Wednesday, May 6, 2026

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ...

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့်...
HomeNewsFootballတူရကီကို အနိုင်ယူကာ နယ်သာလန်...

တူရကီကို အနိုင်ယူကာ နယ်သာလန် က ဆီမီးတက်ခဲ့၊ဆွစ်ဇာလန်ကို ပင်နယ်တီအဆုံးအဖြတ်မှ အနိုင်ရခဲ့တဲ့ အင်္ဂလန်

ဆက်လက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ နယ်သာလန်က တူရကီကို ခက်ခက်ခဲခဲ့ ယှဉ်ပြိုင်ကစားကာ ၂-၁ ဂိုးနဲ့ နိုင်ပြီး ဆီမီးတက်ခဲ့သလို နာမည်ကြီး အင်္ဂလန်ကတော့ ဆွစ်ဇာလန်ကို ပင်နယ်တီ အဆုံးအဖြတ်ရောက်မှသာနိုင်ပြီး ဆီမီးတက်ခဲ့တာတွေ့ရပါတယ်။

ဒီနေ့ပွဲမှာ တူရကီတို့ရဲ့ မာကြောကောင်းမွန်တဲ့ ခြေစွမ်းကြောင့် နယ်သာလန်နဲ့ အပြန်အလှန်တုန့်ပြန်ကစားနိုင်ခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကိုလည်း တူရကီတို့ကပဲ ရရှိခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာ ညာခြမ်းက ဖြတ်တင်ပေးပို့မှုကို နောက်ခံလူ အကင်ဒင်ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဦးဆောင်ဂိုးရခဲ့ပြီးနောက် တူရကီတို့ ခံစစ်ကို ပိုမိုအားပြုလာခဲ့ပြီး နယ်သာလန်တို့ကတော့ တိုက်စစ်မှူး ဗက်ဟော့ချ်ကို လူစားလဲထည့်သွင်းကာ ချေပဂိုးရဖို့ တိုက်စစ်မြှင့်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၀ မှာ နယ်သာလန်နောက်ခံလူ ဒီဗာရက်က ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ယင်းနောက်ပိုင်း အနိုင်ဂိုးရဖို့ နှစ်သင်းလုံး တိုက်စစ်ဖွင့် ကစားလာတာကြောင့် ပွဲက အကြိတ်အနယ်ဖြစ်ခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေလည်း ရရှိခဲ့ကြပါတယ်။ ပွဲချိန် ၇၆ မိနစ်မှာတော့ ညာခြမ်းက ခင်းပေးတဲ့ ဘောလုံးကို တူရကီနောက်ခံလူနဲ့ နယ်သာလန်တိုက်စစ်မှူး ဂတ်ပိုတို့ ယှဉ်လုကြရာမှ တူရကီနောက်ခံလူနဲ့ထိကာ ဂိုးဝင်သွားလို့ နယ်သာလန်တို့ အနိုင်ဂိုးရခဲ့ပါတယ်။ အရှုံးဂိုးကို ချေပဖို့ တူရကီက တရစပ်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ဂိုးရရှိခြင်းမရှိတော့ဘဲ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

