Tuesday, May 19, 2026

မေ ၂၆ ရက် တစ်ရက်အတွက်...

နေပြည်တော်-ရန်ကုန် နေ့စဥ်နံနက် ၁၀ နာရီတွင်ပြေးဆွဲနေသည့် အမှတ်(၃၂)အစုန် DEMU အမြန်ရထားခရီး စဉ်ကို လာမည့် မေ ၂၆ ရက်၌ပြေးဆွဲခြင်းမပြုဘဲ ရပ်နားမည်ဖြစ်ကြောင်း...

မြဝတီမြို့တွင်း ကားဂိတ်များ စိမ်းလဲ့မြိုင်ကားဝင်းသို့ ပြောင်းရွှေ့ရမည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်း၌ ဖွင့်လှစ်ထားသည့် အဝေးပြေးကားဂိတ်များသည် မြဝတီ မြို့အဝင် စိမ်းလဲ့မြိုင်ကားဝင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။ ဇွန်(၆)ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ရမည် ဖြစ်ကာ နှစ်နှစ်ကျော် ပိတ်ထားခဲ့ရသည့်...

ရန်ကုန်မြို့တွင် အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိလာ

ယခုရက်သတ္တပတ်အတွင်း ရန်ကုန်မြို့၌ လျှပ်စစ်မီးမပျက်သလောက်ဖြစ်သည်အထိ မီးရချိန် ပိုတိုးလာကာ အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ “မီးမပြတ်တာကြာပြီ။ သူတို့ break downဖြစ်တဲ့ခဏပဲ ပြတ်တယ်။...

အစိုးရအချင်းချင်း AI ဆွေးနွေးပွဲကျင်းပရန် တရုတ်နှင့်အမေရိကသဘောတူညီ

ပေကျင်း၊ မေလ ၁၉ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ မကြာသေးမီက တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် ဉာဏ်ရည်တု (AI) နည်းပညာနှင့် ပတ်သက်၍ အပြုသဘောဆောင်သော...
HomeNewsLocal Newsတိုင်းနှင့်ပြည်နယ် (၆) ခု၏...

တိုင်းနှင့်ပြည်နယ် (၆) ခု၏ အစိုးရအဖွဲ့များ ဖွဲ့စည်း

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်အစိုးရအဖွဲ့များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ) အရ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇူလိုင် (၃၁)ရက် ညပိုင်းတွင် ထုတ်ပြန် ကြေညာသည်။

ယင်း အမိန့်ကြေညာချက်အရ ချင်းပြည်နယ် အစိုးရအဖွဲ့အား ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အဖြစ် ဗိုလ်မှုးကြီး ခင်မောင်ထွေး ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင် နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှတို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အား ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာရေးရာဝန်ကြီး ဦးတင်သန်းဝင်း ၊ လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးတို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အဖြစ် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ညီလန်းချို၊ စီးပွားရေးဝန်ကြီး ဦးတင်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း ၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ဦးတင်ဆွေ၊ တိုင်း ရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့အား ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ကျော်စွာမြင့် ၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ(ခ)နိုင်ခင်မောင်ဇင် ၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန် ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင် ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား ဝန်ကြီးချုပ် ဦးထိန်လင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ကျော်သူရ၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် ၊လူမှုရေးရာဝန်ကြီး ဦးသက်ထွန်း၊ လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ တို့ဖြင့်ဖွဲ့စည်းကြောင်း အမိန့်ထုတ်ပြန်ကြေညာထားသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အား ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ခန့်မွန်ဆွေ၊  သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် ၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ နှင့် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးစောလင်းခယ်တို့ဖြင့် ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မေ ၂၆ ရက် တစ်ရက်အတွက် နေပြည်တော်-ရန်ကုန် (၃၂)အစုန် DEMU အမြန်ရထားပြေးဆွဲမှု​ခေတ္တနားမည်

