Monday, May 18, 2026

လောရင့်ဝေါင်း အယောင်ဆောင်မှုကြောင့် အလိမ်ခံရသူက ကန်ဒေါ်လာ...

မေလ ၁၇ ရက် စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်း အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများအဖြစ် အယောင်ဆောင်၍ လိမ်လည်ခဲ့သည့် AI သုံး Deepfake Zoom ဗီဒီယိုကွန်ဖရင့်၏...

နှစ် ၁၀၀ မျှော်မှန်းချက်ပါဝင်သည့် မာစတာပလန်မူဘောင်ကို...

ဟနွိုင်း၊ မေလ ၁၈ ရက် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၏ စီးပွားရေးဗဟိုချက်ဖြစ်သော ဟိုချီမင်းစီးတီးသည် အာရှ-ပစိဖိတ်ဒေသအတွင်း ထိပ်တန်းရေရှည်တည်တံ့ပြီး ဆန်းသစ်တီထွင်မှုရှိကာ နေချင်စဖွယ်ကောင်းသော မဟာမြို့ကြီးတစ်ခုအဖြစ် ပြောင်းလဲရန်...

မြေရှားက တရုတ်နိုင်ငံအတွက် ကမ္ဘာ့ဦးဆောင်မှုကို ပိုမိုခိုင်မာစေနိုင်

မေလ ၁၈ ရက် တရုတ်သိပ္ပံပညာရှင်များသည် နိုင်ငံ၏ အလွန်အေးလှသော အရှေ့မြောက်ပိုင်း ပြည်နယ်များဖြစ်ကြသည့် ဟေလုံကျန်းနှင့် ကျိလင်း တို့တွင် မြေရှားဒြပ်စင်များ ဖြစ်တည်မှု ပုံစံအသစ်တစ်ရပ်ကို...

ကမ္ဘာဖလားပိုက်ကျော်ခြင်း ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်း ထိုင်း...

မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုအဆင့်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး နောက် ယနေ့ မေ (၁၈)ရက်ညနေပိုင်းတွင် အသင်းအတွက် ကွာတားဖိုင်နယ်ပွဲစဉ်များကို...
HomeMoviesတရုတ်ကယူအက်စ် စိုက်ပျိုးရေးထွက်ကုန်များကို နှစ်စဉ်ဒေါ်လာ...

တရုတ်ကယူအက်စ် စိုက်ပျိုးရေးထွက်ကုန်များကို နှစ်စဉ်ဒေါ်လာ ၁၇ ဘီလျံဖိုးဝယ်မည်–အိမ်ဖြူတော်

မေလ ၁၈ ရက်

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံထုတ် စိုက်ပျိုးရေးထွက်ကုန်များကို ၂၀၂၈ ခုနှစ်အထိ တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံဖိုး ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ယခုကတိကဝတ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ရလဒ်တစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် ပဲတီစိမ်း/ပဲပုပ်ဝယ်ယူရေး ကတိကဝတ်များအပြင် ထပ်ဆောင်းဝယ်ယူမည့်အစီအစဉ်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် အချက်အလက်အကျဉ်းချုပ်အရ သိရသည်။

သမ္မတ ထရမ့်ပ်သည် လူအများ စောင့်မျှော်ခဲ့ကြသည့် တရုတ်နိုင်ငံတော်အဆင့် ခရီးစဉ်ကို သောကြာနေ့တွင် အဆုံးသတ်ခဲ့ပြီး ခရီးစဉ်အတွင်း သမ္မတ ရှီနှင့်အတူ ကုန်သွယ်ရေး၊ တိုင်ဝမ်နှင့် အီရန်နိုင်ငံကိစ္စရပ်များ အပါအဝင် အကြောင်းအရာပေါင်းစုံကို ဆွေးနွေးခဲ့ကြသည်။

ထိပ်သီးအစည်းအဝေးအတွင်း တရုတ်အစိုးရနှင့် အမေရိကန်အစိုးရတို့အကြား ရရှိခဲ့သည့် ကုန်သွယ်ရေးဆိုင်ရာ ရလဒ်အချို့ကို တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် အိမ်ဖြူတော်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