တစ်ဖက်က အင်္ဂလန်နဲ့ ဆွစ်ဇာလန်တို့ပွဲမှာလည်း ဆွစ်ဇာလန်က ဦးဆောင်ဂိုးစသွင်းခဲ့တာကြောင့် အင်္ဂလန်တို့ ထုံးစံအတိုင်း နောက်ကလိုက်ကစားခဲ့ရပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခြင်းမရှိဘဲ ဒုတိယပိုင်းမှသာ သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယပိုင်း ၇၅ မိနစ်မှာ ဆွစ်ဇာလန်တို့ ဦးဆောင်ဂိုးရခဲ့ပြီး ညာခြမ်းက ဖြတ်တင်ပေးပို့မှုကို တိုက်စစ်မှူး အမ်ဘိုလိုက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ယင်းနောက် အင်္ဂလန်တို့ လူစားလဲမှုတွေလုပ်ကာ တိုက်စစ်မြှင့်ကစားခဲ့လို့ အခွင့်အရေးတွေရလာခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာတော့ ဆာကာရဲ့ လှပကောင်းမွန်တဲ့ ကန်ချက်နဲ့ အင်္ဂလန်တို့ ချေပဂိုးရသွားခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်တဲ့အထိ ၁-၁ သရေကျနေခဲ့လို့ အချိန်ပိုထပ်ကစားခဲ့ပါတယ်။ အချိန်ပိုမှာလည်း နှစ်သင်းလုံး ကန်သွင်းခွင့်တွေရပေမယ့် ဂိုးသမားတွေ ကာကွယ်နိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရဖို့ ဖြစ်လာခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းကြရာမှာ အင်္ဂလန်ဘက်က ကန်သွင်းတဲ့ ၅ လုံးစလုံး ဂိုးဝင်ခဲ့ပြီး ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီရဲ့ ကန်သွင်းချက်ကို ဂိုးသမား ပစ်ဖို့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် အင်္ဂလန်တို့ ၅-၃ ဂိုးနဲ့နိုင်ပြီး ဆီမီးတက်ခဲ့ပါတယ်။

ဒီနေ့နိုင်ပွဲအသီးသီး ရရှိခဲ့ကြတဲ့ နယ်သာလန်နဲ့ အင်္ဂလန်တို့ ဆီမီးမှာ တွေ့ဆုံရမှာဖြစ်ပြီး ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။ ယင်းမှာ ပြီးခဲ့သည့်လက ဗီယက်နမ်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ၎င်း၏ ပထမဆုံးသော အိန္ဒိယနိုင်ငံခရီးစဉ် ဖြစ်သည်။ တိုလမ်သည် နူးဒေလီမြို့သို့ မရောက်ရှိမီ ဘီဟာပြည်နယ်အရှေ့ပိုင်းရှိ ထင်ရှားသော ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း သမ္မတနှင့်အတူ ဝန်ကြီးများ၊ အကြီးတန်းအစိုးရအရာရှိများ ပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ လိုက်ပါလာကြောင်း သိရသည်။ Ref:...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက ကျောင်းတက်ပညာသင်ရင်းဖြစ်စေ၊ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းလာရောက်ပြသသူတွေကလည်း ဆေးကုသမှုခံယူရင်းဖြစ်စေ၊ အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန်ကိုရောက်ရှိအခြေချနေထိုင်ကြတာလည်းရှိပါတယ်။ နယ်ဒေသအသီးသီးက ပြည်သူတွေဟာ ဘယ်လိုအချိန်အခါမျိုးမှာ ကိုယ့်ရဲ့ မွေးရပ်မြေကို ပြန်ကြလေ့ရှိသလဲဆိုရင် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ၊ သီတင်းကျွတ်ကာလ၊ ပိတ်ရက်ရှည်ရတဲ့ရုံးပိတ်ရက်တွေမှာ ပြန်ကြရတာပါ။ အဲဒီလိုပြန်ကြတဲ့အခါမှာ အများစုက ကား၊ ရထားကို အသုံးပြုပြီး ပြန်ကြတာများတဲ့အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အင်မတန်အရေးပါလှပြီး ပုံမှန်အချိန်တွေထက် ခရီးသွားလာမှုကို ဝန်ဆောင်မှုပိုမိုပေးရတဲ့အချိန်လည်း ဖြစ်ပါတယ်။ သင်္ကြန်ကာလနီးရင်...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော် တရားဝင် လိုင်စင်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေ

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားရယူရန် လိုအပ်ကြောင်း သိရသည်။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်း၏ ပြောကြားချက်အရ ဆေးဝါးမှတ်ပုံတင်မရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ထုတ်လုပ်ပါကလည်း ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။ ထို့ပြင် မှတ်ပုံတင်နှင့် လိုင်စင် နှစ်ခုလုံးမရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071