Tuesday, August 11, 2026

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃...

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ...

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက်...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား...

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ...

မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောကြားသည်။ ယနေ့ သြဂုတ် ၁၀...
HomeInternationalကွန်ဆာဗေးတစ်ပါတီကလူမည်းအမျိုးသမီးကိုပါတီခေါင်းဆောင်တင်မြှောက်

ကွန်ဆာဗေးတစ်ပါတီကလူမည်းအမျိုးသမီးကိုပါတီခေါင်းဆောင်တင်မြှောက်

ရွေးကောက်ပွဲတွင် ဆိုးရွားစွာရှုံးနိမ့်ခဲ့ပြီးနောက် ဗြိတိန်၏ ကွန်ဆာဗေးတစ်ပါတီသည် ၎င်း၏ ဂုဏ်သိက္ခကို ပြန်တည်ဆောက်ရန်အလို့ငှာ ဝိသေသစွဲနိုင်ငံရေး၊ လိင်ပြောင်းခွင့်နှင့် နိုင်ငံတော် အသုံးစရိတ် သုံးစွဲပုံတို့ကို အလိုမကျသော၊ လက်ယာယိမ်းသူများ၏အကြိုက်ဖြစ်သော ကမ်မီ ဘက်ဒင်န်နော့ခ်ကို ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သည်။

ရီရှီဆွန်နက်၏ နေရာကို အစားထိုးမည့် လနှင့်ချီပြိုင်ဆိုင်မှုအပြီးတွင် ပါတီဝင်များ၏ မဲပေးရွေးချယ်မှု၌ ဘက်ဒင်န်နော့ခ်က ရောဘတ် ဂျန်ရစ်ကို ထောက်ခံမဲ ၅၃,၈၀၆ မဲ၊ ၄၁,၀၀၀ မဲဖြင့် အနိုင်ရရှိခဲ့သည်။ သူသည် ဗြိတိန်၏ အဓိကနိုင်ငံရေးပါတီတစ်ခုကို ဦးဆောင်မည့် ပထမဆုံး လူမည်းအမျိုးသမီးဖြစ်သည်။

သူ့ကို ရွေးချယ်မှုသည် နောက်နှစ်များစွာအတွင်း ဗြိတိန်၏ နိုင်ငံရေးဖြစ်စဉ်အတွက် မှန်ကန်သော အရွေ့တစ်ခုကို သေချာစေပြီး အတိုက်အခံခေါင်းဆောင်သစ်နှင့် လေဘာပါတီ၏ တည်ကြည်လေးနက်ပြီး သဘောထားတင်းမာသော ဝန်ကြီးချုပ် ကီယာ စတားမာတို့အကြား ပြင်းထန်သော သဘောထားပုံစံ ကွဲလွဲမှုကို ဖန်တီးပေးသည်။

“ကျမကို အများကြီး မဲပေးခဲ့ပြီး ပါတီရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ အလွန် ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်” ဟု စင်မြင့်ထက်တွင် ဘက်ဒီနော့ခ်က ပြောဆိုခဲ့သည်။

ထိပ်တိုက်ရင်ဆိုင်ရသည်ကို နှစ်သက်ပြီး ခေါင်းဆောင်ပိုင်းဆိုင်ရာ သူ၏ လှုပ်ရှားမှုအမျိုးမျိုးအတွက် ပါတီအမတ်များ၏ အသံတိတ်ထောက်ခံမှုကို ရရှိထားသော ဘက်ဒီနော့ခ်သည် ကွန်ဆာဗေးတစ်၏ လက်ယာယိမ်းလုပ်ငန်းစဉ်တွင် အောက်ခြေအဖွဲ့ဝင်များကို လှုံ့ဆော်မှုပေးကာ ထိပ်တန်း အကြောင်းအရာအမျိုးမျိုးတွင် ထိပ်တိုက်တွေ့သည့် အမေရိကန်ပုံစံ ယဉ်ကျေးမှုကို ဦးတည်စေသည်။

ယခု သူ၏ တာဝန်မှာ ရွေးကောက်ပွဲသမိုင်းတလျှောက် အဆိုးဆုံးရလဒ်ဖြင့် ဆက်လက်ရပ်တည်နေသည့် ပါတီကို ပြန်အသက်သွင်းရန်ဖြစ်သည်။ ကွန်ဆာဗေးတစ်တို့သည် ဇူလိုင်လက ရွေးကောက်ပွဲတွင် အစိုးရအဖြစ်မှ ပြုတ်ကျခဲ့ကာ.အမတ်နေရာ ၃၇၂ နေရာမှ ၁၂၁ နေရာသို့ လျော့ကျခဲ့သည်။ ယင်းသည် စီးပွားရေး၊ ရာဇဝတ်မှု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဘဝဆိုင်ရာ စံနှုန်းများတွင် ၎င်းတို့၏ စီမံခန့်ခွဲမှုအ‌ပေါ်လူထု၏ ဒေါသကို ထင်ဟပ်စေခဲ့သည်။

Ref စီအင်န်အင်န်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃ တန်ဖမ်းဆီးရမိ

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုတွေထဲက တစ်ခုပါပဲ။ သင်္ဘောပေါ်က အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး ပါဝင်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ဆိုပါတယ်။ ​ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံကနေ အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ MV King Sun သင်္ဘောပေါ်မှာ "မသင်္ကာစရာ"...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်နေရာချထားပေးရန် စီစဉ်

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ပခုက္ကူမြို့၊ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှုများ၊ မြစ်ရေဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းပြီးနှင့် ရွှေ့ပြောင်းရန် လိုအပ်သည့်လူနေအိမ်များ၊ မြစ်ရေတက်မှုအခြေအနေများကို...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ ၁၄ နိုင်ငံမှ ပြိုင်ပွဲဝင် ၁၇ ဦးအနက် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့သူ မြန်မာ့မျိုးဆက်သစ် မြင်းစီးအားကစားသမား ပိုးပိုးဟန်အား ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် Club House ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပိုးပိုးဟန်၏ ဓာတ်ပုံနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071