Thursday, June 18, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့သို့ အမြန်ရထား...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

တရုတ်၏ ကမ္ဘာ့စီးပွားရေးချိတ်ဆက်မှု မဟာဗျူဟာကို ဖော်ဆောင်နေသည့်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ (Shanghai Lingang Special...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့...

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး...

မြန်မာ့အာကာသကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တရုတ်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရန်...

မြန်မာနိုင်ငံ၏ အာကာသသိပ္ပံနှင့် အာကာသစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ကျွမ်းကျင်ပညာရှင် လေ့ကျင့်မွေးထုတ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ...
HomeNewsLocal Newsတသက်တာ အမျိုးသားစာပေဆုရှင် ဆရာကြီး...

တသက်တာ အမျိုးသားစာပေဆုရှင် ဆရာကြီး ဦးတင်မောင်မြင့် ကွယ်လွန်

အမျိုးသားစာပေဆု ၅ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး၊ ၂၀၁၈ တွင် တသက်တာ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာရေးဆရာကြီး ဦးတင်မောင်မြင့်သည် ယနေ့ ဇွန်လ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ကွယ်လွန်သွားကြောင်းသိရသည်။

ဆရာကြီး ဦးတင်မောင်မြင့်ကို ဧရာဝတီတိုင်း၊ ဟင်္သတခရိုင်၊ စစ်ကျွန်းရွာတွင် အဖဦးမောင်ဒွေး၊ အမိဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်မြို့၊ ရေကျော် ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းတွင် အလယ်တန်းအောင်ပြီး တောင်ကြီးမြို့၊ အစိုးရအထက်တန်းကျောင်း (ယခု အထက-၁) မှ ၁၉၅၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်သည်။ ၁၉၆၁ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ (ယခု MOGE)တွင် အလုပ်ဝင်ပြီး ၁၉၉၄ ခုနှစ်တွင် ငွေစာရင်းအရာရှိအဖြစ်နှင့် အငြိမ်းစားယူသည်။

ဆရကြီးသည် ၁၉၈၅ ခုနှစ်တွင် သည်းဦးပန်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ် တွင် အထောက်တော်လှအောင်၏ သတင်းမဂ္ဂဇင်း တွင် ဒုတိယ အယ်ဒီတာချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် နာမည်ရင်းဖြင့် ငွေကျွန် (World Rapers by Jonathan Black) ကို မြတ်ငြိမ်းနှင့် တွဲပြီး ဘာသာပြန်ခဲ့သည်။ ယနေ့အထိ သံယောဇဉ် ကမ်းခြေ (၁၉၈၃) (Man on Fire by A.J.Quinnell)၊ အချစ်၏ အခြားသော မျက်နှာစာ (၁၉၈၄) (Rendezvous by Evelyn Anthony)၊ ငယ်စာရင်းဝင်မို့ (၁၉၈၄) (Not as a Stranger by Morton Thompson) သံမဏိ လိပ်ပြာ (၁၉၈၇) (Philadelphian by Richard Powell) 33 () (Snap Shot by A.J.Quinnell) မဟာရံတံတိုင်းကို ဖြတ်ကျော်ခြင်း (၁၉၈၅) (This side of Glory by Gwen Bristow) c (໑໑) (Where Love has Gone by Har-old Robin) : (2) (Remembrance by Danielle Steel) အချစ်များစွာနဲ့ပါဆရာ (၁၉၈၇) (To Sir With Love by E.R.Braithwaite)၊ နွေကန္တာ (၁၉၈၈) (Deep Summer by Gwen Bristow)၊ မြကတ္တီပါလမ်း (၂၀၀၇) (Handsome Road by Gwen Bristow) : (১) (Body of Love by Charles Keats)၊ မဒမ်ကျူရီ (၂၀၀၁) (Madame Curie by Eve Curie)၊ လေရဟတ် နီ (၂၀၀၄) (Moulin Rouge by Pierre La Mure)၊ တောင်ပံမဲ့ သင်းကွဲတေးဆိုငှက် (Jooc) (To Kill a Mocking Bird by Harper Lee) : (JooG) (Scar-let by Alexandra Ripley)၊ အင်နာ ကာရနီနာ (၂၀၁၀) (Anna Karinina by Leo Tolstoy)၊ မျှော် (၂၀၁၁) (Waiting by he Jun)၊ ပြစ်မှု နှင့် ပြစ်ဒဏ် (၂၀၁၂) (Crime and Punishment by Dostoevsky) ໐ (10) (Les Miserable by Victor Hugo) (ວງ) (Of Human Bondage by W.S. Maugham) အပါအဝင် ဘာသာပြန်စာအုပ်ပေါင်း ၁ဝဝ ကျော် ရေးသားခဲ့ပြီး ဖြစ်သည်။
အမျိုးသားစာပေဆုရ (ဘာသာပြန်) စာအုပ်များမှာ –
၁။ မဒမ်ကျူရီ (၂၀၀၁) (သုတ)
၂။ တောင်ပံမဲ့ သင်းကွဲတေးဆိုငှက် (၂၀၀၄) (ရသ)
၃။ အနက်ရောင်အိပ်မက်စိမ်းမြမေတ္တာ (၂၀၀၇) (ရသ)
၄။ မျှော် (၂၀၁၁) (ရသ)
၅။ ပြစ်မှုနှင့် ပြစ်ဒဏ် (၂၀၁၂) (ရသ)
၆။ ၂၀၁၈ တွင် တသက်တာ အမျိုးသားစာပေဆု ရရှိသည်။

