Sunday, August 9, 2026

မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉)...

ရန်ကုန်၊ သြဂုတ်-၉ မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉) အဖြစ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီနှင့် ခြေစွမ်းကောင်းပြသနေသည့် ရှမ်းယူနိုက်တက်အက်ဖ်စီတို့ ယနေ့ ညနေ ၄...

အစိုးရအနေဖြင့် မူလအခြေအနေအတိုင်းနီးပါးပြန် လည်ရောက်ရှိနိုင်ရေး တတ်နိုင်သမျှကူညီပေးသွားမည်ဟု...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်နေသူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ စောင့်ရှောက်မှုများပြုလုပ်ပေးထားလျက်ရှိကြောင်း သိရသည်။ ထိုသို့ စောင့်ရှောက်ပေးလျက်ရှိရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၉...

ရေကြည်မြို့နယ်ရေဘေး ယာယီရေ ဘေးကယ်ဆယ်ရေးစခန်း(၁၈)ခုဖွင့်လှစ် စာသင်ကျောင်း(၆)ကျောင်းယာယီပိတ်ထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကြည်မြို့နယ်တွင်လည်း ရေကြီးရေလျှံမှုကြုံတွေ့နေရကာ လူဦးရေ(၂,၉၆၀)ဦးရေဘေးသင့်နေသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၁၈)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ခိုခလှုံနေကြသည့် ရေ...

ရေကြည်မြို့နယ်တွင် ငဝန်တာနိမ့်ကျမှုကြောင့် ယာယီရေဘေးရှောင်စခန်း ၁၈...

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ရေထူးပေါက် စီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားခဲ့ပြီး မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၈၃၀ (လူဦးရေ...
HomeInternationalတောင်ဆူဒန်နဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒ-ဏ်ပေးဖို့...

တောင်ဆူဒန်နဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒ-ဏ်ပေးဖို့ အမေရိကန်တရားရုံးတွေက လမ်းဖွင့်ပေးလိုက်ပြီ

အမေရိကန်ကို ရောက်နေကြတဲ့ တောင်ဆူဒန်နဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒ-ဏ်ပေးခံရတာကနေ ယာယီကင်းလွတ်ခွင့်ပေးထားတာကို အမေရိကန်အစိုးရက အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက အမေရိကန် တရားလွှတ်တော်ချုပ်ကနေ ဟေတီနဲ့ ဆီးရီးယားက လူထောင်ပေါင်းများစွာကို အလားတူ ကာကွယ်ပေးထားမှုတွေ ရုပ်သိမ်းဖို့ အစိုးရကို ခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒီနိုင်ငံနှစ်ခု(တောင်ဆူဒန်နဲ့ မြန်မာ) အတွက် ယာယီအကာအကွယ်ပေးမှု အဆင့်အတန်း (TPS) ဆက်ထားပေးဖို့ လူဝင်မှုကြီးကြပ်ရေး အခွင့်အရေးလှုပ်ရှားသူတွေရဲ့ နောက်ဆုံးကြိုးပမ်းချက်ကို မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်နဲ့ အီလီနွိုက်ပြည်နယ် ချီကာဂိုက တရားသူကြီးတွေက သောကြာနေ့မှာ ပယ်ချလိုက်ပါတယ်။

TPS ဆိုတာက မိခင်နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေ ဒါမှမဟုတ် တခြား ထူးခြားဆိုးရွားတဲ့ အခြေအနေတွေ ကြုံနေရချိန်မှာ ပြည်နှင်ဒ-ဏ်ခံရတာကနေ ကာကွယ်ပေးထားပြီး အလုပ်လုပ်ခွင့် ပေးထားတာဖြစ်ပါတယ်။ ဒီလို ရုပ်သိမ်းလိုက်တာကြောင့် တောင်ဆူဒန်နိုင်ငံသား ၂၃၂ ယောက်လောက်နဲ့ မြန်မာနိုင်ငံသား ၄,၀၀၀ လောက်အတွက် အကာအကွယ်တွေ ဆုံးရှုံးသွားလိမ့်မယ်လို့ ရို-က်တာသတင်းဌာနက ဆိုပါတယ်။

နိုင်ငံပေါင်း တစ်ဒါဇင်လောက်က လူတွေအတွက် TPS အစီအစဉ်ကို ရုပ်သိမ်းဖို့ ပြည်တွင်းလုံခြုံရေးဌာန (DHS) ရဲ့ ကြိုးပမ်းမှုတွေကို အောက်ခြေတရားရုံးတွေက တားဆီးနိုင်စွမ်းကို တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်က ကန့်သတ်လိုက်တာပါ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ အုပ်ချုပ်ရေးပိုင်းမှာ ကျယ်ပြန့်တဲ့ အာဏာရှိတယ်လို့ အကြောင်းပြခဲ့တာ ဖြစ်ပါတယ်။

တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်ထွက်ပြီးနောက်မှာတော့ TPS ကို ရုပ်သိမ်းဖို့ DHS မှာ အာဏာမရှိဘူးလို့ အကြောင်းပြပြီး လူဝင်မှုကြီးကြပ်ရေး အခွင့်အရေးဆိုင်ရာ ရှေ့နေတွေက အသစ်ထပ်ပြီး စောဒကတက်ခဲ့ကြပြန်ပါတယ်။

