Wednesday, June 3, 2026

ထိုင်းဝန်ကြီးချုပ် ဗီယက်နမ် သွားမည်

ဗီယက်နမ်သမ္မတ တိုလမ်၏ ဖိတ်ကြားချက်အရ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ဟနွိုင်းသို့ သွားရောက်ရန် စီစဉ်ထားပြီး ထိုင်းနှင့် ဗီယက်နမ်အကြား ရင်းနှီးသောဆက်ဆံရေးကို ထပ်လောင်းအတည်ပြုလိုက်သည်။       ဇွန်လ...

Tri-Nation Cup 2026 ဝင်ရောက်ယှဉ်ပြိုင်မည့်...

ဖိလစ်ပိုင်ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် Tri-Nation Cup 2026 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် အပြီးသတ်ကစားသမား (၂၅) ဦး စာရင်းကို ယနေ့တွင်...

တောင်သမန်အင်း ရေအရည်အသွေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး...

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်း၏ ရေအရည်အသွေးနှင့် ပက်သက်၍ အမရပူရမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မေးခွန်းထုတ် မေးမြန်းခဲ့သည်။ ယနေ့ (ဇွန်လ ၃ ရက်)...

AFC အမျိုးသမီးချန်ပီယံလိဂ်တွင် မြန်မာကိုယ်စားပြုအဖြစ် ဧရာဝတီအက်ဖ်စီအသင်း...

မြန်မာအမျိုးသမီးလိဂ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီ (Ayeyawady FC) အသင်းသည် အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် ၂၀၂၆/၂၇ ရာသီ AFC...
HomeNewsLocal Newsကျောက်တန်းမြို့က သမိုင်းဝင် ပိလခတ်...

ကျောက်တန်းမြို့က သမိုင်းဝင် ပိလခတ် ဟိန္ဒူဘုရားကျောင်းကြီးသို့ ကုသိုလ် ခရီး

ရန်ကုန်မြို့နဲ့ မဝေးတဲ့ ကျောက်တန်းမြို့မှာရှိတဲ့ ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်။

ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ ဆုတောင်းပြည့်တယ်လို့ ကျော်ကြားတဲ့အတွက် လာရောက်အဓိဌာန်ပြု ဆုတောင်းသူတွေနဲ့ မပြတ်စည်ကားနေတာပါ။

ကျောက်တန်းမြို့ကို လာရောက်ကြတဲ့ ဘုရားဖူးဧည့်သည်အများစုဟာ ကျောက်တန်းရေလယ်ဘုရားကို လာရောက်ရင်း လမ်းခရီးမှာရှိတဲ့ ပိလခတ်ဟိန္ဒူဘုရားကျောင်းကြီးဆီကိုပါ ဝင်ရောက်လေ့လာလေ့ရှိကြပါတယ်။

အခုလို မိုးမကျတကျ ရာသီဥတုအေးအေးလေးမှာ ရန်ကုန်မြို့ပြကနေ နာရီပိုင်းမျှသာ သွားရတဲ့ ဒေသတွင်း တစ်နေ့တာ အပန်းဖြေဘုရားဖူး (Day Trip) ခရီးစဉ်အဖြစ် သွားရောက်ကြသူတွေလည်း ရှိပါတယ်။

ပီလခတ်ဟိဒ္ဒူဘုရားကျောင်းကို အလုပ်ကိစ္စ၊ ကျောင်းကိစ္စနဲ့ သားဆုပန်ဖို့အတွက် ဘုရားဖူးတွေက ရာသီမရွေး လာရောက်ကြတာဖြစ်ပါတယ်။

“တချို့တွေကကျတော့ မနက်ပိုင်းမှာ အရင်ဆုံး ရွှေတိဂုံဘုရားဖူးကြတယ်။ ပြီးရင် ဗဟန်း(၃)လမ်းကနေ ၉၅ စီးတယ်။ ၉၅ ယာဥ်လိုင်းက ဗဟန်း(၃)လမ်းမှာ ဂိတ်စတယ်လေ။ ၉၅ စီးပြီးသွားရင် ကျောက်တန်းက ပီလခတ်ဘုရားကျောင်းကို တန်းရောက်တယ်။ အများစုက ပြည်ပကိုသွားမယ့်သူတွေ၊ သားသမီးရဖို့ ဆုပန်ချင်သူတွေ၊ အိမ်ခြံမြေကိစ္စ စသဖြင့်ပေါ့၊ အဓိဌာန်ပြုဆုတောင်းဖို့ သွားကြတာဖြစ်ပါတယ်”လို့ ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပြောပြပါတယ်။

ဘုရားကျောင်းကိုလာတဲ့ ဘုရားဖူးတွေကို သားသတ်လွတ်ဟင်းနဲ့ ထမင်းချက်ပြုတ်ခါ စတုဒီသာ ကျွေးခြင်း များလည်းရှိပါတယ်။

ပိလခတ်နွားလွှတ်ပွဲတော်လို့ ခေါ်တဲ့ တမီးလ်လူမျိုးများရဲ့ ရိုးရာနွားလွှတ်ပွဲတော်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။ နွားလွှတ်ပွဲတော်ကို နှစ်စဉ်ကျင်းပနေတာဖြစ်ပါတယ်။

ရှေးဟောင်းဗိသုကာလက်ရာနဲ့ ယဉ်ကျေးမှု၊ သဟဇာတဖြစ်မှုတွေကြောင့် ပိလခတ်ကျေးရွာမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းကြီးဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတွေထဲမှာ ဗိသုကာလက်ရာ ထူးခြားခန့်ညားထည်ဝါမှုကြောင့် နာမည်ကျော်ကြားတဲ့ ဘုရားကျောင်းကြီးဖြစ်ပါတယ်။

