Wednesday, April 29, 2026

ထရမ့်ပ်က အီရန်ကိုပိတ်ဆို့မှုများကို သက်တမ်းတိုးရန် စီစဉ်နေ

ဝါရှင်တန်၊ ဧပြီ ၂၈ ရက် အပ-စ်အခတ်ရပ်စဲရေးသည် ဆက်လက်၍တည်ရှိနေသော်လည်း ဆွေးနွေးပွဲများ ရပ်တန့်နေစဉ်အတွင်း အီရန်နိုင်ငံကို ကာလရှည်ကြာ ပိတ်ဆို့မှုများကို ပြုလုပ်ရေးအတွက် ပြင်ဆင်ထားရန် အမေရိကန်သမ္မတ...

ကမ္ဘာတလွှားမှ သံဃာတော်များ ကြွရောက်မည့် (၇၀)...

မြန်မာနိုင်ငံ၏ သာသနာဝင်သမိုင်းတွင် အလွန်ထူးခြားထင်ရှားသည့် ဆဋ္ဌသံဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်မြောက်ခြင်း အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ ဧပြီလ...

ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ ထပ်မံစေလွှတ်၊ မိသားစုထံ...

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား (၂၂) ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ...

ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာတွင် ယနေ့နံနက်ပိုင်းက လူနေအိမ်မီးလေ-ာင်မှုဖြစ်ပွား၊...

ဖျာပုံမြို့နယ်၊ အမာမြို့ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ ဧပြီလ ၂၉ ရက်က မနက် ၃ နာရီ ခန့်တွင် လူနေအိမ်များ မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း...
HomeInternationalတရုတ်ကို တန်ပြန်နိုင်ရန် ဆက်ဆံရေး...

တရုတ်ကို တန်ပြန်နိုင်ရန် ဆက်ဆံရေး ပိုနက်ရှိုင်းအောင်လုပ်မည့် ဗီယက်နမ် ခရီးစဉ်ကို ဘလင်ကန် စတင်

ဟနွိုင်း၊ ဧပြီ ၁၅

ဟနွိုင်းလေဆိပ်သို့ မနေ့ကမှ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကန်သည် ဗီယက်နမ်နှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်မည့် ၎င်း၏ ခရီးစဉ်ကို ဧပြီလ ၁၅ ရက် စနေနေ့တွင် စတင်လိုက်ပြီဖြစ်သည်။

အမေရိကသည် ပေကျင်းက ထိုင်ဝမ်အပေါ် တိုက်ခိုက်မှုများ ပြုလုပ်လာလျှင် အချိန်မရွေး ဟန့်တားနိုင်ရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများနှင့် မဟာမိတ်ဖွဲ့ကာ အင်ဒို-ပစိဖိတ် ဒေသအတွင်း ခြေကုပ်ယူရန် ကြိုးပမ်းလာနေသည်။

သို့ဖြစ်၍ ဘလင်ကန်သည် ဗီယက်နမ်သို့ အမေရိက၏ ထိပ်တန်း သံတမန်အဖြစ် ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ငုယင်ဖူထရွန် နှင့် ဝန်ကြီးချုပ် ပန်မင်းချင်း တို့ အပါအဝင် အခြားသော အကြီးတန်း အရာရှိများနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

ထို့ပြင် ဘလင်ကန်သည် ဟနွိုင်းမြို့ရှိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ တန်ကြေးရှိသော အမေရိကန် သံရုံးဝင်းအသစ်၏ ပန္နက်တင် အခမ်းအနား သို့ တက်ရောက်သွားမည် ဖြစ်သည်။

အမေရိကဘက်က ထိုသို့သော ချဉ်းကပ်မှုများ ပြုလုပ်လာသော်လည်း ဗီယက်နမ်အပါအဝင် အရှေ့တောင်အာရှနိုင်ငံများအဖို့ စစ်အင်အား သာလွန်ရုံသာမက အဓိကကုန်သွယ်ဖက်ပါ ဖြစ်နေသော တရုတ်အား ဆန့်ကျင်ရန်အတွက် ဝန်လေးနေကြသည်။