ဒါပေမယ့် ဘော့စတွန်က အမေရိကန် ခရိုင်တရားသူကြီး ပက်တီ ဆားရစ်(Patti Saris) က ဒီအကြောင်းပြချက်ကို ပယ်ချခဲ့ပါတယ်။ ဒီလိုသာဆိုရင် DHS အနေနဲ့ TPS ကို ရုပ်သိမ်းခွင့် အာဏာရှိမရှိကို သံသယဝင်စရာဖြစ်စေရုံသာမကဘဲ ဒီအကာအကွယ်ကို သက်တမ်းတိုးပေးဖို့ သူတို့မှာ အစဉ်အဆက်ရှိခဲ့တဲ့ အာဏာကိုပါ မေးခွန်းထုတ်စရာ ဖြစ်သွားလိမ့်မယ်လို့ တရားသူကြီးက ပြောခဲ့ပါတယ်။

နာရီအနည်းငယ်ကြာပြီးနောက် ချီကာဂိုက တရားသူကြီး မက်သယူး ကန်နယ်လီ(Matthew Kennelly) ကလည်း မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီး အလားတူပဲ ကောက်ချက်ချ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်မှာ ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ရထားကြတဲ့ TPS ရရှိထားသူတွေအနေနဲ့ အခုဆုံးဖြတ်ချက်တွေကြောင့် သူတို့ရဲ့ မိခင်နိုင်ငံတွေဆီကို ပြည်နှင်ဒဏ်ပေးခံရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အခွင့်အရေးလှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉) အဖြစ် ဧရာဝတီအက်ဖ်စီနှင့် ရှမ်းယူနိုက်တက်တို့ ယနေ့ ညနေ ယှဉ်ပြိုင်မည်

ရန်ကုန်၊ သြဂုတ်-၉ မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉) အဖြစ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီနှင့် ခြေစွမ်းကောင်းပြသနေသည့် ရှမ်းယူနိုက်တက်အက်ဖ်စီတို့ ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီအနေ ဖြင့် အမှတ်ပေးဇယားထိပ်ပိုင်းတွင် ဦး ဆောင်နေသည့် ISPE အသင်းကို ဆက်လက်ဖိအားပေးနိုင်ရန်အတွက် အဆိုပါပွဲစဉ်တွင် အနိုင်ရရှိရေး ကြိုးပမ်းရမည်ဖြစ်ပြီး၊ တိုက်စစ်ပိုင်းတွင် အဓိကကစားသမားများ ပြန်လည်စုံလင်လာသည့်အတွက် အသင်းအနေဖြင့် အင်အားပြည့်ဖြင့် ပွဲထွက်လာဖွယ်ရှိသည်။ တစ်ဖက်တွင် ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံးကစားခဲ့သည့် (၇) ပွဲဆက်တိုက် ရှုံးပွဲမရှိသည့်...

အစိုးရအနေဖြင့် မူလအခြေအနေအတိုင်းနီးပါးပြန် လည်ရောက်ရှိနိုင်ရေး တတ်နိုင်သမျှကူညီပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်နေသူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ စောင့်ရှောက်မှုများပြုလုပ်ပေးထားလျက်ရှိကြောင်း သိရသည်။ ထိုသို့ စောင့်ရှောက်ပေးလျက်ရှိရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းတွင် လဟာပကျေးရွာရှိ လဟာပကျောင်းတိုက်ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်သူများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေး အပ်ခဲ့ကြောင်း သိရသည်။ ရေဘေးသင့်သူများနှင့်တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက ရေပြန်လည်ကျဆင်းပြီးနောက် ပြည်သူများအနေဖြင့် မိမိတို့တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြပါက မူလအခြေအနေသို့အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မည်ဟု ပြောသည်။ " အစိုးရအနေနဲ့လည်း မူလအခြေအနေအတိုင်းနီးပါးပြန်လည်ရောက်ရှိနိုင်ဖို့ တတ်နိုင်သမျှကူညီပေးသွားမှာပါ။ ရေဘေးကြောင့် ယာယီပိတ်ထားရတဲ့  စာသင် ကျောင်းတွေပြန်လည်ဖွင့်လှစ်ချိန်မှာ မိဘတေအနေနဲ့ သားသမီးတွေကို ကျောင်းပြန်တက်နိုင်ဖို့...

ရေကြည်မြို့နယ်ရေဘေး ယာယီရေ ဘေးကယ်ဆယ်ရေးစခန်း(၁၈)ခုဖွင့်လှစ် စာသင်ကျောင်း(၆)ကျောင်းယာယီပိတ်ထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကြည်မြို့နယ်တွင်လည်း ရေကြီးရေလျှံမှုကြုံတွေ့နေရကာ လူဦးရေ(၂,၉၆၀)ဦးရေဘေးသင့်နေသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၁၈)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ခိုခလှုံနေကြသည့် ရေ ဘေးသင့်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ရေသန့်ဘူးများ၊ Royal-D ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ မုန့်ကြွပ်ထုပ်များ၊ ဆန်အိတ်များ၊ ထမင်းဘူးမျာကိုထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ရေကြည်မြို့နယ်အတွင်းရှိ ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် အခြေခံပညာစာသင်ကျောင်း(၆) ကျောင်းကိုလည်း ဆရာ/ဆရာမများ၊ ကျောင်းသား၊ သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာယီပိတ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071