ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့
တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အ စည်းအဝေး တတိယနေ့ကို ဇွန် ၅ ရက်နံနက် ၁၀ နာရီကကျင်းပပြီး ဦးသက်ပုံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီကိုဖွဲ့ စည်းခဲ့ပြီးနောက် ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် စစ်ကိုင်းမဲ ဆန္ဒနယ်မှ ဦးသက်ပုံ၊ အတွင်းရေးမှူးအဖြစ် ချောင်းဦးမဲဆန္ဒနယ်မှ ဦးထွန်းလွင်တို့အပါအဝင် အဖွဲ့ဝင် (၁၅) ဦး ဖြင့်တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးတို့ကိုလည်း လွှတ်တော်က အတည်ပြုသည်ဟုကြေညာခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာမျိုးထွန်းနှင့် အတွင်းရေးမှူးအဖြစ် မှော်ဘီမဲဆန္ဒနယ်မှ ဒေါက်တာနေလင်းတို့အပါအဝင် အဖွဲ့ဝင် (၁၅) ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန် ၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
