Thursday, September 24, 2026

ရန်ကုန်တိုင်း၌ သမဝါယမအရောင်းဆိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမဝါယမစနစ်ဖြင့် တောင်သူများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ ထုတ်လုပ်မှုစရိတ်...

UN အထွေထွေညီလာခံမှတစ်ဆင့် ထိုင်းကို ကမ္ဘာ့အာရုံစိုက်မှုရရှိစေရန်...

နယူးယောက်၊ စက်တင်ဘာ ၂၃ နယူးယောက်မြို့တွင် ကျင်းပနေသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) သို့ တက်ရောက်ခြင်းမှတစ်ဆင့် ထိုင်းနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများ၏ အာရုံစိုက်မှု...

တိုက်ဖွန်း ဒူဂျွမ်ကြောင့် တိုကျိုအနီးတစ်ဝိုက် ကိုးဦး‌ေ-သဆုံး၊...

တိုကျို၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ ကန်တိုဒေသသို့ တိုက်ဖွန်းမုန်တိုင်း ဒူဂျွမ် (Dujuan) ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုကျိုမြို့အနီးတစ်ဝိုက်တွင် လူကိုးဦး ‌ေ-သဆုံးပြီး လေးဦး...

အာရှအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး...

ရန်ကုန်၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက်...
HomeNewsLocal Newsစက်သုံးဆီကို မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြန်လည်တင်သွင်းခွင့်ပြုရန်...

စက်သုံးဆီကို မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြန်လည်တင်သွင်းခွင့်ပြုရန် စိစစ်ဆောင်ရွက်မည်

နေပြည်တော်၊ စက်တင်ဘာ ၂၂

မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း၏ လက်ရှိ နယ်မြေအခြေအနေများကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စက်သုံးဆီတင်သွင်းရန် အခက်အခဲများ ရှိနေသော်လည်း ယခင်တင်သွင်းခဲ့သည့် အခြေအနေများနှင့် အခြားနယ်စပ်စခန်းများမှ တင်သွင်းနိုင်မှု အခြေအနေများကို စိစစ်၍ ပြန်လည်တင်သွင်းခွင့်ပြုနိုင်ရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောကြားလိုက်သည်။

ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မူဆယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မိုး (ခ) အောင်ဇော်မိုးထွန်း၏ မူဆယ်မြို့တွင် စက်သုံးဆီဈေးနှုန်း သက်သာစွာ ဝယ်ယူနိုင်ရန် တရုတ်နိုင်ငံမှ စက်သုံးဆီတင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင်အား မည်သည့်အချိန်တွင် စတင်ချထားပေးမည်နည်းဟူသော မေးမြန်းချက်ကို ဒုတိယဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မူဆယ်၊ ကွတ်ခိုင်၊ တန့်ယန်းနှင့် လားရှိုးခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ ဖြန့်ဖြူးပေးနိုင်ရန် စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းလိုင်စင်ရရှိထားသော ကုမ္ပဏီ ၄ ခုကို ၂၀၂၃ ခုနှစ် မတ်လမှစ၍ မူဆယ်နယ်စပ်မှတစ်ဆင့် စက်သုံးဆီများ တင်သွင်းစေ၍ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ Pilot Project အနေဖြင့် စမ်းသပ်တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီ ၄ ခုမှ လစဉ် ဓာတ်ဆီတန် ၁,၀၀၀ နှင့် ဒီဇယ်တန် ၁,၀၀၀ ခန့် တင်သွင်းဖြန့်ဖြူးနိုင်ခဲ့ကြောင်း သိရသည်။သို့သော် ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်တွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ကုန်သွယ်ရေးဂိတ်များ ပိတ်သွားသဖြင့် မူဆယ်မြို့ပေါ်ရှိ မန်ဝိန်းဂိတ်မှတစ်ဆင့် ပြောင်းလဲတင်သွင်းစေခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်တွင် တရုတ်နိုင်ငံမှ စက်သုံးဆီတင်သွင်းမှုကို ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လတွင်မှ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ကြောင်း၊ တစ်လလျှင် ဓာတ်ဆီတန် ၄၀၀ နှင့် ဒီဇယ်တန် ၄၀၀ ခန့် တင်သွင်းနိုင်ခဲ့ကာ သွင်းကုန်လိုင်စင်ခွင့်ပြုသည့်ပမာဏများ ကုန်ဆုံးသွားသောကြောင့် ၂၀၂၅ ခုနှစ် ဇူလိုင်လဆန်းအထိသာ တင်သွင်းနိုင်ခဲ့ပြီး ထပ်မံ၍ သွင်းကုန်လိုင်စင်ခွင့်ပြုပေးနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်း၌ သမဝါယမအရောင်းဆိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမဝါယမစနစ်ဖြင့် တောင်သူများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက်စေရေးတို့အတွက် ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင် တက်ရောက်ခဲ့ပြီး သမဝါယမစနစ်သည် တောင်သူများနှင့် MSME လုပ်ငန်းများ၏ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ သွင်းအားစုရရှိရေးနှင့်...

UN အထွေထွေညီလာခံမှတစ်ဆင့် ထိုင်းကို ကမ္ဘာ့အာရုံစိုက်မှုရရှိစေရန် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် အနူတင်ပြော

နယူးယောက်၊ စက်တင်ဘာ ၂၃ နယူးယောက်မြို့တွင် ကျင်းပနေသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) သို့ တက်ရောက်ခြင်းမှတစ်ဆင့် ထိုင်းနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများ၏ အာရုံစိုက်မှု ပိုမိုရရှိစေရန်နှင့် နိုင်ငံခြားခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ထိုင်းနိုင်ငံအပေါ် ယုံကြည်မှု ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ပြောကြားသည်။ ဝန်ကြီးချုပ် အနူတင်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း နိုင်ငံအသီးသီးမှ ခေါင်းဆောင်များအပြင် ပုဂ္ဂလိကကဏ္ဍ၊ စီးပွားရေးကောင်စီများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း...

တိုက်ဖွန်း ဒူဂျွမ်ကြောင့် တိုကျိုအနီးတစ်ဝိုက် ကိုးဦး‌ေ-သဆုံး၊ လေးဦးပျေ-ာက်ဆုံး

တိုကျို၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ ကန်တိုဒေသသို့ တိုက်ဖွန်းမုန်တိုင်း ဒူဂျွမ် (Dujuan) ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုကျိုမြို့အနီးတစ်ဝိုက်တွင် လူကိုးဦး ‌ေ-သဆုံးပြီး လေးဦး ပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။ စက်တင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ ရရှိထားသည့် စာရင်းများအရ တိုကျိုမြို့အရှေ့ဘက် ချီဘာစီရင်စုတွင် ခြောက်ဦးနှင့် ကာနာဂါဝါစီရင်စုတွင် သုံးဦး ‌ေ-သဆုံးခဲ့သည်။ စီရင်စုနှစ်ခုတွင် ပျေ-ာက်ဆုံးသူ နှစ်ဦးစီရှိပြီး ကာနာဂါဝါစီရင်စု၌ တစ်ဦး အပြင်းအထန်ဒ-ဏ်ရာရရှိထားသည်။ တိုက်ဖွန်း ဒူဂျွမ်သည် စက်တင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071