Wednesday, May 27, 2026

မန္တလေးငလျင်အပြီး FDA မှ E-Submission...

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်မလှုပ်ခတ်မီနှင့် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း E-Submission မှတဆင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်...

မြန်မာအမျိုးသမီးနည်းပြဟောင်း တက်ဆူရို ယူကီ Women...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေး စင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်ဟောင်းဖြ စ်သူ ဂျပန်လူမျိုး မစ္စတာ တက်ဆူရို ယူကီ (Tetsuro Uki)...

မေ ၂၆ ရက်တစ်ညတည်းတွင် မြန်မာနိုင်ငံ၌...

ယမန်နေ့ မေ ၂၆ ရက်ညပိုင်းက မြန်မာနိုင်ငံရှိ မြို့(၃) မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်စီရှိသော ငလျင်လှုပ်ခတ်မှု(၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ည ၁၁...

၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုရစာရင်းတွင်...

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော လုပ်ငန်းဆုတို့ ပါဝင် နှစ်စဥ် ဇွန်လ(၅) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အစီအစဉ်တစ်ရပ်အနေဖြင့်ထည့်သွင်း၍...
HomeNewsLocal Newsတောင်သူဦးကြီးများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းကာ...

တောင်သူဦးကြီးများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းကာ ကမ္ဘောဇဘဏ်မှ စိုက်ပျိုးရေးချေးငွများပံ့ပိုး

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည်။ လူဦး‌ရေအများစုသည် စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်လျက်ရှိပြီး GDPအရ နိုင်ငံတော်ထုတ်ကုန်၏ အဓိကအပိုင်းတွင် စိုက်ပျိုးရေးကဏ္ဍလည်းပါဝင်လျက်ရှိသည်။ မြန်မာ့စီးပွားရေးတိုးတတ်‌စေရန် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိသော တောင်သူဦးကြီးများနှင့် လယ်ယာများဟာ ပြည်သူများ၏ အားကိုးအားထားရာဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ “ပြည်သူများဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် တောင်သူလယ်သမားများ၏ဘဝ မြှင့်တင်ရေးသည် အဓိကကျတဲ့ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူအများစုဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအပေါ် အဓိကမှီခိုနေသူများဖြစ်၍ တောင်သူလယ်သမားဘဝမြှင့်တင်ဖို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ဖို့အတွက် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း လမ်းညွှန်မိန့်ကြားခဲ့သည်။

အဆိုပါ နိုင်ငံတော်မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာအရင်းအနှီးများရရှိစေရန် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို သက်သာသော အတိုးနှုန်းများဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိသည်။

ပုဂ္ဂလိကပိုင်ဘဏ်ဖြစ်‌သော ကမ္ဘောဇဘဏ် (KBZ Bank)မှလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းကာ မြန်မာ့တောင်သူလယ်သမား ၁.၈ သန်းအား စိုက်ပျိုးရေးချေးငွေများ ထုတ်ချေးမည့် အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

ယခု ပူးပေါင်းဆောင်ရွက်မှုအရ စိုက်ပျိုးရေးချေးငွေများကို ကနဦးအနေဖြင့် တောင်သူလယ်သမား ၈၀,၀၀၀ ကျော်သို့ ငွေသား ၅၀% နှင့် KBZPay မှတဆင့် ဒစ်ဂျစ်တယ်ငွေကြေး ၅၀% ဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးအတွက် လိုအပ်သော ငွေကြေးအထောက်အပံ့ကို အချိန်မီရရှိနိုင်မည့်အပြင် လုံခြုံစိတ်ချရသော Digital Financial Services များကိုလည်း
အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ရန် ကွင်းဆင်းလေ့လာခဲ့ရာ လက်ရှိတွင် ခရိုင်မြို့နယ် ၁၆ ခု၌ စမ်းသပ်ကာလအဖြစ် စတင်ဆောင်ရွက်နေပြီး နောင်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ဆောင်ရွက်သွားဖို့ ကမ္ဘောဇဘဏ်ဘက်မှ ရည်ရွယ်ထားသည်။

ယခုအစီအစဉ်မှတဆင့် လယ်တစ်ဧကလျှင် ၃၀၀,၀၀၀ ကျပ်နှုန်းဖြင့် အများဆုံးချေးငွေ သိန်း(၃၀)ထိ ရယူနိင်မည်ဖြစ်ပြီး တောင်သူလယ်သမားဦးရေ ၁.၈ သန်းသို့ ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

ယခုလို ဆောင်ရွက်နေခြင်းသည် KBZ Bank ၏ မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများကို အားပေးကူညီပံ့ပိုးရန်၊ တောင်သူလယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံ၏ Inclusive Digital Economy ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ဖော်ဆောင်နေခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးငလျင်အပြီး FDA မှ E-Submission System တွင် Risk-Based Sampling System စတင်အသုံးပြုမည်

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်မလှုပ်ခတ်မီနှင့် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း E-Submission မှတဆင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် (လုပ်ငန်းသစ်/လုပ်ငန်းတိုး) လျှောက်ထားလာသော လုပ်ငန်းများအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့် ကိုက်ညီမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် GMP စံနှုန်းနှင့် ကိုက်ညီသော လုပ်ငန်းများအား ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထောက်ခံချက်ထုတ်ပေးပြီးနောက်ပိုင်းတွင်လည်း နမူနာကောက်ယူစစ်ဆေးခြင်းလုပ်ငန်းများကို “Risk-Based Sampling...

မြန်မာအမျိုးသမီးနည်းပြဟောင်း တက်ဆူရို ယူကီ Women Football Technical Director အဖြစ် တာဝန်ယူမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေး စင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်ဟောင်းဖြ စ်သူ ဂျပန်လူမျိုး မစ္စတာ တက်ဆူရို ယူကီ (Tetsuro Uki) အား အမျိုးသမီး ဘောလုံးနည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။ တက်ဆူရို ယူကီသည် အမျိုးသမီး ဘောလုံး နည်းစနစ်ဒါရို က်တာအဖြစ် တာဝန်ယူစဉ်အတွင်း မြန်မာအမျိုးသမီးဘော လုံး အဆင့်အတန်း မြင့်မားလာစေရန် ရေရှည်စီမံကိန်းများ ချမှတ်ခြင်း၊ မြန်မာ ယူ ၁၅/၁၇/၁၉ သက်တမ်းအလိုက် အမျိုးသမီးအသင်းများ နည်းစနစ်ပိုင်း တိုးတက်ရန် ဆောင်ရွက်ခြင်း၊ မြန်မာ...

မေ ၂၆ ရက်တစ်ညတည်းတွင် မြန်မာနိုင်ငံ၌ ငလျင်(၃) ကြိမ်လှုပ်ခတ်ခဲ့

ယမန်နေ့ မေ ၂၆ ရက်ညပိုင်းက မြန်မာနိုင်ငံရှိ မြို့(၃) မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်စီရှိသော ငလျင်လှုပ်ခတ်မှု(၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ည ၁၁ နာရီ ၅၄ စက္ကန့်က ကလေးဝမြို့၏ အရှေ့ဘက် (၁၀)မိုင်ခန့်အကွာ၊ အနက်(၇၈)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ည ၈ နာရီ ၃၇ မိနစ် ၄၇ စက္ကန့်ကလည်း မော်လိုက်မြို့၏ အရှေ့မြောက်ဘက်(၂၃)မိုင်ခန့်အကွာ၊ အ နက်(၇၀)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၄ ဒသမ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071