Monday, May 25, 2026

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု...

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်...

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ...

မိုးရာသီ Rice Export Zone...

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ...
HomeNewsLocal Newsစက်သုံးဆီ ဈေးအနည်းငယ်ပြန်ကျ၊သုံးစွဲသူများအတွက် သက်သာသည့်ဈေးမဟုတ်သေး

စက်သုံးဆီ ဈေးအနည်းငယ်ပြန်ကျ၊သုံးစွဲသူများအတွက် သက်သာသည့်ဈေးမဟုတ်သေး

စက်သုံးဆီ ဈေးအနည်းငယ်ပြန်ကျ၊သုံးစွဲသူများအတွက် သက်သာသည့်ဈေးမဟုတ်သေး

Unicode

စက်တင်ဘာလအတွင်းမှာ စံချိန်တင်မြင့်တက်ခဲ့တဲ့ စက်သုံးဆီဈေးဟာ အခုရက်ပိုင်းထဲ အနည်းငယ်ပြန်ကျတယ်လို့ စက်သုံးဆီ အရောင်းဆိုင် အချို့ကနေသိရပါတယ်။

လက်ရှိမှာတော့ ၉၂ အောက်တိန်း ၁လီတာကို ၁၄၅၅ကျပ်၊၉၅ အောက်တိန်း ၁လီတာကို ၁၄၉၀ကျပ်၊ဒီဇယ် ၁လီတာကို ၁၄၆၀ကျပ်နဲ့၊ ပရီမီယမ် ဒီဇယ် ၁လီတာကို ၁၄၇၀ ကျပ်တို့ရှိတယ်လို့ အငှါးယာဉ်မောင်းတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

“ရှေ့လကတော့ စက်သုံးဆီဈေးတွေ အကုန်လုံးက ၁၅၀၀ ကျော်တွေချည်းပဲ။ခု ၁၀၀ကျပ်လောက် တော့ ဈေးကျသွားတယ်” လို့ ၎င်းက ဆိုပါတယ်။

စက်သုံးဆီဈေးတွေ သက်သာဖို့အတွက် နစက စီးပွါးကူးသန်းနဲ့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းတို့ ညှိနှိုင်းကာ စက်သုံးဆီ လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်က ဒေါ်လာတွေကို ဈေးကွက်ပေါက်ဈေးထက် လျှော့ပြီး ၁ဒေါ်လာ ၁၇၅၅ကျပ်နဲ့ ရောင်းပေးခဲ့တာတွေရှိပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ဆိုင်ပေါင်း ၂၀၀ ကျော်ကို သတ်မှတ်ဈေးနှုန်းဖြင့် ခွဲတမ်းချကာ ရောင်းချစေခဲ့ပါတယ်။

စက်သုံးဆီ အမျိုးအစားအားလုံးကို ၁လီတာကို ၁၁၀၀ ကျော်နဲ့သာ ရောင်းချပေးခဲ့တဲ့အတွက် ၎င်းဆိုင်တွေမှာ ဆီလာဖြည့်တဲ့ ကားတွေ အလွန် များကာ ရန်ကုန်တိုင်းအတွင်းက ဆိုင်အချို့မှာတော့ ညအိပ်တန်းစီရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

စက်သုံးဆီ ဈေးတွေမြင့်တက်မှုကြောင့် ကုန်စည်ပို့ဆောင်ရေးဈေးနှုန်းတွေလည်း မြင့်တက်ကာ အခြေခံစားသောက်ကုန်ဈေးတွေပါ မြင့်တက် လာပါတယ်။

စက်သုံးဆီဈေးဟာ ကမ္ဘာ့ရေနံဈေးကွက်ကိုမှီခိုနေရတာ ဖြစ်တဲ့အတွက် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းတွေကျဆင်းလာပါက ၎င်းဈေးနှုန်းတွေနဲ့ အညီ ရောင်းချမှုရှိစေဖို့အတွက် ကြပ်ကြပ်မတ်မတ်ဆောက်ရွက်ပေးသွားမယ်လို့လည်း နစက ပြောထားပါတယ်။

