Saturday, May 30, 2026

ငလျင်ဒ-ဏ်သင့် စစ်ကိုင်းနှင့် မန္တလေးက MSME...

တစ်ဦးလျှင် ကျပ်သိန်း(၂၀)ကနေ သိန်း(၅၀) ထိ ထောက်ပံ့မည် ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွာခဲ့သည့် ငလျင်ကြီးကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား...

မြောက်ဝင်ရိုးစွန်းကို သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်ခွင့်ရမည့် “Icebreaker...

၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းသို (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့်ရရှိနိုင်မည် “Icebreaker of Knowledge...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ၏ ဖိတ်ကြားချက်အရ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ မေလ (၃၀)ရက်နေ့ မနက်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...
HomeInternationalကနေဒီစင်တာကနေ ထရမ့်ရဲ့နာမည်ကို ဖယ်ရှားဖို့...

ကနေဒီစင်တာကနေ ထရမ့်ရဲ့နာမည်ကို ဖယ်ရှားဖို့ အမေရိကန်တရားသူကြီး အမိန့်ထုတ်

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တရားသူကြီးတစ်ယောက်က ဝါရှင်တန်မြို့မှာရှိတဲ့ နာမည်ကြီး ကနေဒီစင်တာ(Kennedy Centre for the Performing Arts) အနုပညာခန်းမကြီးမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နာမည်ဖြည့်စွက်ထားတာကို ဖယ်ရှားပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ လွှတ်တော်ရဲ့ ခွင့်ပြုချက်မပါဘဲ ဒီခန်းမကြီးရဲ့ နာမည်ကို ပြောင်းလဲလို့မရဘူးလို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တာပါ။

ဝါရှင်တန်ဒီစီက ဖက်ဒရယ်တရားသူကြီး ခရစ္စတိုဖာ ကူးပါး(Christopher Cooper) က ထရမ့်အစိုးရအဖွဲ့အနေနဲ့ ကနေဒီစင်တာမှာ တပ်ထားတဲ့ ထရမ့်နာမည်ပါတဲ့ ဆိုင်းဘုတ်တွေအားလုံးကို ဖြုတ်ချဖို့နဲ့ ရုံးသုံးစာရွက်စာတမ်းတွေထဲက “ထရမ့် ကနေဒီစင်တာ” ဆိုတဲ့ အသုံးအနှုန်းတွေကို ၁၄ ရက်အတွင်း အပြီးဖယ်ရှားဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

တရားသူကြီး ကူးပါးက “ဒီစင်တာရဲ့ ဥပဒေမှာကိုက သမ္မတ ဂျွန်အက်ဖ်ကနေဒီကို ဂုဏ်ပြုပြီး ကနေဒီစင်တာလို့ပဲ နာမည်ပေးရမယ်လို့ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားတာပါ။ စင်တာရဲ့ ဘုတ်အဖွဲ့က သူတို့သဘောနဲ့သူတို့ တခြားနာမည်ပြောင်းတာမျိုး၊ ဒါမှမဟုတ် တခြားသူတစ်ယောက်ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်တွေ ထည့်တာမျိုး လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒီနာမည်ကို လွှတ်တော်က ပေးခဲ့တာဖြစ်လို့ လွှတ်တော်ကပဲ ပြောင်းလဲပိုင်ခွင့်ရှိပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် တရားသူကြီးက အစိုးရအဖွဲ့အနေနဲ့ ဒီအနုပညာခန်းမကြီးကို ပြုပြင်မွမ်းမံဖို့အတွက် ယာယီပိတ်ထားမယ့်အစီအစဉ်ကိုလည်း ပိတ်ပင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့တုန်းက ကနေဒီစင်တာ ဘုတ်အဖွဲ့က ခန်းမကြီးကို ပိတ်ဖို့ မဲခွဲဆုံးဖြတ်ခဲ့တာဟာ ဥပဒေကြောင်းအရ တာဝန်ရှိမှုတွေကို ထည့်မတွက်ဘဲ ကြိုတင်ကြံစည်ပြီး ဇွတ်လုပ်ခဲ့တာဖြစ်တယ်လို့ တရားသူကြီးက ဝေဖန်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက် ထွက်လာပြီးနောက်မှာတော့ သမ္မတထရမ့်က ကနေဒီစင်တာရဲ့ ထိန်းချုပ်ခွင့်ကို လွှတ်တော်ဆီ ပြန်လွှဲပေးတော့မယ်လို့ ပြောလာပါတယ်။