စနေနေ့က ထုတ်ပြန်သည့် တရုတ်ဝန်ကြီးဌာန၏ ကြေညာချက်တွင် အမေရိကနှင့် တရုတ်နိုင်ငံတို့သည် အသစ်ဖွဲ့စည်းလိုက်သည့် ကုန်သွယ်ရေးဘုတ်အဖွဲ့မှတစ်ဆင့် အခွန်နှုန်းထားများ လျှော့ချရေးကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် “နှစ်ဦးနှစ်ဖက် အလေးထားဆောင်ရွက်လျက်ရှိသည့် ကုန်ပစ္စည်းများအပေါ် သင့်လျော်မည့် အတိုင်းအတာတစ်ခုအထိ အခွန်နှုန်းထားများ လျှော့ချရန် မူအားဖြင့် သဘောတူညီခဲ့ကြကြောင်း” ဖော်ပြထားသည်။ အဆိုပါ ကုန်ပစ္စည်းများထဲတွင် စိုက်ပျိုးရေးထွက်ကုန်များလည်း ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လောရင့်ဝေါင်း အယောင်ဆောင်မှုကြောင့် အလိမ်ခံရသူက ကန်ဒေါ်လာ ၃.၈ သန်း ဆုံးရှုံးခဲ့ရ

မေလ ၁၇ ရက် စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်း အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများအဖြစ် အယောင်ဆောင်၍ လိမ်လည်ခဲ့သည့် AI သုံး Deepfake Zoom ဗီဒီယိုကွန်ဖရင့်၏ မှတ်တမ်းဗီဒီယိုဖိုင်ကို ရရှိထားကြောင်း စင်ကာပူရဲတပ်ဖွဲ့ (SPF) က စနေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် အလိမ်ခံရသူသည် ဟော်မုဇ်ရေလက်ကြားနှင့် ဆက်စပ်နေသည့် ရန်ပုံငွေဆိုင်ရာ အကူအညီပေးရေး ခေါင်းစဉ်ဖြင့် စင်ကာပူဒေါ်လာ ၄.၉ သန်း (အမေရိကန်ဒေါ်လာ ၃.၈ သန်း) ထက်မနည်း ဆုံးရှုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ လိမ်လည်သူများသည် ပုံမှန်အားဖြင့် အစိုးရအဖွဲ့အတွင်းဝန်အဖြစ်...

နှစ် ၁၀၀ မျှော်မှန်းချက်ပါဝင်သည့် မာစတာပလန်မူဘောင်ကို ဟိုချီမင်းစီးတီး အတည်ပြု

ဟနွိုင်း၊ မေလ ၁၈ ရက် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၏ စီးပွားရေးဗဟိုချက်ဖြစ်သော ဟိုချီမင်းစီးတီးသည် အာရှ-ပစိဖိတ်ဒေသအတွင်း ထိပ်တန်းရေရှည်တည်တံ့ပြီး ဆန်းသစ်တီထွင်မှုရှိကာ နေချင်စဖွယ်ကောင်းသော မဟာမြို့ကြီးတစ်ခုအဖြစ် ပြောင်းလဲရန် နှစ် ၁၀၀ မျှော်မှန်းချက် ထည့်သွင်းထားသည့် ၂၀၂၅-၂၀၅၀ မာစတာပလန် မူဘောင်ကို အတည်ပြုလိုက်ကြောင်း ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် VnEconomy က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ မြို့တော်ပြည်သူ့ကော်မတီက အတည်ပြုခဲ့သည့် အဆိုပါမူဘောင်အရ ဟိုချီမင်းစီးတီးသည် ၂၀၂၅ ခုနှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း ဒေသတွင်း စုစုပေါင်းပြည်တွင်းထုတ်ကုန် (GRDP) ကို တစ်နှစ်လျှင် အနည်းဆုံး...

မြေရှားက တရုတ်နိုင်ငံအတွက် ကမ္ဘာ့ဦးဆောင်မှုကို ပိုမိုခိုင်မာစေနိုင်

မေလ ၁၈ ရက် တရုတ်သိပ္ပံပညာရှင်များသည် နိုင်ငံ၏ အလွန်အေးလှသော အရှေ့မြောက်ပိုင်း ပြည်နယ်များဖြစ်ကြသည့် ဟေလုံကျန်းနှင့် ကျိလင်း တို့တွင် မြေရှားဒြပ်စင်များ ဖြစ်တည်မှု ပုံစံအသစ်တစ်ရပ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခုတွေ့ရှိမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေရှားဒြပ်စင်များ ဖြစ်တည်ပုံအပေါ် ယူဆချက်များကို ပြောင်းလဲစေနိုင်သည့် ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံတောင်ပိုင်းရှိ ဒြပ်စင်များကို သီးခြားခွဲထုတ်ရန်အတွက် ဓာတုဗေဒနည်းဖြင့် အရည်ဖျော်စစ်ထုတ်ရသည့် ရွှံ့စေးအခြေခံ သတ္တုသိုက်များနှင့်မတူဘဲ ယခု မြောက်ပိုင်းတွင် တွေ့ရှိရသော ဖြစ်တည်မှုပုံစံမှာ သဘာဝအလျောက် အေးခဲခြင်းနှင့် အရည်ပျော်ခြင်း သံသရာဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာသည့် ပွရွသော သဲနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071