Sunday, May 31, 2026

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC...

ပဲခူးခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် နှစ်ရက်အတွင်း မွေးရာပါ နှုတ်ခမ်းကွဲ၊...

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မေ ၃၀ ရက်နှင့် မေ...

G-2 မှ G-12 အထိ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာ သင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား/သူများအား ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေပိုင်းက...

ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြမ်းဖက်မှုများကြောင့် လူရာနှင့်ချီ၍ အဖမ်းခံရ

စနေနေ့က ပါရီစန့်ယာမန်း (ပီအက်စ်ဂျီ) အသင်း၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲအနိုင်ကြောင့် ပါရီတွင် လူထောင်ပေါင်းများစွာ လမ်းများပေါ်ထွက် အောင်ပွဲခံချိန်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ခဲ့ပြီး လူ ၂၈၀ ကျော်ကို...
HomeNewsLocal Newsစက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း (၈၉)...

စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း (၈၉) ကျောင်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံအဖြစ်ကျောင်း (၉) ကျောင်း တိုးချဲ့ဖွင့်လှစ်ထားနိုင်

၂၀၂၁ ခုနှစ်စတင်ပြီး စိုက်ပျိုးမွေးမြူရေးဘွဲ့ရ ပညာရှင်များ အလယ်အလတ်အဆင့် စိုက်ပျိုးရေး၊မွေးမြူရေး၊ ဒီပလိုမာလက်မှတ်ရပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်အဆင့်ရှိ အသိမှတ်ပြုလက်မှတ်ရပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း (၈၉) ကျောင်း ၊ ရှိရင်းစိုက်ပျိုးရေး သိပ္ပံ (၁၅) ကျောင်းမှ မွေးမြူရေးဘာသာရပ်ပါ သင်ကြားပေးနိုင်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံအဖြစ် ကျောင်း (၉) ကျောင်းကို တိုးချဲဖွင့်လှစ်နိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

ယနေ့ ကျင်းပသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်ပွဲ အခမ်းနားတွင် မြန်မာနိုင်ငံ‌တော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုပြင် ငါးလုပ်ငန်းသိပွံ (တွံ့တေး) ကျောင်း (၁) ကျောင်းနှင့် တိရစ္ဆာန်ဆေးကုသရေးသိပ္ပံ (၁) ကျောင်းတို့ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး အခြေခံလူစွမ်းအားအရင်းအမြစ်ကို ယခင်ကထက် စုစုပေါင်း (၈၃၅၂) ဦးကို သင်ကြားမွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတကပြောသည်။

ယခုဖွင့်လှစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ကနေလည်း နှစ်စဉ် စိုက်ပျိုးမွေးမြူရေးပညာရှင် (၃၀၀) ဦးစီ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ တက္ကသိုလ်ကို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ ကဲ့သို့ ထိပ်တန်းတက္ကသိုလ် ဖြစ်လာစေရန် ရည်မှန်းထားကြောင်းလည်း ယာယီသမ္မတက ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC Energy Technology Research Alliance)ကို နိုင်ငံတော်သမ္မတ ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC Energy Technology Research Alliance)ကိုကြည့်ရှုလေ့လာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား NETRA (NTPC Energy Technology Research Alliance)ကုမ္ပဏီတာ ဝန်ရှိသူများက ကာဗွန်ထုတ်လုပ်မှု သုညအဆင့်အထိလျှော့ချနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ စွမ်းအင်ကူး ပြောင်းမှုဆိုင်ရာစီမံချက်နှင့်ကိုက်ညီသော NETRA ၏ လုပ်ဆောင်မှုများ၊ NTPC သည် ၎င်း၏ CCUS နည်းပ ညာကို...

ပဲခူးခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် နှစ်ရက်အတွင်း မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ(၃၁)ဦးကို ခွဲစိတ်ကုသပေးခဲ့

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မေ ၃၀ ရက်နှင့် မေ ၃၁ ရက်တို့ကခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ခွဲစိတ်ကုသပေးရာ၌ နှစ်ရက်အတွင်း မွေးရာပါနှုတ်ခမ်းကွဲလူနာ(၁၈)ဦးနှင့် မေးရာပါအာခေါင်ကွဲလူ နာ(၁၃)ဦး(စုစုပေါင်း ၃၁ ဦး)ကို အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ၊ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်၍ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူ ဘွဲ့လွန်သင်တန်းသားများပါဝင်သောအဖွဲ့က ခွဲစိတ်ကုသပေးခဲ့ကြခြင်းဖြစ်ကြောင်း...

G-2 မှ G-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်အလုံး(၅၀၀)လှူဒါန်း

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာ သင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား/သူများအား ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေပိုင်းက လှူဒါန်းပေးခဲ့သည်။ " ဒီတစ်ကြိမ်လှူတာက (၅)ကြိမ်မြောက်ပါ။ နှစ်တိုင်းအ ခုလိုကျောင်းဖွင့်ချိန်ရောက်ခါနီးတိုင်းလှူဒါန်းပေးတာပါ"ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်က ပြောသည်။ ကျောင်းသား/သူများအား ကျောပိုးအိတ်များလှူဒါန်းပေးခဲ့သည့်အပြင် ယင်းနေ့ညပိုင်းက "ထိုက်သူပန်"ယာဥ်လိုင်းဖြင့် လိုက်ပါစီးနင်းသူများကိုလည်း ကျောပိုး အိတ်များလှူဒါန်းပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071