နေပြည်တော်-ရန်ကုန် နေ့စဥ်နံနက် ၁၀ နာရီတွင်ပြေးဆွဲနေသည့် အမှတ်(၃၂)အစုန် DEMU အမြန်ရထားခရီး စဉ်ကို လာမည့် မေ ၂၆ ရက်၌ပြေးဆွဲခြင်းမပြုဘဲ ရပ်နားမည်ဖြစ်ကြောင်း ORTP Info by မြန်မာ့မီးရထားထံ မှ သိရသည်။ ထို့ကြောင့် ရထားစီးခရီးသွားများအနေဖြင့် မိမိတို့၏ ခရီးစဉ်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ယင်း အ မှတ်(၃၂)အစုန် DEMU အမြန်ရထားကို မေ ၂၇ ရက်တွင် မူလအချိန်ဇယားအတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မေ ၂၆ ရက်တွင် အမှတ်(၃၂)အစုန် DEMU ရထားပြေးဆွဲခြင်းမရှိသော်လည်း...

မြဝတီမြို့တွင်း ကားဂိတ်များ စိမ်းလဲ့မြိုင်ကားဝင်းသို့ ပြောင်းရွှေ့ရမည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်း၌ ဖွင့်လှစ်ထားသည့် အဝေးပြေးကားဂိတ်များသည် မြဝတီ မြို့အဝင် စိမ်းလဲ့မြိုင်ကားဝင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။ ဇွန်(၆)ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ရမည် ဖြစ်ကာ နှစ်နှစ်ကျော် ပိတ်ထားခဲ့ရသည့် အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြန်လည်နေရာချထားခြင်းလည်း ဖြစ်သည်။ မူလက ဇွန်(၁)ရက်နေ့ကို နောက်ဆုံးထားပြောင်းရွှေရန် သတ်မှတ်သော်လည်း အချိန်လုံလောက်မှု ရရှိစေရန် ရက်အနည်းငယ်တိုးမြှင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ မြဝတီမြို့တွင်း၌ အဝေး ပြေးကားဂိတ် ၂၁ ဂိတ်ရှိပြီး ၁၅ဂိတ်လောက်သည် စိမ်းလဲ့မြိုင် အဝေးပြေးကားဂိတ်ထဲ ရွှေ့ပြောင်းပြီး ဖြစ်ကြောင်းလည်း သိရသည်။ ဓာတ်ပုံ-ကျော်ကြား

ရန်ကုန်မြို့တွင် အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိလာ

ယခုရက်သတ္တပတ်အတွင်း ရန်ကုန်မြို့၌ လျှပ်စစ်မီးမပျက်သလောက်ဖြစ်သည်အထိ မီးရချိန် ပိုတိုးလာကာ အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ “မီးမပြတ်တာကြာပြီ။ သူတို့ break downဖြစ်တဲ့ခဏပဲ ပြတ်တယ်။ ပြတ်ရင်လည်း ခဏပဲ။ ပြီးရင် ပြန်ပေးထားတယ်”ဟု သာကေတမြို့နယ်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ နွေရာသီကာလအတွင်း၌မူ အပူချိန်မြင့်တက်သည့်ကာလဖြစ်သည်နှင့်အညီ လျှပ်စစ်ဓာတ်အား အသုံးပြုမှုများခဲ့ခြင်းကြောင့် ဓာတ်အားမလုံလောက်မှုဖြစ်ပြီး လျှပ်စစ်မီးပုံမှန်ပေးနိုင်ရန် အခက်အခဲများရှိခဲ့သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။ ယခုနောက်ပိုင်းတွင် အပူချိန်အနည်းငယ်လျော့ကျလာခြင်း၊ လျှပ်စစ်ဝန်အား သုံးစွဲမှု လျော့နည်းခြင်းတို့ကြောင့် ဓာတ်အား ဖြန့်ဝေမှုပိုင်းတွင် ရန်ကုန်မြို့၌ လိုင်းအပြစ်ဖြစ်သည်မှလွှဲ၍ ဓာတ်အားကို ပုံမှန်ပေးပို့လျက်ရှိသည်ဟုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071