Thursday, May 21, 2026

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး...

နှစ်ပေါင်း (၈) သန်းသက်တမ်းရှိ စတီဂိုလိုဖိုဒွန်...

နှစ်ပေါင်း (၈) သန်းခန့် သက်တမ်းရှိသည်ဟု ခန့်မှန်းထားသော စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ အပါအဝင် ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခုကို...

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ ပူးပေါင်းဖြေရှင်းရေး...

နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးသည့် “မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းရေး...

တစ်ရက်တည်း ဧဝရက်တောင်သို့ တောင်တက်သမား ၂၇၄...

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရက်တောင်သို့ မေ ၂၁ ရက်တစ်ရက်တည်းအတွင်း တောင်တက်သမား ၂၇၄ ဦး တက်ရောက်နိုင်ခဲ့ကြောင်း နီပေါတောင်တက်အရာရှိများက ပြောကြားခဲ့ပြီး ယင်းသည် နီပေါဘက်ခြမ်းမှ...
HomeNewsLocal Newsဆေးရုံတက်နေသည့် ထိုင်းမင်းသမီး “ဘာ”...

ဆေးရုံတက်နေသည့် ထိုင်းမင်းသမီး “ဘာ” ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာ

ထိုင်းတော်ဝင်မိသားစုဝင် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါ၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း ထိုင်းတော်ဝင်နန်းတော်က မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အသက် ၄၇ နှစ်အရွယ် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါသည် ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်း၏ အကြီးဆုံးသမီးတော်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ခွေးလေ့ကျင့်ရေးသင်တန်းတစ်ခု၌ ဖျားနာပြီးနောက် ဆေးရုံတက်ကုသမှု ခံယူနေခဲ့ရခြင်းဖြစ်သည်။

ယခင်က နန်းတော်ထုတ်ပြန်ချက်များအရ မင်းသမီးသည် သွေးလည်ပတ်မှုဆိုင်ရာ ပြင်းထန်သည့်ရောဂါခံစားခဲ့ရပြီး အဆုတ်နှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ဆေးဝါးများဖြင့် ထောက်ပံ့ပေးနေရကြောင်း သိရသည်။

မေ ၂၁ ရက် ထုတ်ပြန်ချက်တွင် မင်းသမီးမှာ အူမကြီးရောင်ရမ်းမှုကြောင့် ဝမ်းဗိုက်အတွင်း ပိုးဝင်ကူးစက်မှုဖြစ်ပွားခဲ့ပြီး သွေးပေါင်ကျခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် ပုံမှန်မဟုတ်သော သွေးခဲခြင်းတို့ကိုလည်း ခံစားနေရကြောင်း ထိုင်းတော်ဝင်အိမ်တော်ထိန်းဗျူရိုက ဖော်ပြခဲ့သည်။

နန်းတော်၏ ထုတ်ပြန်ချက်အရ ရောဂါအခြေအနေကို ထိန်းချုပ်ရန် ခက်ခဲနေပြီး အခြားအင်္ဂါအစိတ်အပိုင်းများသို့လည်း သက်ရောက်မှုများ ရှိလာကြောင်း သိရသည်။

မင်းသမီး ဘာဂျရာကီတီယာဘာသည် ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပညာသင်ကြားခဲ့သူဖြစ်ပြီး ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့ကာ အကျဉ်းထောင်အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်ခဲ့သူဖြစ်သည်။

ထိုင်းပြည်သူများအကြား “မင်းသမီး ဘာ” ဟု လူသိများသည့် မင်းသမီးသည် ဘုရင် မဟာဝဇီရလောင်ကွန်း၏ ပထမအိမ်ထောင်မှ တစ်ဦးတည်းသော သမီးတော်ဖြစ်ပြီး ဆေးရုံမတက်မီ တစ်နှစ်ခန့်က ဖခင်၏ ကိုယ်ရံတော်တပ်ဖွဲ့တွင် အကြီးတန်းရာထူးတစ်ခုသို့ ခန့်အပ်ခံခဲ့ရသည်။

အသက် ၇၃ နှစ်အရွယ် ဘုရင် မဟာဝဇီရလောင်ကွန်းတွင် အိမ်ထောင်လေးဆက်မှ သားသမီးခုနစ်ဦးရှိသော်လည်း လက်ရှိအချိန်အထိ နန်းမွေဆက်ခံမည့်သူကို တရားဝင် ကြေညာထားခြင်းမရှိသေးကြောင်း သိရသည်။

Ref: The Straits Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး သီး၌ ပင်စင်လစာထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ရောင်းချပေးခဲ့သည်။

နှစ်ပေါင်း (၈) သန်းသက်တမ်းရှိ စတီဂိုလိုဖိုဒွန် ရှေးဦးဆင်ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခု ပြတိုက်သို့ လွှဲပြောင်းပေးအပ်

နှစ်ပေါင်း (၈) သန်းခန့် သက်တမ်းရှိသည်ဟု ခန့်မှန်းထားသော စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ အပါအဝင် ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခုကို မေ ၁၈ ရက်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လွှဲပြောင်းပေးအပ်သည့် ရှေးဟောင်းဇီဝရုပ်ကြွင်းများတွင် စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ၊ ရှေးဦးကြံ့၏ သွားပါအောက်မေးရိုးနှင့် အောက်အံသွားအစိတ်အပိုင်းများ၊ ရေမြင်းမျိုးနွယ်ဝင် တိရစ္ဆာန်၏ အောက်မေးရိုးအပိုင်းအစ၊ ရှေးဦးကျွဲနွားမျိုးစိတ်၏ ခြေဆစ်လက်ဆစ်ရိုးများ၊ ရှေးဦးသစ်ကုလားအုတ်၏ သွားပါအောက်မေးရိုးနှင့် ဆင်အံသွားအပိုင်းအစများအပြင် အခြားနို့တိုက်သတ္တဝါများ၏...

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ ပူးပေါင်းဖြေရှင်းရေး ဆွေးနွေးပွဲ ကျင်းပ

နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးသည့် “မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပလျက်ရှိကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေ ၁၉ ရက်မှ မေ ၂၂ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တွင် ကျင်းပလျက်ရှိပြီး မေ ၁၉ ရက်က ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်မြို့) မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း တက်ရောက်ခဲ့ကြောင်း သိရသည်။ သန့်ရှင်းသောလေထု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071