Monday, September 14, 2026

ဥရောပ ဓာတ်ငွေ့စျေး ၂၀၂၂ ဒီဇင်ဘာနောက်ပိုင်း...

​လန်ဒန် ICE စျေးကွက် ကုန်သွယ်မှု အချက်အလက်တွေအရ တနင်္လာနေ့ စျေးကွက်မှာ ဥရောပ ဓာတ်ငွေ့စျေးဟာ ကုဗမီတာ ၁,၀၀၀ ကို ဒေါ်လာ...

ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းပို့ဆောင်ရာတွင် ပစ္စည်းငွေကြေး ပျောက်ဆုံးမှုအား...

နေပြည်တော်၊ စက်တင်ဘာ ၁၄ ခရီးသည်တင် ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းများ ပို့ဆောင်ရာတွင် လမ်းခရီး၌ ပျောက်ဆုံးမှုနှင့် တာဝန်ယူမှု ပျက်ကွက်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် စားသုံးသူများ၏ တိုင်ကြားစာ...

နီပေါနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ...

နီပေါနိုင်ငံ၌ ဖြစ်ပွားခဲ့သော တောင်ကျရေဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ဘုရားကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း (မြန်မာကျပ်ငွေ သိန်း ၄၅၀ ခန့်)...

မန္တလေးတိုင်းဒေသကြီးတွင် လိုင်စင်မရှိဘဲ ပိုးသတ်ဆေးရောင်းချသည့် ဆိုင်များကို...

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးပစ္စည်းနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် "လိုင်စင်ရ ပိုးသတ်ဆေးသုံးစွဲသူများ အသိအမှတ်ပြုသင်တန်း" လိုင်စင်မရှိဘဲ ရောင်းချနေသည့် ဆိုင်များကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsတနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်း ဧက...

တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်း ဧက ၄ သိန်းကျော် စိုက်ပျိုးထားပြီး စားသုံးဆီရရှိရေး ဆီချောစက်ရုံ တည်ဆောက်ရန် စီစဉ်နေ​​

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း ဧက ၄ သိန်းကျော် စိုက်ပျိုးထားရှိပြီး ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ ရရှိနိုင်ရေးအတွက် ဆီချောစက်ရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။​

တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်း စိုက်ဧက စုစုပေါင်း ၄,၀၁,၆၀၅ ဧက စိုက်ပျိုးထားရှိပြီး အသီးခူးဧက ၁,၇၃,၉၂၆ ဧကမှ စုစုပေါင်း အထွက်နှုန်း တန်ချိန် ၂,၈၆,၆၄၀ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။​

မြန်မာတစ်နိုင်ငံလုံးတွင် ဆီအုန်းစိုက်ပျိုးခြင်းကို ရေမြေရာသီဥတု ကိုက်ညီသည့် တနင်္သာရီတိုင်းဒေသကြီး တစ်ခုတည်း၌သာ စီးပွားဖြစ် စိုက်ပျိုးနိုင်ခြင်းဖြစ်ပြီး တောင်ပိုင်းဒေသများဖြစ်သည့် ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရိုင်များအတွင်း ဧက အမြောက်အမြား စိုက်ပျိုးထားခြင်း ဖြစ်သည်။​

လက်ရှိတွင် ဒေသတွင်း၌ ထားဝယ်ခရိုင်တွင် ၁ ရုံ၊ ဘုတ်ပြင်းခရိုင်တွင် ၂ ရုံနှင့် ကော့သောင်းခရိုင်တွင် ၂ ရုံ စုစုပေါင်း ဆီကြမ်းစက်ရုံ ၅ ရုံ လည်ပတ်လျက်ရှိသော်လည်း အများပြည်သူ စားသုံးနိုင်သည့် ဆီချောထုတ်လုပ်မှု မပြုလုပ်နိုင်သေးသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီ ရရှိနိုင်ရေး ဆီချောစက်ရုံ တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။​

ထို့အပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆီအုန်းစိုက်ဧက ၃,၉၆,၃၉၅ ဧက၊ အသီးခူးဧက ၁,၇၈,၂၃၈ ဧကနှင့် ၁ ဧက လျှင် အထွက်နှုန်း ၃.၄၇ တန် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်းလည်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဥရောပ ဓာတ်ငွေ့စျေး ၂၀၂၂ ဒီဇင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁,၀၀၀ ကျော်သွားခဲ့

​လန်ဒန် ICE စျေးကွက် ကုန်သွယ်မှု အချက်အလက်တွေအရ တနင်္လာနေ့ စျေးကွက်မှာ ဥရောပ ဓာတ်ငွေ့စျေးဟာ ကုဗမီတာ ၁,၀၀၀ ကို ဒေါ်လာ ၁,၀၀၀ အထက် ရောက်သွားခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်တက်လာတာပါ။ ​နယ်သာလန်မှာရှိတဲ့ TTF စျေးကွက်ဗဟိုရဲ့ အောက်တိုဘာလ အနာဂတ်ကြိုတင်ရောင်းဝယ်မှုစျေးနှုန်းဟာ ကုဗမီတာ ၁,၀၀၀ ကို ဒေါ်လာ ၁,၀၀၄ ဝန်းကျင် (သို့မဟုတ် ၁ မဂ္ဂါဝပ်နာရီကို ၈၄.၀၇ ယူရို) အထိ မြင့်တက်သွားခဲ့ပါတယ်။ ​ဒါ့အပြင်...

ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းပို့ဆောင်ရာတွင် ပစ္စည်းငွေကြေး ပျောက်ဆုံးမှုအား စားသုံးသူရေးရာမှ ညှိနှိုင်းဖြေရှင်းပေးခဲ့

နေပြည်တော်၊ စက်တင်ဘာ ၁၄ ခရီးသည်တင် ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းများ ပို့ဆောင်ရာတွင် လမ်းခရီး၌ ပျောက်ဆုံးမှုနှင့် တာဝန်ယူမှု ပျက်ကွက်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် စားသုံးသူများ၏ တိုင်ကြားစာ (၃) စောင်အား သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ လျော်ကြေးငွေ ပေးလျော်စေရေး ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ ဖြစ်စဉ်များမှာ Redmi 13C အမျိုးအစား တန်ဖိုးရှိ ဖုန်းပါဆယ်ထုပ်အား အခြားသူတစ်ဦးမှ ထုတ်ယူသွားသဖြင့် တာဝန်ယူမှု မရှိသည့် ယာဉ်လိုင်းတစ်ခုအား တိုင်ကြားခဲ့ရာ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီတို့နှင့် ညှိနှိုင်း၍ လျော်ကြေးငွေ...

နီပေါနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း ထပ်မံလှူဒါန်း

နီပေါနိုင်ငံ၌ ဖြစ်ပွားခဲ့သော တောင်ကျရေဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ဘုရားကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း (မြန်မာကျပ်ငွေ သိန်း ၄၅၀ ခန့်) ကို ဒုတိယအကြိမ်အဖြစ် ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးထံသို့ သီတဂူဆရာတော်ကြီးကိုယ်တိုင် တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ နီပေါနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော တောင်ကျရေဘေးကြောင့် အသက်အိုးအိမ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071