ဆရာကြီး ကွယ်လွန်ခြင်းသည် မြန်မာ့စာပေလောကအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ်ပင်ဖြစ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့သို့ အမြန်ရထား G253 ဖြင့် ဆက်လက်ထွက်ခွာ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညနေပိုင်းတွင် ရှန်ဟိုင်းမြို့မှ ဟန်ကျိုးမြို့သို့ အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့ရှိ Hongqiao Railway Station မှ Hangzhou East Railway Station သို့ ပြေးဆွဲသည့် G253 အမြန်ရထားဖြင့် လိုက်ပါထွက်ခွာခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်မထွက်ခွာမီ ရှန်ဟိုင်းမြို့မှတာဝန်ရှိသူများက ဘူတာရုံတွင် လာရောက်ပိုဆောင် နှုတ်ဆက်ခဲ့ကြသည်။ ယခု...

တရုတ်၏ ကမ္ဘာ့စီးပွားရေးချိတ်ဆက်မှု မဟာဗျူဟာကို ဖော်ဆောင်နေသည့် လင်းကန်အထူးဒေသသို့ မြန်မာသမ္မတ သွားရောက်လေ့လာ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ (Shanghai Lingang Special Area) သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ လင်းကန်အထူးဒေသသည် တရုတ်နိုင်ငံက ၎င်း၏ စီးပွားရေးကို ကမ္ဘာနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ရည်ရွယ်ဖော်ဆောင်နေသည့် အရေးပါသော စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးရေးဇုန်တစ်ခုဖြစ်ပြီး ပိုမိုမြင့်မားသော တံခါးဖွင့်စီးပွားရေးစနစ်နှင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရန် ရည်မှန်းထားကြောင်းသိရသည်။ ပိုမိုနက်ရှိုင်း ကျယ်ပြန့်သော ကဏ္ဍများတွင် ဘက်စုံနှင့် အဆင့်မြင့်မားသော တံခါးဖွင့်ဝါဒ (အပြင်သို့ ပွင့်လင်းစွာ...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူညီချက် ရယူလိုကြောင်း ထရန့် ပြောကြား

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး ရုရှားကတော့ ဒုတိယနေရာမှာ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံကလည်း သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို တက်တက်ကြွကြွ တိုးမြှင့်တည်ဆောက်နေပြီး နောက် ၅ နှစ်အတွင်းမှာ သူတို့ (အမေရိကန်နဲ့ ရုရှား) ကို ရင်ပေါင်တန်းနိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ထရန့်က အခုလို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071