Monday, July 13, 2026

ဘယ်လ်ဂျီယံကို အနိုင်ယူပြီး စပိန် ဆီမီးဖိုင်နယ်တက်၊

ပြင်သစ်နှင့် ပွဲကြီးပွဲကောင်း တွေ့ဆုံမည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်တွင် စပိန်အသင်းသည် ဘယ်လ်ဂျီယံအသင်းကို ၂-၁ ရလဒ်ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့ပြီ...

ရေကြီးနေတဲ့ ကွမ်ရှီးမှာ ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့...

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး ကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ရေကြီးနေတဲ့ ကွေ့ကန် (Guigang) မြို့မှာ ပိတ်မိနေတဲ့ ထောင်ချီတဲ့ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို စက်တပ်ရေပေါ်တံတား...

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ရေးနှင့်...

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ရောင်းဝယ်နိုင်ရေးနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ...

လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ပိုမိုခိုင်မာအားကောင်းစေရေး ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး...

ပြည်သူများ၏ လူမှုဘဝလုံခြုံရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်ကို ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်သုံးသပ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်...
HomeInternationalအာဆီယံနှင့် တရုတ်နိုင်ငံကို ချိတ်ဆက်ပေးလိုက်သည့် ...

အာဆီယံနှင့် တရုတ်နိုင်ငံကို ချိတ်ဆက်ပေးလိုက်သည့်  တရုတ်-လာအို နိုင်ငံဖြတ်ကျော် ရထားလမ်းကြီး

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်း မှ လာအိုနိုင်ငံ၏ မြို့တော် ဗီယန်ကျင်း  အထိ ကီလိုမီတာ ၁,၀၀၀ ကျော် (၁,၀၃၅ ကီလိုမီတာ) ရှည်လျားသည့် နိုင်ငံဖြတ်ကျော် မီးရထားလမ်းမကြီး သည် ၅နှစ်​ကျော်ကြာ တည်​ဆောက်ခဲ့ပြီး ၂၀၂၁ ခုမှ စတင်​​ပြေးဆွဲ​နေရာ ၅ နှစ်ရှိလာပြီဖြစ်သည်။ ဤမဟာဗျူဟာမြောက် ရထားလမ်းကြီးသည် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း (Belt and Road Initiative – BRI) ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယခင်က ကုန်းပိတ်နိုင်ငံတစ်ခု ဖြစ်ခဲ့သည့် လာအိုနိုင်ငံကို ကုန်းတွင်းချင်း ချိတ်ဆက်မိသည့် အချက်အချာနိုင်ငံ (Land-linked Hub) တစ်ခုအဖြစ် လုံးဝအသွင်ပြောင်းလဲပေးခဲ့သည်။ ရထားအမျိုးအစားနှင့် ပြေးဆွဲမှု ကျည်ဆန်ရထားစတိုင် ဒီဇိုင်း ပုံတွင် မြင်တွေ့ရသည့်အနီ၊ အပြာ၊ အဖြူစပ် လာအိုအမျိုးသားအလံ အရောင်များ ခြယ်သထားသည့် ရထားကြီးမှာ လာအို-တရုတ် ဖက်စပ်ထုတ်လုပ်ထားသော “လန်ဆန်း” (Lane Xang) ဟု အမည်ရသည့် အမြန်နှုန်းမြင့် လျှပ်စစ်ရထား (EMU) ဖြစ်သည်။ ၎င်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ နှုန်းဖြင့် ခရီးသည်များကို ဘေးကင်းမြန်ဆန်စွာ သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။ လူစီးရထား အမြန်တွင် တွဲဆိုင်းများမှာ ရိုးရိုး နှင့် အဆင့်မြင့်ရှိသည်။ ရထား​ပေါ် ​ဆေးလိပ်​သောက်ခွင့်မရှိသဖြင့် ဘူတာ၌ ခနရပ်လျှင် ခရီးသည်များ ပလက်​ဖောင်း​ပေါ်​ပြေးဆင်းကာ ​ဆေးလိပ်ဆင်း​သောက်ကြသည်။ ၁၀ နာရီခွဲဖြင့် နိုင်ငံဖြတ်ကျော်နိုင်ခြင်း ယခင်က ကူမင်းမှ ဗီယန်ကျင်းသို့ မော်တော်ကားလမ်းဖြင့် သွားလာပါက ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း၊ ယခုအခါ ဤနိုင်ငံဖြတ်ကျော် အမြန်ရထားကြီးကြောင့် နယ်စပ်ဖြတ်ကျော် လူဝင်မှုကြီးကြပ်ရေး (Immigration) စစ်ဆေးသည့် အချိန်အပါအဝင် စုစုပေါင်း ၁၀ နာရီခွဲခန့် သာ ကြာမြင့်တော့သည်။ လွန်ပရာဘန် ဖက်​ရောက်ခါနီးလာလျှင်​တောင်များ ထူထပ်လှသဖြင့် ဥမင်များထဲက ဖြတ်ရသည်။ မိုးကြီးလျှင်​ ဥမင်ဂူထဲ ​ရေဖြတ်သဖြင့် ရထားများ နာရီပိုင်းခန့်​စောင့်ရတတ်သည်။ ကုန်ရထား​ပြေးဆွဲမှုအ​ခြေအ​နေ ကုန်တွဲများလည်း ဤရထားလမ်းကိုအသုံးပြုဆွဲ​နေသည်။ ၂၀၂၆ ခုနှစ်အတွင်း  ဇွန်လအထိ တရုတ်-လာအို ရထားလမ်း၏ စုစုပေါင်း ကုန်စည်သယ်ယူပို့ဆောင်မှု ပမာဏသည် တန်ချိန် ၁၀ သန်းကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းအနက် နိုင်ငံဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်မှု ပမာဏသည် တန်ချိန် ၂ ဒသမ ၅ သန်းကျော် ရှိခဲ့ပြီး၊ တစ်ရက်လျှင် ပျမ်းမျှကုန်စည်သယ်ယူပို့ဆောင်မှု ပမာဏမှာ တန်ချိန် ၆၇,၀၀၀ ရှိခဲ့ကြောင်း သိရသည်။တရုတ် ကုန်များသည် လာအိုနိုင်ငံတွင်းသို့ ၂၆ နာရီအတွင်း​ရောက်ရှိသည့် အ​နေအထားဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၏ တံခါးဖွင့်ဝါဒ အခင်းအကျင်းကို ပိုမိုမြင်လာရပြီး နိုင်ငံဖြတ်ကျော် ရထားလမ်းစင်္ကြံ၏ ဘက်စုံတန်ဖိုးများကိုလည်း ​တွေ့ရသည်။ စီးပွားရေးနှင့် ခရီးသွားကဏ္ဍ အလှည့်အပြောင်း ဤရထားလမ်းကြီးသည် တရုတ်နိုင်ငံတောင်ပိုင်းမှတစ်ဆင့် လာအို၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် အာဆီယံဒေသတစ်ခုလုံးသို့ ကုန်းလမ်းဖြင့် ကုန်စည်စီးဆင်းမှုကို အဆမတန် မြန်ဆန်သွားစေခဲ့သည်။ လာအိုနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များနှင့် ပိုးထည်ကဲ့သို့သော လက်မှုအနုပညာပစ္စည်းများကို တရုတ်ဈေးကွက်ကြီးဆီသို့ တိုက်ရိုက်တင်ပို့နိုင်သလို၊ တရုတ်နိုင်ငံဘက်မှလည်း ခေတ်မီစက်မှုကုန်ကြမ်းများနှင့် နည်းပညာပစ္စည်းများကို အပြန်အလှန် လွယ်ကူစွာ တင်သွင်းနိုင်ခဲ့သည်။ ထို့ပြင် တရုတ်ခရီးသွား ဧည့်သည်အမြောက်အမြားကို လာအိုနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်မြို့တော် လွန်ပရာဘန်နှင့် ဗီယန်ကျင်းမြို့များဆီသို့ အလုံးအရင်း ဝင်ရောက်လာစေသဖြင့် ဒေသခံတို့၏ လူမှုစီးပွားဘဝနှင့် ဟိုတယ်၊ စားသောက်ကုန်လုပ်ငန်းများကို မြှင့်တင်ပေးနိုင်ခဲ့သည့် ရထားလမ်းကြီး ဖြစ်သည်.

