Wednesday, September 16, 2026

ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးဇုန်များကို ဂြိုဟ်တုဖြင့်...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းများ၏ စိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှုအခြေအနေများကို...

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို...

မြဝတီ၊ စက်တင်ဘာ ၁၆ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို စက်တင်ဘာ ၁၅...

ရုရှားလောင်စာဆီစက်ရုံများ မတိုက်ခိုက်ရန် ထရမ့်ပ်၏ တောင်းဆိုမှုကို...

ရုရှားနိုင်ငံရှိ ဒီဇယ်နှင့် လောင်စာဆီထုတ်လုပ်ရေးစက်ရုံများကို တိုက်ခိုက်မှုများ ရပ်တန့်ရန် ယူကရိန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်တွန်းခဲ့ခြင်းအား ကြိုဆိုကြောင်း ခရမ္မလင်က ပြောကြားခဲ့သည်။ “အရပ်ဘက်...

AI ကြောင့် ဖြစ်လာမည့် အပြောင်းအလဲများအတွက်...

AI ခေါ် ဉာဏ်ရည်တုနည်းပညာကြောင့် လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာမည့် အပြောင်းအလဲများကို ရင်ဆိုင်ရန် ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရမျှ လုံလောက်စွာ အသင့်မဖြစ်သေးကြောင်း မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ...
HomeNewsLocal Newsတောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့...

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ၈၅ ရာခိုင်နှုန်းလာရောက်လည်ပတ်မှုရှိ

ယခုနှစ်တွင် ပြန်လည်ကျင်းပသည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်သို့ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုအနေဖြင့် ၈၅ ရာခိုင်နှုန်းခန့်ရှိကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။

“ကိုဗစ်မတိုင်ခင်လို အချိန်ကို မမှီရင်တောင် ၈၅ ရာခိုင်နှုန်းလောက်အထိရှိပါတယ်။ သုံးနှစ်လောက် ရပ်နားပြီးမှ ပြန်ပြီးကျင်းပတာဆိုတော့ အခက်အခဲတွေတော့ရှိပါတယ်”ဟု ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

တောင်ကြီးမြို့တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၂၁) ရက် ညပိုင်းက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် စတင်ကျင်းပခဲ့ပြီး (၇၁) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပွဲတော်ကာလအတွင်း၊ မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲ၊ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ (တစ်ကောင်ချင်း/အုပ်စုအရုပ်)၊ ယမ်းမီးကြီးညလွှတ် မီးပုံးပျံပြိုင်ပွဲနှင့် စိန်နားပန် မီးပုံးပျံပြိုင်ပွဲများကို ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကာလအတွင်း မီးပုံးပျံအလုံးရေအနေဖြင့် နေ့လွှတ်ပြိုင်ပွဲတွင် (၆၃) လုံးနှင့် ညလွှတ်ပြိုင်ပွဲတွင် (၆၃) လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးဇုန်များကို ဂြိုဟ်တုဖြင့် စောင့်ကြည့်စိစစ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းများ၏ စိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှုအခြေအနေများကို ဂြိုဟ်တုနည်းပညာအသုံးပြု၍ စောင့်ကြည့်စိစစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။ အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၂ ရက်က ကုန်သည်/စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် REZ စီမံကိန်းမှ တောင်သူလယ်သမားခေါင်းဆောင်များ၊ ကုမ္ပဏီများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် MRF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် Satellite-Based Monitoring Service for Rice Export Zone...

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

မြဝတီ၊ စက်တင်ဘာ ၁၆ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို စက်တင်ဘာ ၁၅ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ လွှဲပြောင်းပေးခဲ့သူများမှာ ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးတို့ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ လွှဲပြောင်းရာတွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို...

ရုရှားလောင်စာဆီစက်ရုံများ မတိုက်ခိုက်ရန် ထရမ့်ပ်၏ တောင်းဆိုမှုကို ခရမ္မလင်ကြိုဆို

ရုရှားနိုင်ငံရှိ ဒီဇယ်နှင့် လောင်စာဆီထုတ်လုပ်ရေးစက်ရုံများကို တိုက်ခိုက်မှုများ ရပ်တန့်ရန် ယူကရိန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်တွန်းခဲ့ခြင်းအား ကြိုဆိုကြောင်း ခရမ္မလင်က ပြောကြားခဲ့သည်။ “အရပ်ဘက် စီးပွားရေးအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာ ရပ်တန့်ဖို့ ကိဗ်ကို တိုက်တွန်းချက်မှန်သမျှ ကြိုဆိုရမှာဖြစ်ပါတယ်” ဟု ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်ရှ်ကော့ဗ်က ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံများအနေဖြင့် ကိဗ်အပေါ်ရှိ ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အသုံးပြုကာ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသည့် သဘောထားတစ်ရပ် ပြသလာစေရန် တိုက်တွန်းနိုင်ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်အတွက် အရေးပါသည့် အထောက်အကူဖြစ်လာနိုင်ကြောင်း ပက်ရှ်ကော့ဗ်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071