၂၀၂၆ ခုနှစ် ကုန်မတိုင်မီ ပြီးစီးအောင် တွန်းအားပေးဆောင်ရွက်
ရန်ကုန်-မန္တလေးအမြန်လမ်း၏ မိုင်တိုင်အမှတ် (၃၅၈/၁)ရှိ ဒုဋ္ဌဝတီတံတား (ပေ ၁၀၀၀) အသစ်ပြန်လည်တည် ဆောက်နေခြင်းဖြစ်ပြီး တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မန္တလေးမြို့သို့ တို-က်ရို-က်သွားလာနိုင်ရန်အတွက် ဒုဋ္ဌဝတီ တံတားတည်ဆောက်ပြီးစီးရန်လိုအပ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောကြားခဲ့သည်။
ငလျင်ဒ-ဏ်ကြောင့် တံတားပြိုကျပျက်စီး၍ လမ်းပန်းဆက်သွယ်မှု ပြ-တ်တေ-ာက်နေသဖြင့် ခရီးသွားပြည်သူများ တံတားဦး – ပလိပ်လမ်းမှ တစ်ဆင့်ပတ်၍ မန္တလေးမြို့သို့ သွားလာနေရသောကြောင့် လေးလမ်းသွား တံတားဆောင်ရွက်နေခြင်းတွင် အပြန်လမ်းဘက်မှ နှစ်လမ်းသွားတံတားကို ၂၀၂၆ ခုနှစ် ကုန်မတိုင်မီ ပြီးစီးအောင်တွန်းအားပေးဆောင်ရွက်၍ လမ်းပန်းဆက်သွယ်မှုရရှိအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည့် ရန်ကုန် – မန္တလေး အမြန်လမ်းရှိ ဒုဋ္ဌဝတီတံတား အသစ်ပြန်လည်တည်ဆောက်ခြင်းနှင့် လမ်း၊ တံတားများ ပြုပြင်ဆောင်ရွက်နေသည့်အခြေအနေ ကြည့်ရှုစစ်ဆေးခဲ့စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
တံတားတည်ရှိသည့် နေရာသည် ပြင်းထန်သည့် လှုပ်ခါမှုကြောင့် အစိုင်အခဲမှ ရွှံ့ညွန်ကဲ့သို့ ဂုဏ်သတ္တိပြောင်းလဲခြင်းဖြစ်စဉ် (lique- faction) ဖြစ်နိုင်ခြေများသော မြေအမျိုးအစားဖြစ်သောကြောင့် လိုအပ်သည့် တွက်ချက်မှုများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။
အဆိုပါ တံတားပြီးစီးသည်နှင့် တစ်ပြိုင်တည်း ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းအတိုင်း လွယ်ကူချောမွေ့စွာသွားလာနိုင်ရန်အတွက် လမ်းတစ်လျှောက်ရှိ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ဟန်ချက်ညီစွာပြီးစီးစေရေးလမ်းပိုင်းအလိုက် တာဝန်ခံများနှင့် ညွှန်ကြားရေးမှူးချုပ်တို့က စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
