Saturday, May 30, 2026

ငလျင်ဒ-ဏ်သင့် စစ်ကိုင်းနှင့် မန္တလေးက MSME...

တစ်ဦးလျှင် ကျပ်သိန်း(၂၀)ကနေ သိန်း(၅၀) ထိ ထောက်ပံ့မည် ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွာခဲ့သည့် ငလျင်ကြီးကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား...

မြောက်ဝင်ရိုးစွန်းကို သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်ခွင့်ရမည့် “Icebreaker...

၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းသို (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့်ရရှိနိုင်မည် “Icebreaker of Knowledge...

ကနေဒီစင်တာကနေ ထရမ့်ရဲ့နာမည်ကို ဖယ်ရှားဖို့ အမေရိကန်တရားသူကြီး...

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တရားသူကြီးတစ်ယောက်က ဝါရှင်တန်မြို့မှာရှိတဲ့ နာမည်ကြီး ကနေဒီစင်တာ(Kennedy Centre for the Performing Arts) အနုပညာခန်းမကြီးမှာ သမ္မတ...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ၏...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့တရားဝင်ခရီးစဥ်သွားရောက်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ မေလ (၃၀)ရက်နေ့ မနက် (၈) နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြပြီး ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့်တွေ့ဆုံခြင်း၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးအတွက်ဆွေးနွေးခြင်းများပြုလုပ်သွားမည်ဖြစ် သည်။

ထို့ပြင် အိန္ဒိယအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အ ကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များကိုလက်ခံတွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကာ အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းများကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း၌ မြန်မာ-အိန္ဒိ ယနှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား စီးပွားရေး၊ ဘာ သာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာကဏ္ဍများအ ပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံ့အကျိုးအတွက်ဆွေးနွေးသွားမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံခရီးစဥ်သည် လက်ရှိရွေးကောက်ခံအစိုးရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်လက်ထက် သမ္မတကြီး၏ ပထမဆုံးသောပြည်ပခရီးစဉ်ဖြစ်ကာ မြန်မာ နိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ခေတ်အဆက်ဆက် ဆက် ဆံရေးကောင်းမွန်ခဲ့သည့် အိမ်နီးချင်းနိုင်ငံများဖြစ် သည်။ နှစ်နိုင်ငံကြား ဘာသာရေးအရ၊ယဉ်ကျေးမှုအရ၊ ကုန်သွယ်မှုအရ ရှေးပဝေသဏီကပင် ဆက်နွယ်မှုရှိခဲ့သည်။

နှစ်နိုင်ငံကြား တရားဝင်သံတမန်ဆက်ဆံရေးကို မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှစတင်ခဲ့ရာ ယခုအခါ စိန်ရတုကာလလွန်မြောက်ခဲ့ပြီဖြစ်သည်။ ထိုကာလများအတွင်း နှစ်နိုင်ငံလုံး၏ နိုင်ငံ့ခေါင်းဆောင်ကြီးများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံသို့ တရားဝင်ခရီးစဉ်များသွားရောက်ခဲ့ကြကာ အိန္ဒိယနိုင်ငံ၏ထင်ရှားသည့် အိန္ဒိယစာဆိုတော် ရာဘင်ဒြာနတ် တဂိုးသည် ၁၉၁၆ ခုနှစ်နှင့် ၁၉၂၄ ခုနှစ်တို့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပထမဆုံးလာရောက်လည်ပတ်ခဲ့သည်။ 

မဟတ္တမဂန္ဒီ သည်လည်း ၁၉၀၂ ခုနှစ်၊ ၁၉၁၅ ခုနှစ်နှင့် ၁၉၂၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့(၃)ကြိမ်လာရောက်လည်ပတ်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းသည် ၁၉၅၉ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် (၁၁)ကြိမ်သွားရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံသမ္မတ အင်ဒီရာဂန္ဒီသည် ၁၉၆၈ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။ 

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်များနှင့် အိန္ဒိယနိုင်ငံသမ္မတ တို့ သည် မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်များလာရောက်ခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံခေါင်းဆောင်များသည်လည်း အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်များသွားရောက်ခဲ့ကြ၍ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ခေတ်အဆက်ဆက် နွေးထွေးကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့သော အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ 

