နူးဒေလီ၊ မေ ၅ ရက်
ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။ ယင်းမှာ ပြီးခဲ့သည့်လက ဗီယက်နမ်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ၎င်း၏ ပထမဆုံးသော အိန္ဒိယနိုင်ငံခရီးစဉ် ဖြစ်သည်။
တိုလမ်သည် နူးဒေလီမြို့သို့ မရောက်ရှိမီ ဘီဟာပြည်နယ်အရှေ့ပိုင်းရှိ ထင်ရှားသော ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာသို့ သွားရောက်ခဲ့သည်။
ခရီးစဉ်အတွင်း သမ္မတနှင့်အတူ ဝန်ကြီးများ၊ အကြီးတန်းအစိုးရအရာရှိများ ပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ လိုက်ပါလာကြောင်း သိရသည်။
Ref: ဆင်ဟွာ
