကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(နဝမနေ့)၏သဘောတူညီမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (ဃ)အရကြေညာခဲ့ခြင်းဖြစ်သည်။
သက်တမ်းတိုးကြောင်းကြေညာခဲ့သော အရေးပေါ်အခြေအနေကြေညာသည့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁/၂ဝ၂၆ ကို နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၃ ရက်တွင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
