တစ်ဦးလျှင် ကျပ်သိန်း(၂၀)ကနေ သိန်း(၅၀) ထိ ထောက်ပံ့မည်
၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွာခဲ့သည့် ငလျင်ကြီးကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ပြန်လည်နာလန်ထူလာစေရန်အတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Impact Hub Yangon အဖွဲ့က မေလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ MSME Support အစီအစဉ်အရ စစ်ကိုင်းနှင့် မန္တလေးဒေသရှိ ငလျင်ဒ-ဏ်ကြောင့် လုပ်ငန်းများ ရပ်တန့်သွားခြင်း သို့မဟုတ် ထိခိုက်ပျက်စီးသွားခြင်းများ ကြုံတွေ့ခဲ့ရသည့် လုပ်ငန်း (၂) ခုမှ (၃) ခုအထိကို လုပ်ငန်းပြန်လည်စတင်နိုင်ရန် (Restart and Recover) ရည်ရွယ်၍ တစ်ဦးလျှင် မြန်မာကျပ်ငွေ သိန်း (၂၀) မှ သိန်း (၅၀) အထိ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
ငလျင်ဘေးဒ-ဏ်သင့် လုပ်ငန်းရှင်များအနေဖြင့် မေလ ၃၁ ရက်နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်ပြီး အဆိုပါ လင့် (https://forms.gle/wbS8jWcteLLineBdA) ကတစ်ဆင့် လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
Impact Hub Yangon အဖွဲ့သည် စစ်ကိုင်းမြို့ရှိ ဘေးဒ-ဏ်သင့်ဒေသများသို့ ကိုယ်တိုင်ကွင်းဆင်းကာ ဆိုလာမီးများ၊ ရေသန့်စက်များနှင့် ယာယီအမိုးအကာ နေအိမ်များကို အရေးပေါ် ကူညီလှူဒါန်းပေးမှုများလည်း လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
