Thursday, June 18, 2026

လေဆိပ်သဖွယ် ခေတ်မီအရှေ့ဟန်ကျိုးဘူတာသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့သို့ အမြန်ရထား...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

တသက်တာ အမျိုးသားစာပေဆုရှင် ဆရာကြီး ဦးတင်မောင်မြင့်...

အမျိုးသားစာပေဆု ၅ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး၊ ၂၀၁၈ တွင် တသက်တာ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာရေးဆရာကြီး ဦးတင်မောင်မြင့်သည် ယနေ့ ဇွန်လ ၁၈...

တရုတ်၏ ကမ္ဘာ့စီးပွားရေးချိတ်ဆက်မှု မဟာဗျူဟာကို ဖော်ဆောင်နေသည့်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ (Shanghai Lingang Special...
HomeMoviesတမူးမြို့နယ်တွင် Placement Test...

တမူးမြို့နယ်တွင် Placement Test ဖြေဆိုသည့် ကျောင်းသားကျောင်းသူ ၄၇၄ ဦးရှိ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် ကျောင်းပြင်ပရောက်ရှိနေသည့် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအတွက် ကျင်းပသည့် အထူးအစီအစဉ် Placement Test ကို ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၄၇၄ ဦးရှိကြောင်း သိရသည်။

အဆိုပါ Placement Test ကို တမူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၃၈၇ ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၈၇ ဦး စုစုပေါင်း ၄၇၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာနသည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် အခြေခံပညာ မူလတန်းအဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းအဆင့် (Grade 6 မှ Grade 9) ကျောင်းသားကျောင်းသူများအတွက် Placement Test အထူးအစီအစဉ် ဖြေဆိုနိုင်ရန် လျှောက်လွှာခေါ်ယူခဲ့ခြင်းဖြစ်သည်။

လျှောက်ထားသူများသည် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း သို့မဟုတ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ယူခဲ့ဖူးသူများ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှောက်ထားသူများအနေဖြင့် မိမိအသက်အရွယ်အရ တက်ရောက်ရမည့် အတန်း၏ တစ်ဆင့်နိမ့်အတန်းကို ဖြေဆိုရမည်ဖြစ်ပြီး ဥပမာအားဖြင့် Grade 9 တက်ရောက်ရမည့် ကျောင်းသားသည် Grade 8 ကို ဖြေဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Placement Test အောင်မြင်၍ အတန်းတက်ရောက်ခွင့် ရရှိသူများအနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌သာ တက်ရောက်ပညာသင်ယူရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေဆိပ်သဖွယ် ခေတ်မီအရှေ့ဟန်ကျိုးဘူတာသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့မှ G253 အမြန်ရထားဖြင့် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့ရှိ Hongqiao Railway Station မှ ထွက်ခွာလာသော G253 အမြန်ရထားဖြင့် လိုက်ပါစီးနင်းလာခဲ့ခြင်းဖြစ်ပြီး ဟန်ကျိုးမြို့ရှိ အရှေ့ဟန်ကျိုးဘူတာ (ဟန်ကျိုးတုန်း) သို့ ရောက်ရှိခဲ့သည်။ အရှေ့ဟန်ကျိုးဘူတာသည် ခေတ်မီဒီဇိုင်းဖြင့် တည်ဆောက်ထားသော တရုတ်နိုင်ငံ၏...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့သို့ အမြန်ရထား G253 ဖြင့် ဆက်လက်ထွက်ခွာ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညနေပိုင်းတွင် ရှန်ဟိုင်းမြို့မှ ဟန်ကျိုးမြို့သို့ အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့ရှိ Hongqiao Railway Station မှ Hangzhou East Railway Station သို့ ပြေးဆွဲသည့် G253 အမြန်ရထားဖြင့် လိုက်ပါထွက်ခွာခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်မထွက်ခွာမီ ရှန်ဟိုင်းမြို့မှတာဝန်ရှိသူများက ဘူတာရုံတွင် လာရောက်ပိုဆောင် နှုတ်ဆက်ခဲ့ကြသည်။ ယခု...

တသက်တာ အမျိုးသားစာပေဆုရှင် ဆရာကြီး ဦးတင်မောင်မြင့် ကွယ်လွန်

အမျိုးသားစာပေဆု ၅ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး၊ ၂၀၁၈ တွင် တသက်တာ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာရေးဆရာကြီး ဦးတင်မောင်မြင့်သည် ယနေ့ ဇွန်လ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ကွယ်လွန်သွားကြောင်းသိရသည်။ ဆရာကြီး ဦးတင်မောင်မြင့်ကို ဧရာဝတီတိုင်း၊ ဟင်္သတခရိုင်၊ စစ်ကျွန်းရွာတွင် အဖဦးမောင်ဒွေး၊ အမိဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်မြို့၊ ရေကျော် ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းတွင် အလယ်တန်းအောင်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071