Sunday, September 20, 2026

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့်...

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော်...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင်...

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet...

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့်...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂၃)...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MPMEA) ၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို လာမည့် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ...
HomeNewsLocal Newsချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ...

ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဖူးမြှော်ကြည်ညို

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၏ ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ယနေ့ စက်တင်ဘာ ၂၀ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့က ဖူးမြှော်ကြည်ညိုခဲ့ကြသည်။

ထို့ပြင် ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယက ဆရာ တော်ဘုရားကြီးအမှူးပြုသည့် ဆရာတော်ကြီးများအားဖူမြော်ကြည်ညိုရာ ဗဟန်းမြို့နယ်၊ တိပိဋက မဟာဝိသုဒ္ဓါရုံကျောင်း၊ တိုက်အုပ်ဆရာတော်က ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကျင်းပမည့် အစီအစဉ်လျာထားမှုကိုရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ ပြည်တွင်း/ပြည်ပသာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံသာသနာ့တာဝန်များဆောင်ရွက်လျက်ရှိသည့် သာသနာ့အာဇာနည်ဆရာတော်ကြီးတစ်ပါးဆုံးရှုံးရခြင်းကြောင့် နိုင်ငံတော်နှင့်ဗုဒ္ဓသာသနာတော်အတွက် ကြီးမားသည့်ဆုံးရှုံးမှုပင်ဖြစ်ပြီး များစွာဝမ်းနည်းရသည်ဟု လျှောက်ထားခဲ့သည်။

ထို့ကြောင့် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိ ဈာပန ပူဇာသဘင်ကိုခမ်းနားသိုက်မြိုက်စွာကျင်းပပူဇော်သွားနိုင်ရေး၊ လာရောက်ဖူးမြော်ကြည်ညိုမည့် ပြည်တွင်း/ပြည်ပမှ ရဟန်းသံဃာများ၊ ဒါယကာ၊ ဒါယိကာမများနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးနှင့် ဆွမ်း၊ ကွမ်းဝေယျာဝစ္စနှင့် စားသောက်တည်းခိုနေထိုင်မှုများ အဆင်ပြေစေရေးတို့အတွက် စနစ်တကျစီစဉ်ဆောင် ရွက်သွားမည်ဟု လျှောက်ထားသည်။

ထို့ပြင် ရာသီဥတုပူပြင်းပြီး မိုးရွာသွန်းမှုများလည်းရှိနေ၍ လာရောက်သည့် ဆရာတော်၊ သံဃာတော်များ အဆင်ပြေချောမွေ့ စွာသီတင်းသုံးနိုင်ရေးနှင့် ဒါယကာ၊ ဒါယိကာမများ အဆင်ပြေစွာနေထိုင်ဖူးမြော်နိုင်ရေးတို့အတွက် ကျောင်းတိုက်အတွင်း အရိပ်အာဝါသများရရှိအောင်စီစဉ်ဆောင်ရွက်သွားမည်ဟုလည်း လျှောက်ထားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ချမ်းမြေ့ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှလှူဒါန်းသည့် ငွေကျပ်သိန်း(၅၀၀)အား ပေးအပ်လှူဒါန်းရာ ချမ်းမြေ့ရိပ်သာကျောင်းဝေယျာဝစ္စအဖွဲ့ဥက္ကဋ္ဌ ဦးစောလှိုင်ကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယက ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ချမ်းမြေ့ဆရာတော်ကြီးရေးသားပြုစုပူဇော်ခဲ့သည့် ဗုဒ္ဓဓမ္မစာပေကျမ်းဂန်များအား ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က ချမ်းမြေ့ဆရာတော်ကြီး၏ဥတုဇရုပ်ကလပ်တော်အားဖူးမြော်ကြည်ညိုကာ ဆရာတော်ကြီးရေးသားပြုစုပူဇော်ခဲ့သည့် ဗုဒ္ဓဓမ္မစာပေကျမ်းဂန်များအား ကြည့်ရှုပူဇော်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့် ချမ်းမြေ့ဆရာတော်ကြီး၏ ထေရုပ္ပတ္တိတော်

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော် ဒေါ်ရွှေရည်တို့မှဖွားမြင်တော်မူခဲ့သည်။ ၁၃၀၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တမာလာဝံသကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်ရောက်ရှိခဲ့ပြီး ၁၃၀၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းတိုက်၊ ခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈယ်ပြု၍ တောင်တွင်းကြီးမြို့၊ ရွှေအိုးရပ်၊ ကုန်သည်ကြီး...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင် ပူယိုးလ် လာရောက်အားပေး

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဗိုလ်လုပွဲကို ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတို့၏ ဂန္တဝင်နောက်ခံကစားသမား ကားလက်စ် ပူယိုးလ် (Carles Puyol) ကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ခင်နှင်းဝေသည် ဗိုလ်လုပွဲ ပထမပွဲတွင် ၁၀-၁၂ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲတို့တွင် ၁၂-၈၊ ၁၂-၉ ရလဒ်များဖြင့် ပြန်လည်အနိုင်ယူနိုင်ခဲ့ကာ...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet Pile ရို-က်ပြီး ကာရံသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့် ဆက်စပ် မြို့၊ ရွာများသို့ ရေကျော် စီးဝင်ခြင်းမှ ကာကွယ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက Steel Sheet Pile များ ရိုက်သွင်း ကာရံလျက် ရှိသည်။ အဆိုပါရေကျော်စီးဝင်နေသည့် ငဝန်မြစ်သည် ရေစီးသန်ပြီး ယခင်ရေနည်းနေသည့်အချိန်တွင်ပင် ရေအနက်သည် ၃၆ ပေခန့်ရှိသည်။ ၄င်း၏ မြစ်ကြမ်းပြင်သည် လူနေထိုင်ရာ ရပ်ကွက်များ၊ ကျေးရွာများနှင့် စိုက်ပျိုးမြေများထက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071