ဘုရားကျောင်းရဲ့ မျှော်စင်ဂိုပူရမ် (Gopuram) ပေါ်က သက်ဝင်လှုပ်ရှားနေသကဲ့သို့ ထုဆစ်ထားတဲ့ နတ်မင်းကြီးများ၊ နတ်သမီးများနှင့် ရုပ်တုများရဲ့ လက်ရာမြောက်ပုံတွေက ဘာသာခြား၊ လူမျိုးခြားများပါမကျန် လာရောက်လေ့လာ ဓာတ်ပုံရို-က်ကူးနိုင်တဲ့ ယဉ်ကျေးမှုပေါင်းကူးနေရာတစ်ခုလည်း ဖြစ်ပါတယ်။

စိမ်းလန်းစိုပြည်တဲ့ သစ်ပင်ကြီးတွေရှိခြင်းနှင့် ရှေးဟောင်းရုပ်တုများရဲ့ တည်နေရာထားရှိမှုတွေဟာ စွမ်းအင် (Energy) စီးဆင်းမှု ကောင်းမွန်စေပြီး လာရောက်သူတွေကို စိတ်အေးချမ်းမှု ပေးစွမ်းနိုင်တာလည်း အမှန်ပါပဲ။

ခုလိုမိုးဦးကျကာလမှာ ကျောက်တန်းမြို့က သမိုင်းဝင် ပိလခတ် ဟိန္ဒူဘုရားကျောင်းကြီးကို သွားရတာဟာ အဓိဌာန်ပြုသူတွေအတွက် ဆုတောင်းပြည့်သလိုတစ်နေ့တာ စိတ်အပန်းဖြေရာဆ်ိုရင်လည်း စိတ်အေးချမ်းပျော်ရွှင်ရတဲ့ ခရီးစဉ်လေးတစ်ခုဖြစ်မယ်လို့ယုံကြည်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းဝန်ကြီးချုပ် ဗီယက်နမ် သွားမည်

ဗီယက်နမ်သမ္မတ တိုလမ်၏ ဖိတ်ကြားချက်အရ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ဟနွိုင်းသို့ သွားရောက်ရန် စီစဉ်ထားပြီး ထိုင်းနှင့် ဗီယက်နမ်အကြား ရင်းနှီးသောဆက်ဆံရေးကို ထပ်လောင်းအတည်ပြုလိုက်သည်။       ဇွန်လ ၈ ရက် နေ့မှ ၉ ရက် နေ့အထိ သွားရောက်မည့် ခရီးစဉ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတားဆီးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်လည်း မျှော်လင့်ရသည်။        မစ္စတာ အနူတင်သည် ပြီးခဲ့သည့် ကြာသပတေးနေ့က မစ္စတာ တိုလမ်၏ အောင်မြင်သော ထိုင်းနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အစိုးရအဖွဲ့ကို အသိပေးပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက်...

Tri-Nation Cup 2026 ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း အပြီးသတ်ကစားသမား (၂၅) ဦး စာရင်း ထုတ်ပြန်

ဖိလစ်ပိုင်ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် Tri-Nation Cup 2026 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် အပြီးသတ်ကစားသမား (၂၅) ဦး စာရင်းကို ယနေ့တွင် ထုတ်ပြန်လိုက်သည်။ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ဦးဆောင်သည့် မြန်မာအသင်းတွင် ဦးအောင်ကျော်မိုး၊ ဦးမင်းသူနှင့် နိုင်ငံခြားသားနည်းပြများ ပါဝင်သောအဖွဲ့သည် ပဏာမလူစာရင်းမှ အကောင်းဆုံးကစားသမားများကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နည်းပြအဖွဲတွင် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၊ လက်ထောက်နည်းပြများဖြစ်သည့် ဦးအောင်ကျော်မိုး၊ ဦးမင်းသူနှင့် နိုင်ငံခြားသားနည်းပြများ ပါဝင်သည်။ ကစားသမား ၂၅ ဦး စာရင်းတွင် ဂိုးသမားအဖြစ် ဆန်းဆက်နိုင်၊ ဥာဏ်လင်းထက်၊ ခန့်မင်းသန့်တို့ ပါဝင်သည်။ နောက်တန်း၌...

တောင်သမန်အင်း ရေအရည်အသွေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး မေးခွန်းထုတ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်း၏ ရေအရည်အသွေးနှင့် ပက်သက်၍ အမရပူရမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မေးခွန်းထုတ် မေးမြန်းခဲ့သည်။ ယနေ့ (ဇွန်လ ၃ ရက်) က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့၌ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက တောင်သမန်အင်းအတွင်း ဗေဒါပင်ရှင်းလင်းရေး၊ သန့်ရှင်းသာယာသည့် အင်းရေပြင်ဖြစ်စေရေး၊ စိုက်ပျိုးမြေများ ပေါ်ထွန်းလာစေရေးတို့နှင့် ပတ်သက်၍ ဆက်စပ်မေးခွန်းမေးမြန်းခဲ့သေးသည်။ “တောင်သမန်အင်းအတွင်းမှာ ရေချိုးမယ်ဆိုရင် အရေပြားဆရာဝန်ကိုပါ တစ်ခါတည်း ဆက်သွယ်ထားရမယ်” ဟုလည်း သူက ပြောသည်။ ယင်းဆက်စပ်မေးခွန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071