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ် နိုင်ငံဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ငြိမ်းချမ်းမှုကို လို လားသည့် နိုင်ငံများဖြစ်၍ ၁၉၅၁ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် “ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးစာချုပ် (Treaty of Peace and Friendship)”ကိုချုပ်ဆိုခဲ့ကြပြီး အိန္ဒိယနှင့် ပါကစ္စတန်တို့ကြားဖြစ်ပွားခဲ့သည့် ကတ်ရှ်မီးယားပဋိပက္ခကို မြန်မာနိုင်ငံဝန်ကြီးချုပ်ဦးနု၏ ကြိုးပမ်းညှိ နှိုင်းမှုဖြင့်ဖြေရှင်းနိုင်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့၌ကျင်းပခဲ့သည့် ဘန်ဒေါင်း ညီလာခံတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် “ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်(Five Principles of Peaceful Coexistence)” ချ မှတ်ရာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် BIMSTEC အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်သည်။

သမ္မတကြီးအနေဖြင့် ယခုခရီးစဉ်တွင် နှစ်နိုင်ငံကုန် သွယ်ရေးကဏ္ဍများ၊ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာများနှင့် နည်းပညာကဏ္ဍများဆွေးနွေးယူဆောင်ခဲ့လိမ့်မည်ဖြစ်ကာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် သမိုင်းစဉ်ဆက်နွေးထွေးကောင်းမွန်ခဲ့သည့် အိမ်နီးချင်းနိုင်ငံများဖြစ်၍ ယခု ခရီးစဉ်အတွင်း ဆွေးနွေးမှုများ သည်လည်း နှစ်ဦးနှစ်ဖက်အကျိုးရှိလိမ့်မည်ဖြစ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံးသော အိန္ဒိယနိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံအတွက်အဖိုးမဖြတ်နိုင်သည့် သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်မည်ဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒ-ဏ်သင့် စစ်ကိုင်းနှင့် မန္တလေးက MSME လုပ်ငန်းများအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ Impact Hub Yangon ထောက်ပံ့မည်

တစ်ဦးလျှင် ကျပ်သိန်း(၂၀)ကနေ သိန်း(၅၀) ထိ ထောက်ပံ့မည် ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွာခဲ့သည့် ငလျင်ကြီးကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ပြန်လည်နာလန်ထူလာစေရန်အတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Impact Hub Yangon အဖွဲ့က မေလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ MSME Support အစီအစဉ်အရ စစ်ကိုင်းနှင့် မန္တလေးဒေသရှိ ငလျင်ဒ-ဏ်ကြောင့် လုပ်ငန်းများ ရပ်တန့်သွားခြင်း သို့မဟုတ် ထိခိုက်ပျက်စီးသွားခြင်းများ ကြုံတွေ့ခဲ့ရသည့် လုပ်ငန်း...

မြောက်ဝင်ရိုးစွန်းကို သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်ခွင့်ရမည့် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလူငယ်များကို ဖိတ်ခေါ်

၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းသို (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့်ရရှိနိုင်မည် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလူငယ်တွေကို ဖိတ်ခေါ်ထားကြောင်း သိရသည်။ ရုရှားနိုင်ငံ ROSATOM အဖွဲအစည်းက ကြီးမှူးကျင်းပသည့် “Icebreaker of Knowledge 2026” နိုင်ငံတကာအဆင့် (၃) ကြိမ်မြောက် သိပ္ပံပြိုင်ပွဲကြီးကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အကြား...

ကနေဒီစင်တာကနေ ထရမ့်ရဲ့နာမည်ကို ဖယ်ရှားဖို့ အမေရိကန်တရားသူကြီး အမိန့်ထုတ်

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တရားသူကြီးတစ်ယောက်က ဝါရှင်တန်မြို့မှာရှိတဲ့ နာမည်ကြီး ကနေဒီစင်တာ(Kennedy Centre for the Performing Arts) အနုပညာခန်းမကြီးမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နာမည်ဖြည့်စွက်ထားတာကို ဖယ်ရှားပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ လွှတ်တော်ရဲ့ ခွင့်ပြုချက်မပါဘဲ ဒီခန်းမကြီးရဲ့ နာမည်ကို ပြောင်းလဲလို့မရဘူးလို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တာပါ။ ဝါရှင်တန်ဒီစီက ဖက်ဒရယ်တရားသူကြီး ခရစ္စတိုဖာ ကူးပါး(Christopher Cooper) က ထရမ့်အစိုးရအဖွဲ့အနေနဲ့ ကနေဒီစင်တာမှာ တပ်ထားတဲ့ ထရမ့်နာမည်ပါတဲ့ ဆိုင်းဘုတ်တွေအားလုံးကို ဖြုတ်ချဖို့နဲ့ ရုံးသုံးစာရွက်စာတမ်းတွေထဲက "ထရမ့် ကနေဒီစင်တာ" ဆိုတဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071