စပိန်နိုင်ငံတောင်ပိုင်းတွင် တောမီးဘေးမှ ထွက်ပြေးရန်ကြိုးပမ်းရင်း အနည်းဆုံး လူ ၁၂ ဦး ေ-သဆုံးခဲ့ပြီး ၂၃ ဦး ပျေ-ာက်ဆုံးလျက်ရှိကြောင်း အရာရှိများက သောကြာနေ့တွင် ပြောကြားခဲ့ပြီး မီးသတ်သမားများသည် နိုင်ငံ၏ စံချိန်တင် လူအေ-သအပျေ-ာက်အများဆုံး တောမီးလေ-ာင်ကျွမ်းမှုများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။
ေ-သဆုံးသူများထဲတွင် စပိန်လူမျိုးတစ်ဦးပါဝင်ပြီး ကျန်သူများမှာ ဘေးကင်းရာတွင် ခိုလှုံရန် ညွှန်ကြားချက်များကို လျစ်လျူရှုခဲ့သော နိုင်ငံခြားသားများဖြစ်ပုံရကြောင်း အန်ဒါလူစီယာဒေသ အရေးပေါ်ဌာနအကြီးအကဲ အန်တိုနီယိုဆန်းဇ်က ပြောကြားခဲ့သည်။
ေ-သဆုံးသူများသည် အယ်လ်မာရီယာပြည်နယ် လော့စ်ဂါလာဒို့စ်မြို့တစ်ဝိုက်ရှိ သစ်တောဧရိယာတစ်ခုမှတဆင့် ကားဖြင့် ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း လေပြင်းတို-က်ခတ်မှုကြောင့် အလျင်အမြန်ပျံ့နှံ့နေခဲ့သည့် မီးတောက်များကြောင့် မီးလေ-ာင်ေ-သဆုံးခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။
ညာဘက်တွင် ရှိနေသော ကားစတီယာရင်၏ အနေအထားအရ ဗြိတိန်နိုင်ငံသားများဟု ယူဆရသူ လေးဦးသည် ကားတစ်စီးအတွင်း ေ-သဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အခြားရှစ်ဦးသည် ကားများကို စွန့်ပစ်ကာ ဘေးလွတ်ရာရွှေ့ပြောင်းရေးအစီအစဉ်တွင် မပါဝင်သော လမ်းကြောင်းအတိုင်း ခြေလျင်ထွက်ပြေးရန် ကြိုးစားပြီးနောက် ေ-သဆုံးလျက်တွေ့ရှိခဲ့သည်။ မီးကျွမ်းထားသော ရုပ်အလေ-ာင်းများကို ဒီအင်န်အေ စစ်ဆေး၍ ခွဲခြားသတ်မှတ်ရန် လိုအပ်နေဆဲဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
“မီးက ယမ်းမှုန့်လေ-ာင်သလို ပျံ့နှံ့သွားတယ်”ဟု အန်ဒါလူစီယာဒေသခေါင်းဆောင် ဂျူအန် မန်နျူရယ် မိုရီနိုက သတင်းထောက်များကို ပြောကြားခဲ့ပြီး မီးလောင်ကျွမ်းမှုသည် “ကျွန်တော်တွေ့ဖူးသမျှမှာ အမြန်ဆုံးနဲ့ အရှုပ်ထွေးဆုံး လေ-ာင်ကျွမ်းမှုတစ်ခုပါ” ဟု မှတ်ချက်ပြုခဲ့သည်။
ပျေ-ာက်ဆုံးနေသူများထဲမှ အချို့သည် တောထဲတွင် လမ်းပျောက်နေသော တောင်တက်သမားများဖြစ်နိုင်သည်ဟု မိုရီနိုက ပြောဆိုသည်။ ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်ပွားရာနေရာတွင် လမ်းလျှောက်တုတ် အများအပြားကို တွေ့ရှိခဲ့သည်။
အဖြစ်အပျက်များသည် ၂၀၁၇ ခုနှစ်က အိမ်နီးချင်း ပေါ်တူဂီနိုင်ငံတွင် အပူလှိုင်းကြောင့် ကြီးမားသည့် တောမီးလေ-ာင်ကျွမ်းခဲ့မှု အခြေအနေများနှင့် ဆင်တူနေပြီး ယင်းဖြစ်ရပ်တွင် လူပေါင်း ၆၀ ကျော် ေ-သဆုံးခဲ့ရာ၌ ထက်ဝက်ခန့်သည် ၎င်းတို့၏ ကားများအတွင်း မီးလေ-ာင်ေ-သဆုံးခဲ့ခြင်းဖြစ်သည်။
Ref: ယဟျူးနူးစ်
