Monday, May 18, 2026

ရန်ကုန်အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ ယနေ့တစ်ရက်တည်းတွင်...

ရန်ကုန်၊ မေ ၁၈မြန်မာနိုင်ငံတစ်လွှားနှင့် ရန်ကုန်တိုင်းဒေသကြီးအနီးဝန်းကျင်တွင် ယနေ့ (မေလ ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ၂၄ နာရီအတွင်း အင်အားအနည်းငယ်မှ အသင့်အတင့်ရှိသော...

လောရင့်ဝေါင်း အယောင်ဆောင်မှုကြောင့် အလိမ်ခံရသူက ကန်ဒေါ်လာ...

မေလ ၁၇ ရက် စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်း အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများအဖြစ် အယောင်ဆောင်၍ လိမ်လည်ခဲ့သည့် AI သုံး Deepfake Zoom ဗီဒီယိုကွန်ဖရင့်၏...

တရုတ်ကယူအက်စ် စိုက်ပျိုးရေးထွက်ကုန်များကို နှစ်စဉ်ဒေါ်လာ ၁၇...

မေလ ၁၈ ရက် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံထုတ် စိုက်ပျိုးရေးထွက်ကုန်များကို ၂၀၂၈ ခုနှစ်အထိ တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံဖိုး ဝယ်ယူရန်...

နှစ် ၁၀၀ မျှော်မှန်းချက်ပါဝင်သည့် မာစတာပလန်မူဘောင်ကို...

ဟနွိုင်း၊ မေလ ၁၈ ရက် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၏ စီးပွားရေးဗဟိုချက်ဖြစ်သော ဟိုချီမင်းစီးတီးသည် အာရှ-ပစိဖိတ်ဒေသအတွင်း ထိပ်တန်းရေရှည်တည်တံ့ပြီး ဆန်းသစ်တီထွင်မှုရှိကာ နေချင်စဖွယ်ကောင်းသော မဟာမြို့ကြီးတစ်ခုအဖြစ် ပြောင်းလဲရန်...
HomeNewsLocal Newsတရုတ်နိုင်ငံ၏ One China...

တရုတ်နိုင်ငံ၏ One China policy အပေါ် မြန်မာနိုင်ငံက အစဉ်အမြဲ ထောက်ခံရပ်တည်လျက်ရှိ

ဂျပန်ဝန်ကြီးချုပ် Mrs. Takaichi ၏ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ပြောကြားခဲ့မှုအတွက် မြန်မာနိုင်ငံ၏သဘောထားကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအစိုးရသည် တရုတ်နိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို ခိုင်မာစွာထောက်ခံရပ်တည်လျက်ရှိပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် မြန်မာနိုင်ငံက ခိုင်မာစွာထောက်ခံရပ်တည်လျက်ရှိသည်ကို နိုင်ငံယာယီသမ္မတက တရုတ်နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံချိန်တိုင်းတွင် ထပ်လောင်းအတည်ပြုခိုင်မာစွာပြောကြားခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

ထို့ပြင် တရုတ်-မြန်မာနှစ်နိုင်ငံသည် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး မဟာဗျူဟာမိတ်ဖက်နိုင်ငံများနှင့် အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်နေသည့်နိုင်ငံများဖြစ်ခြင်းကို မြန်မာနိုင်ငံက အထူးအလေးထားတန်ဖိုးထားသည်ဟု ပြောသည်။

ထို့အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်၏ ပထမအချက်ပါအတိုင်း တရုတ်နိုင်ငံ၏ နယ် မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား မြန်မာနိုင်ငံကလေးစားပြီး ၎င်းအချက်အပေါ်ကာကွယ်ခြင်းကိုလည်း မြန်မာနိုင်ငံက အစဉ်အမြဲထောက်ခံရပ်တည်လျက်ရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ ယနေ့တစ်ရက်တည်းတွင် ငလျင် (၄) ကြိမ်ဆက်တိုက် လှုပ်ခတ်၊ သန်လျင်နှင့် ကျောက်တန်းဒေသခံများ သိသာစွာ ခံစားရ

ရန်ကုန်၊ မေ ၁၈မြန်မာနိုင်ငံတစ်လွှားနှင့် ရန်ကုန်တိုင်းဒေသကြီးအနီးဝန်းကျင်တွင် ယနေ့ (မေလ ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ၂၄ နာရီအတွင်း အင်အားအနည်းငယ်မှ အသင့်အတင့်ရှိသော မြေငလျင်များ (၄) ကြိမ်ဆက်တိုက် လှုပ်ခတ်သွားကြောင်း ကမ္ဘာ့ငလျင်တိုင်းထွာချက်မှတ်တမ်းများအရ သိရသည်။ ယနေ့နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် အပြင်းထန်ဆုံးအဖြစ် ရစ်ခ်တာစကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုသည် နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က သန်လျင်မြို့၏ အရှေ့-အရှေ့တောင်ဘက် ၃၆ ကီလိုမီတာခန့်အကွာ (ကျောက်တန်းမြို့အနီး ပင်လယ်ပြင်) ကို...

လောရင့်ဝေါင်း အယောင်ဆောင်မှုကြောင့် အလိမ်ခံရသူက ကန်ဒေါ်လာ ၃.၈ သန်း ဆုံးရှုံးခဲ့ရ

မေလ ၁၇ ရက် စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်း အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများအဖြစ် အယောင်ဆောင်၍ လိမ်လည်ခဲ့သည့် AI သုံး Deepfake Zoom ဗီဒီယိုကွန်ဖရင့်၏ မှတ်တမ်းဗီဒီယိုဖိုင်ကို ရရှိထားကြောင်း စင်ကာပူရဲတပ်ဖွဲ့ (SPF) က စနေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် အလိမ်ခံရသူသည် ဟော်မုဇ်ရေလက်ကြားနှင့် ဆက်စပ်နေသည့် ရန်ပုံငွေဆိုင်ရာ အကူအညီပေးရေး ခေါင်းစဉ်ဖြင့် စင်ကာပူဒေါ်လာ ၄.၉ သန်း (အမေရိကန်ဒေါ်လာ ၃.၈ သန်း) ထက်မနည်း ဆုံးရှုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ လိမ်လည်သူများသည် ပုံမှန်အားဖြင့် အစိုးရအဖွဲ့အတွင်းဝန်အဖြစ်...

တရုတ်ကယူအက်စ် စိုက်ပျိုးရေးထွက်ကုန်များကို နှစ်စဉ်ဒေါ်လာ ၁၇ ဘီလျံဖိုးဝယ်မည်–အိမ်ဖြူတော်

မေလ ၁၈ ရက် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံထုတ် စိုက်ပျိုးရေးထွက်ကုန်များကို ၂၀၂၈ ခုနှစ်အထိ တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံဖိုး ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ယခုကတိကဝတ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ရလဒ်တစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် ပဲတီစိမ်း/ပဲပုပ်ဝယ်ယူရေး ကတိကဝတ်များအပြင် ထပ်ဆောင်းဝယ်ယူမည့်အစီအစဉ်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် အချက်အလက်အကျဉ်းချုပ်အရ သိရသည်။ သမ္မတ ထရမ့်ပ်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071