ထရမ့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ဒီအဖွဲ့အစည်းကြီးကို လွှတ်တော်လက်ထဲ အပြီးအပိုင် လွှဲပြောင်းပေးနိုင်ဖို့ လိုအပ်တာတွေ စီစဉ်ပါ” ဆိုပြီး အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့ ရေးသားခဲ့ပြီး ခန်းမကြီးကို ထိန်းသိမ်းစောင့်ရှောက်မယ့် တာဝန်ကို လွှတ်တော်အမတ်တွေဆီ ပေးအပ်လိုက်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ထရမ့်ရဲ့ ညွှန်ကြားချက်ကို လက်တွေ့မှာ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ ကနေဒီစင်တာကို ၁၉၅၈ ခုနှစ်ကတည်းက လွှတ်တော်က ဥပဒေနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ထရမ့်ရဲ့ ဒုတိယသက်တမ်းအတွင်းမှာ သူနဲ့ ရင်းနှီးတဲ့ မဟာမိတ်တွေနဲ့ပဲ ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားလို့ ဖြစ်ပါတယ်။

ထရမ့်က သူ့ရဲ့ Truth Social ကွန်ရက်မှာ ဆက်ပြီးတော့ “လာမယ့်လမှာ စတင်မယ့် အကြီးစား ပြုပြင်မွမ်းမံမှုတွေကို ခန်းမကြီးမပိတ်ဘဲ လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခန်းမကြီးကို ဆက်ဖွင့်ထားဖို့ တရားသူကြီး ကူးပါး အမိန့်ပေးတာဟာ အများပြည်သူအတွက် အန္တရာယ်ရှိပါတယ်။ လူထုအတွက် အန္တရာယ်ရှိနေတာကို သိသိကြီးနဲ့တော့ ကျွန်တော် ပါဝင်ပတ်သက်လို့ မရဘူး” လို့ ရေးသားခဲ့ပါတယ်။

ဒီအမှုဟာ အိုဟိုင်းယိုးပြည်နယ်က ဒီမိုကရက်တစ် လွှတ်တော်အမတ် ဂျွိုက်စ် ဘီတီ (Joyce Beatty) က ထရမ့်ကိုတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူဟာ လွှတ်တော်အမတ်ဖြစ်တာကြောင့် ကနေဒီစင်တာရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

လွှတ်တော်အမတ် ဘီတီက တရားရုံးဆုံးဖြတ်ချက် ထွက်လာပြီးနောက်မှာ “ကနေဒီစင်တာဆိုတာ အမေရိကန်ပြည်သူလူထုတစ်ရပ်လုံး ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့် တစ်ဦးတည်း ပိုင်ဆိုင်တာမဟုတ်ပါဘူး” လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒ-ဏ်သင့် စစ်ကိုင်းနှင့် မန္တလေးက MSME လုပ်ငန်းများအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ Impact Hub Yangon ထောက်ပံ့မည်

တစ်ဦးလျှင် ကျပ်သိန်း(၂၀)ကနေ သိန်း(၅၀) ထိ ထောက်ပံ့မည် ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွာခဲ့သည့် ငလျင်ကြီးကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ပြန်လည်နာလန်ထူလာစေရန်အတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Impact Hub Yangon အဖွဲ့က မေလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ MSME Support အစီအစဉ်အရ စစ်ကိုင်းနှင့် မန္တလေးဒေသရှိ ငလျင်ဒ-ဏ်ကြောင့် လုပ်ငန်းများ ရပ်တန့်သွားခြင်း သို့မဟုတ် ထိခိုက်ပျက်စီးသွားခြင်းများ ကြုံတွေ့ခဲ့ရသည့် လုပ်ငန်း...

မြောက်ဝင်ရိုးစွန်းကို သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်ခွင့်ရမည့် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလူငယ်များကို ဖိတ်ခေါ်

၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းသို (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့်ရရှိနိုင်မည် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလူငယ်တွေကို ဖိတ်ခေါ်ထားကြောင်း သိရသည်။ ရုရှားနိုင်ငံ ROSATOM အဖွဲအစည်းက ကြီးမှူးကျင်းပသည့် “Icebreaker of Knowledge 2026” နိုင်ငံတကာအဆင့် (၃) ကြိမ်မြောက် သိပ္ပံပြိုင်ပွဲကြီးကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အကြား...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့တရားဝင်ခရီးစဥ်သွားရောက်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ မေလ (၃၀)ရက်နေ့ မနက် (၈) နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြပြီး ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့်တွေ့ဆုံခြင်း၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးအတွက်ဆွေးနွေးခြင်းများပြုလုပ်သွားမည်ဖြစ် သည်။ ထို့ပြင် အိန္ဒိယအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အ ကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များကိုလက်ခံတွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကာ အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းများကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071