Zaw Gyi

စက္သုံးဆီ ေဈးအနည္းငယ္ျပန္က်၊သုံးစြဲသူမ်ားအတြက္ သက္သာသည့္ေဈးမဟုတ္ေသး

စက္တင္ဘာလအတြင္းမွာ စံခ်ိန္တင္ျမင့္တက္ခဲ့တဲ့ စက္သုံးဆီေဈးဟာ အခုရက္ပိုင္းထဲ အနည္းငယ္ျပန္က်တယ္လို႔ စက္သုံးဆီ အေရာင္းဆိုင္ အခ်ိဳ႕ကေနသိရပါတယ္။လက္ရွိမွာေတာ့ ၉၂ ေအာက္တိန္း ၁လီတာကို ၁၄၅၅က်ပ္၊၉၅ ေအာက္တိန္း ၁လီတာကို ၁၄၉၀က်ပ္၊ဒီဇယ္ ၁လီတာကို ၁၄၆၀က်ပ္နဲ႔၊ ပရီမီယမ္ ဒီဇယ္ ၁လီတာကို ၁၄၇၀ က်ပ္တို႔ရွိတယ္လို႔ အငွါးယာဥ္ေမာင္းတစ္ဦးရဲ႕ ေျပာျပခ်က္အရသိရပါတယ္။

“ေရွ႕လကေတာ့ စက္သုံးဆီေဈးေတြ အကုန္လုံးက ၁၅၀၀ ေက်ာ္ေတြခ်ည္းပဲ။ခု ၁၀၀က်ပ္ေလာက္ ေတာ့ ေဈးက်သြားတယ္” လို႔ ၎က ဆိုပါတယ္။စက္သုံးဆီေဈးေတြ သက္သာဖို႔အတြက္ နစက စီးပြါးကူးသန္းနဲ႔ ျမန္မာႏိုင္ငံ စက္သုံးဆီတင္သြင္းေရာင္းခ် ျဖန႔္ျဖဴးေရးအသင္းတို႔ ညႇိႏႈိင္းကာ စက္သုံးဆီ လုပ္ငန္းရွင္ေတြကို ဗဟိုဘဏ္က ေဒၚလာေတြကို ေဈးကြက္ေပါက္ေဈးထက္ ေလွ်ာ့ၿပီး ၁ေဒၚလာ ၁၇၅၅က်ပ္နဲ႔ ေရာင္းေပးခဲ့တာေတြရွိပါတယ္။

ဒါ့အျပင္ တိုင္းေဒသႀကီးနဲ႔ျပည္နယ္ေတြက ဆိုင္ေပါင္း ၂၀၀ ေက်ာ္ကို သတ္မွတ္ေဈးႏႈန္းျဖင့္ ခြဲတမ္းခ်ကာ ေရာင္းခ်ေစခဲ့ပါတယ္။စက္သုံးဆီ အမ်ိဳးအစားအားလုံးကို ၁လီတာကို ၁၁၀၀ ေက်ာ္နဲ႔သာ ေရာင္းခ်ေပးခဲ့တဲ့အတြက္ ၎ဆိုင္ေတြမွာ ဆီလာျဖည့္တဲ့ ကားေတြ အလြန္ မ်ားကာ ရန္ကုန္တိုင္းအတြင္းက ဆိုင္အခ်ိဳ႕မွာေတာ့ ညအိပ္တန္းစီရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

စက္သုံးဆီ ေဈးေတြျမင့္တက္မႈေၾကာင့္ ကုန္စည္ပို႔ေဆာင္ေရးေဈးႏႈန္းေတြလည္း ျမင့္တက္ကာ အေျခခံစားေသာက္ကုန္ေဈးေတြပါ ျမင့္တက္ လာပါတယ္။စက္သုံးဆီေဈးဟာ ကမာၻ႔ေရနံေဈးကြက္ကိုမွီခိုေနရတာ ျဖစ္တဲ့အတြက္ ကမာၻ႔စက္သုံးဆီေဈးႏႈန္းေတြက်ဆင္းလာပါက ၎ေဈးႏႈန္းေတြနဲ႔ အညီ ေရာင္းခ်မႈရွိေစဖို႔အတြက္ ၾကပ္ၾကပ္မတ္မတ္ေဆာက္႐ြက္ေပးသြားမယ္လို႔လည္း နစက ေျပာထားပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071