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လ်ဂျီယံကို အနိုင်ယူပြီး စပိန် ဆီမီးဖိုင်နယ်တက်၊

ပြင်သစ်နှင့် ပွဲကြီးပွဲကောင်း တွေ့ဆုံမည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်တွင် စပိန်အသင်းသည် ဘယ်လ်ဂျီယံအသင်းကို ၂-၁ ရလဒ်ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။ အဆိုပါပွဲစဉ်တွင် စပိန်အသင်းအတွက် အဖိုးတန်ဦးဆောင်ဂိုးကို ပွဲချိန် ၂၉ မိနစ်တွင် ဖာဘီယန် ရူးစ် က သွင်းယူခဲ့သော်လည်း၊ ပွဲချိန် ၄၀ မိနစ်တွင် ဘယ်လ်ဂျီယံတိုက်စစ်မှူး ဒီကက်တဲလဲယားက ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။ သို့သော်လည်း ပွဲပြီးခါနီး ပွဲချိန် ၈၇ မိနစ်တွင် မီကေလ် မာရီနိုက စပိန်အသင်းအတွက် အနိုင်ဂိုးကို အပိုင်ကန်သွင်းယူပေးခဲ့သဖြင့်...

ရေကြီးနေတဲ့ ကွမ်ရှီးမှာ ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို စက်တပ်ရေပေါ်တံတားတွေနဲ့ ကယ်ထုတ်ပေးနိုင်ခဲ့

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး ကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ရေကြီးနေတဲ့ ကွေ့ကန် (Guigang) မြို့မှာ ပိတ်မိနေတဲ့ ထောင်ချီတဲ့ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို စက်တပ်ရေပေါ်တံတား တွေသုံးပြီး ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနေရာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၃၉ ယောက် သေဆုံးခဲ့ပြီး တခြား ၉ ယောက်ကတော့ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။ အင်္ဂါနေ့ နှောင်းပိုင်းမှာ စံချိန်တင် မိုးရွာသွန်းခဲ့တာကြောင့် ကွေ့ကန်မြို့မှာ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်း ပညာရေးနယ်မြေတစ်ခုမှာ ကျောင်းသားတွေနဲ့ ဆရာဆရာမ ထောင်ပေါင်းများစွာ ပိတ်မိသွားခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မှာတော့...

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ရောင်းဝယ်နိုင်ရေးနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Dr. Md. Monwar Hossain တို့က ဇူလိုင် ၁၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ကုန်သွယ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပင်လယ်ကွေ့ဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်နေသည့် စွမ်းအင်ကဏ္ဍဆိုင်ရာ အခက်အခဲများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071