ကရင်ပြည်နယ်၊ မြဝတီမြို့တွင်း၌ ဖွင့်လှစ်ထားသည့် အဝေးပြေးကားဂိတ်များသည် မြဝတီ မြို့အဝင် စိမ်းလဲ့မြိုင်ကားဝင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။
ဇွန်(၆)ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ရမည် ဖြစ်ကာ နှစ်နှစ်ကျော် ပိတ်ထားခဲ့ရသည့် အာရှလမ်းမကြီး ပြန်လည်
ဖွင့်လှစ်ပြီးနောက် ပြန်လည်နေရာချထားခြင်းလည်း ဖြစ်သည်။
မူလက ဇွန်(၁)ရက်နေ့ကို နောက်ဆုံးထားပြောင်းရွှေရန် သတ်မှတ်သော်လည်း အချိန်လုံလောက်မှု ရရှိစေရန် ရက်အနည်းငယ်တိုးမြှင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
မြဝတီမြို့တွင်း၌ အဝေး ပြေးကားဂိတ် ၂၁ ဂိတ်ရှိပြီး ၁၅
ဂိတ်လောက်သည် စိမ်းလဲ့မြိုင် အဝေးပြေးကားဂိတ်ထဲ ရွှေ့ပြောင်းပြီး ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ-ကျော်ကြား