အထူးသဖြင့် ရုရှားနှင့် ဆက်ဆံရေး ပိုမိုအားကောင်းလာနေသော တရုတ်အား ၄င်းအ ပေါ် အမြင်စောင်းစေမည့် အရာများကို ဗီယက်နမ်အနေဖြင့် အတတ် နိုင်ဆုံး ရှောင်ရှားချင်မည်မှာ အမှန်ပင်ဖြစ်သည်။

Source:CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်က အီရန်ကိုပိတ်ဆို့မှုများကို သက်တမ်းတိုးရန် စီစဉ်နေ

ဝါရှင်တန်၊ ဧပြီ ၂၈ ရက် အပ-စ်အခတ်ရပ်စဲရေးသည် ဆက်လက်၍တည်ရှိနေသော်လည်း ဆွေးနွေးပွဲများ ရပ်တန့်နေစဉ်အတွင်း အီရန်နိုင်ငံကို ကာလရှည်ကြာ ပိတ်ဆို့မှုများကို ပြုလုပ်ရေးအတွက် ပြင်ဆင်ထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ၎င်း၏အစိုးရအဖွဲ့ကို ညွှန်ကြားထားကြောင်း ဝေါ်စထရိ ဂျာနယ် က အမေရိကန်အရာရှိများကို ကိုးကား၍ အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။ တနင်္လာနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိများနှင့် ဆွေးနွေးပွဲ အပါအဝင် မကြာသေးမီက ပြုလုပ်ခဲ့သော အစည်းအဝေးများတွင် ထရမ့်ပ်သည် အီရန်၏ ဆိပ်ကမ်းများသို့ သင်္ဘောများ၏ အဝင်အထွက်ကို တားဆီးခြင်းဖြင့် အီရန်၏...

ကမ္ဘာတလွှားမှ သံဃာတော်များ ကြွရောက်မည့် (၇၀) ပြည့် ဆဋ္ဌသံဂါယနာတင် အထိမ်းအမှတ်ပွဲကို ကမ္ဘာအေးကုန်းမြေတွင် ခမ်းနားစွာကျင်းပမည်

မြန်မာနိုင်ငံ၏ သာသနာဝင်သမိုင်းတွင် အလွန်ထူးခြားထင်ရှားသည့် ဆဋ္ဌသံဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်မြောက်ခြင်း အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ ဧပြီလ (၃၀) ရက်မှ မေလ (၂) ရက်အထိ သုံးရက်တိုင်တိုင် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်သည်။ ယခုအခမ်းအနားသည် ပြည်တွင်းရှိ သံဃာတော်များသာမက မက္ကဆီကိုနှင့် ဗင်နီဇွဲလားကဲ့သို့သော အနောက်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ သံဃာတော်များနှင့် ဧည့်သည်တော်များ စုံညီစွာ ကြွရောက်ကြမည့် ကမ္ဘာလုံးဆိုင်ရာ သာသနာ့ပွဲတော်ကြီးလည်း ဖြစ်သည်။ ဧပြီလ (၂၈) ရက်မှစတင်ကာ...

ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ ထပ်မံစေလွှတ်၊ မိသားစုထံ လုပ်ခလစာများ စနစ်တကျ ပြန်လည်ပေးပို့နိုင်ရန် စီစဉ်ပေးထား

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား (၂၂) ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ အလုပ်သမားအဖွဲ့သည် ရုရှားနိုင်ငံ၊ တာတာစတန်ပြည်နယ် (Tatarstan) သို့ ဧပြီလ (၂၈) ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ဤစေလွှတ်မှုသည် အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်ပံ့ပိုးမှုဖြင့် Vista International ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများအနေဖြင့် ပြည်ပတွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ အထူးခြားဆုံး အချက်အနေဖြင့် ပြည်ပသို့ ရောက်ရှိနေစဉ်အတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071