Monday, September 14, 2026

ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းပို့ဆောင်ရာတွင် ပစ္စည်းငွေကြေး ပျောက်ဆုံးမှုအား...

နေပြည်တော်၊ စက်တင်ဘာ ၁၄ ခရီးသည်တင် ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းများ ပို့ဆောင်ရာတွင် လမ်းခရီး၌ ပျောက်ဆုံးမှုနှင့် တာဝန်ယူမှု ပျက်ကွက်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် စားသုံးသူများ၏ တိုင်ကြားစာ...

မန္တလေးတိုင်းဒေသကြီးတွင် လိုင်စင်မရှိဘဲ ပိုးသတ်ဆေးရောင်းချသည့် ဆိုင်များကို...

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးပစ္စည်းနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် "လိုင်စင်ရ ပိုးသတ်ဆေးသုံးစွဲသူများ အသိအမှတ်ပြုသင်တန်း" လိုင်စင်မရှိဘဲ ရောင်းချနေသည့် ဆိုင်များကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်း ဧက ၄...

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း ဧက ၄ သိန်းကျော် စိုက်ပျိုးထားရှိပြီး ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ ရရှိနိုင်ရေးအတွက် ဆီချောစက်ရုံတစ်ရုံ...

စစ်ကိုင်းခရိုင်တွင် ဆီထွက်သီးနှံ ဧက ၁...

စစ်ကိုင်း၊ စက်တင်ဘာ ၁၄ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် မြေပဲ၊ နှမ်းနှင့် နေကြာစသည့် ဆီထွက်သီးနှံ ၁၂၆,၄၄၀ ဒသမ ၈...
HomeNewsLocal Newsနီပေါနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ကြီးက...

နီပေါနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း ထပ်မံလှူဒါန်း

နီပေါနိုင်ငံ၌ ဖြစ်ပွားခဲ့သော တောင်ကျရေဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ဘုရားကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း (မြန်မာကျပ်ငွေ သိန်း ၄၅၀ ခန့်) ကို ဒုတိယအကြိမ်အဖြစ် ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးထံသို့ သီတဂူဆရာတော်ကြီးကိုယ်တိုင် တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

နီပေါနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော တောင်ကျရေဘေးကြောင့် အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

သီတဂူဆရာတော်ဘုရားကြီးသည် နီပေါနိုင်ငံနှင့် ဗုဒ္ဓဘာသာဆိုင်ရာ သာသနာပြုလုပ်ငန်းများ၊ လူမှုကူညီရေးလုပ်ငန်းများတွင် စဉ်ဆက်မပြတ် ပါဝင်ကူညီပေးလျက်ရှိသည်။

ဆောင်ရွက်ပေးမှုအရ ၂၀၁၄ ခုနှစ်တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီးကို ပံ့ပိုးကူညီ (Sponsor) ၍ ကျင်းပပေးခဲ့သည်။

၂၀၁၅ ခုနှစ်တွင် နီပေါနိုင်ငံ၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသူများအတွက် အမေရိကန်ဒေါ်လာ ၃ သောင်း လှူဒါန်းခဲ့သည်။

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးထံမှတစ်ဆင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ ၃၀ လှူဒါန်းခဲ့သည်။

ယခုလှူဒါန်းမှုသည် နီပေါနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ်မြောက် ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပြီး နီပေါ-မြန်မာ ချစ်ကြည်ရေးနှင့် ဗုဒ္ဓဘာသာဝင်ချင်း ကရုဏာတရားရှေ့ထား၍ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းပို့ဆောင်ရာတွင် ပစ္စည်းငွေကြေး ပျောက်ဆုံးမှုအား စားသုံးသူရေးရာမှ ညှိနှိုင်းဖြေရှင်းပေးခဲ့

နေပြည်တော်၊ စက်တင်ဘာ ၁၄ ခရီးသည်တင် ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းများ ပို့ဆောင်ရာတွင် လမ်းခရီး၌ ပျောက်ဆုံးမှုနှင့် တာဝန်ယူမှု ပျက်ကွက်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် စားသုံးသူများ၏ တိုင်ကြားစာ (၃) စောင်အား သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ လျော်ကြေးငွေ ပေးလျော်စေရေး ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ ဖြစ်စဉ်များမှာ Redmi 13C အမျိုးအစား တန်ဖိုးရှိ ဖုန်းပါဆယ်ထုပ်အား အခြားသူတစ်ဦးမှ ထုတ်ယူသွားသဖြင့် တာဝန်ယူမှု မရှိသည့် ယာဉ်လိုင်းတစ်ခုအား တိုင်ကြားခဲ့ရာ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီတို့နှင့် ညှိနှိုင်း၍ လျော်ကြေးငွေ...

မန္တလေးတိုင်းဒေသကြီးတွင် လိုင်စင်မရှိဘဲ ပိုးသတ်ဆေးရောင်းချသည့် ဆိုင်များကို ဥပဒေအရ အရေးယူမည်​​

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးပစ္စည်းနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် "လိုင်စင်ရ ပိုးသတ်ဆေးသုံးစွဲသူများ အသိအမှတ်ပြုသင်တန်း" လိုင်စင်မရှိဘဲ ရောင်းချနေသည့် ဆိုင်များကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။​ ပိုးသတ်ဆေးများသည် အပင်များတွင် ကျရောက်သည့် ပိုးမွှားများကို သေစေရုံမျှမက ကိုင်တွယ်သုံးစွဲသူများကိုပါ အဆိပ်သင့်စေပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ဆိုးကျိုးများပြားသည့်အတွက် စနစ်တကျ ကိုင်တွယ်သုံးစွဲတတ်စေရန် သင်တန်းတက်ရောက်ထားသူများကိုသာ ရောင်းချခွင့်ပြုခြင်းဖြစ်သည်။ "မန္တလေးတိုင်းအတွင်းမှာ ပိုးသတ်ဆေးဆိုင်ပေါင်း ၆၅၀ ကျော်ရှိပါတယ်။ ပိုးသတ်ဆေးတွေမှာပါတဲ့ AI လို့ခေါ်တဲ့ အဆိပ်သင့်ပစ္စည်းတွေဟာ စနစ်တကျ မသုံးစွဲရင် သုံးစွဲသူရော...

တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်း ဧက ၄ သိန်းကျော် စိုက်ပျိုးထားပြီး စားသုံးဆီရရှိရေး ဆီချောစက်ရုံ တည်ဆောက်ရန် စီစဉ်နေ​​

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း ဧက ၄ သိန်းကျော် စိုက်ပျိုးထားရှိပြီး ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ ရရှိနိုင်ရေးအတွက် ဆီချောစက်ရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။​ တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်း စိုက်ဧက စုစုပေါင်း ၄,၀၁,၆၀၅ ဧက စိုက်ပျိုးထားရှိပြီး အသီးခူးဧက ၁,၇၃,၉၂၆ ဧကမှ စုစုပေါင်း အထွက်နှုန်း တန်ချိန် ၂,၈၆,၆၄၀ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။​ မြန်မာတစ်နိုင်ငံလုံးတွင် ဆီအုန်းစိုက်ပျိုးခြင်းကို ရေမြေရာသီဥတု ကိုက်ညီသည့် တနင်္သာရီတိုင်းဒေသကြီး တစ်ခုတည်း၌သာ စီးပွားဖြစ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071