Friday, May 8, 2026

အုပ်စုအဆင့်နှင့်ပင် ကျေနပ်ခဲ့ရပြီဖြစ်တဲ့ မြန်မာ ယူ-၁၇...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ဒီကနေ့ မေ (၇)ရက် ညနေ (၆) နာရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရလဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်အတွက်...

ရန်ကုန်တိုင်းအတွင်း အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားကို ၂၀၂၆...

မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာတွင် ယနေ့ မေ ၇ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်၍ လျှပ်စစ် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ...

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...
HomeMyanmar Theatrical Traditionဆိုင်းပညာကို မြတ်နိုးတဲ့ လူငယ်တွေတွေများများ...

ဆိုင်းပညာကို မြတ်နိုးတဲ့ လူငယ်တွေတွေများများ ထွက်ပေါ်စေချင်တဲ့ ဆိုင်းပညာရှင် မွန်ပြည်နယ် ကိုကိုနိုင်

Mon-Ko-Ko-Naing

မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး (ဗဟို)မှ ဆိုင်းပညာရပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းစည်း ကမ်းများအပေါ် ဆိုင်းပညာရှင်တစ်ဦးအနေနဲ့ ထောက်ခံပါကြောင်း မွန်ပြည်နယ် ကိုကိုနိုင်က ပြောပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေ အပေါ် နားလည်မှုလွဲတဲ့ ဆိုင်းပညာရှင်တွေရှိပေမယ့် လည်း ဒါတွေကတစ်ချိန်မှာ အဖြေပေါ်သွားမှာဖြစ် ကြောင်း၊ ရန်ကုန်တိုင်းအနေနဲ့ကတော့ ဒီစည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြန်မှုအပေါ်မှာ ပြဿနာအကြီး ကြီးမဖြစ်ဘဲဆိုင်း ၆၄ဆိုင်းမှာ ဆိုင်း၆ဝက သဘောတူကြ ပြီး ကျန်တဲ့၎ဆိုင်းကတော့ သဘောထားကွဲလွဲမှုရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး သဘင်အစည်းအရုံးရဲ့ အတွင်းရေးမှူးတစ်ဦးလည်းဖြစ်တဲ့ မွန်ပြည်နယ် ကိုကိုနိုင်က ရန်ကုန်တိုင်းအတွင်းက ဆိုင်းအဖွဲ့များနဲ့ ပတ်သက်လို့ ပြောပြပါတယ်။

သူ့အနေနဲ့လည်း မွန်ပြည်နယ် ကိုကိုနိုင်ရယ်လို့ နာမည်ရလာတာက ဂစ်တာတွေ၊ အော်ဂင်တွေမပါဘဲ နဲ့ ဆိုင်းတီးလုံးတွေ အလှူသီချင်းတွေကြောင့် ကျော် ကြားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“အခုဆိုရင် လူငယ်ဆိုင်းဆရာတွေများလာတယ်။ လူငယ်ဆိုင်းဆရာတွေကိုလည်း အဓိကတော့ နာမည် ရစေချင်တယ်။ ခေတ်သီချင်းတီးတာမှာ နာမည်ရမယ် လို့လည်း တချို့ကတွက်တယ်။ တချို့ကလည်း အနု ပညာကိုမြတ်နိုးစွာနဲ့ ဆိုင်းတီးလုံးတွေ၊ စိန်ဗေဒါ တီးလုံးတွေ၊ စိန်စတင်းတီးကွက်၊ စိန်ဗိုလ်တင့်တီးကွက် အဲဒီလိုတီးလို့နာမည်ရတာနဲ့ ခေတ်သီချင်းတီးလို့ နာ မည်ရတာမှာ တကယ်တမ်းကျတော့ ရှေးဆရာကြီး တွေရဲ့တီးလုံးတွေကို တီးပြီး နာမည်ရတာကတော့ ပိုအနှစ်များတာပေါ့။ ဆိုင်းကို မြတ်နိုးသော ပုဂ္ဂိုလ် တွေရှိသလို စီးပွားရေး ကိုမြတ် နိုးသော ပုဂ္ဂိုလ်များလည်း ရှိတယ်။ မြတ်နိုးတာချင်းတူပေမယ့် ဆိုင်းပညာကို မြတ်နိုးတဲ့ ကလေးတွေများပါစေလို့ ဆုတောင်းပါ တယ်”လို့ ဆိုင်းပညာရပ်နဲ့ပတ်သက်ပြီး လူငယ်မျိုးဆက် သစ်တွေကို မွန်ပြည်နယ် ကိုကိုနိုင်က ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071