Wednesday, June 3, 2026

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဘုရင့်လွတ်ငြိမ်းခွင့်ရရှိ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ထိုင်းဘုရင့်အမိန့်နဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားတဲ့အတွက် ကျန်ရှိနေတဲ့ ထောင်ဒဏ်ကာလတွေ ပျက်ပြယ် လွတ်မြောက်တော့မယ်လို့ ထိုင်းတရားရေးဝန်ကြီးက ဇွန်လ ၃...

ပြည်သူ့လွှတ်တော် ဒုတိယနေ့အစည်းအဝေး၌ ကြယ်ပွင့်ပြမေးခွန်း၆ ခု...

တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့၌ ကြယ်ပွင့်ပြမေးခွန်း၆ ခု မေးမြန်းဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦးအနက် ၃၄၉ ဦး...

အကျင့်ပျ_က်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ပေးမည်ဟု မြောက်ဥက္ကလာပဆေးရုံကြီးဆို

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် အကျင့်ပျ_က်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ပေးမည်ဖြစ်ကာ ပြတ်ပြတ်သားသား အရေးယူမည်ဟု မြောက်ဥက္ကလာပဆေးရုံကြီးမှ တာဝန်ရှိသူများက ပြောသည်။ ယနေ့ (ဇွန် ၃ )ရက်နေ့၌...

ထိုင်းဝန်ကြီးချုပ် ဗီယက်နမ် သွားမည်

ဗီယက်နမ်သမ္မတ တိုလမ်၏ ဖိတ်ကြားချက်အရ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ဟနွိုင်းသို့ သွားရောက်ရန် စီစဉ်ထားပြီး ထိုင်းနှင့် ဗီယက်နမ်အကြား ရင်းနှီးသောဆက်ဆံရေးကို ထပ်လောင်းအတည်ပြုလိုက်သည်။       ဇွန်လ...
HomeNewsLocal Newsတောင်သမန်အင်း ရေအရည်အသွေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်...

တောင်သမန်အင်း ရေအရည်အသွေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး မေးခွန်းထုတ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်း၏ ရေအရည်အသွေးနှင့် ပက်သက်၍ အမရပူရမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မေးခွန်းထုတ် မေးမြန်းခဲ့သည်။

ယနေ့ (ဇွန်လ ၃ ရက်) က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့၌ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက တောင်သမန်အင်းအတွင်း ဗေဒါပင်ရှင်းလင်းရေး၊ သန့်ရှင်းသာယာသည့် အင်းရေပြင်ဖြစ်စေရေး၊ စိုက်ပျိုးမြေများ ပေါ်ထွန်းလာစေရေးတို့နှင့် ပတ်သက်၍ ဆက်စပ်မေးခွန်းမေးမြန်းခဲ့သေးသည်။

“တောင်သမန်အင်းအတွင်းမှာ ရေချိုးမယ်ဆိုရင် အရေပြားဆရာဝန်ကိုပါ တစ်ခါတည်း ဆက်သွယ်ထားရမယ်” ဟုလည်း သူက ပြောသည်။

ယင်းဆက်စပ်မေးခွန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး အကျိုးအကြောင်း အချက်အလက်ပြည့်စုံစွာဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့်ပြန်လည်တင်ပြသွားမည်ဟုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြန်လည်ဖြေကြားသည်။

ထို့အပြင် ဗေဒါပင်များ ရှင်းလင်းရန်အတွက် တောင်သမန်အင်း၏ ရေ Level ကို လျှော့ချရမည် ဖြစ်ကာ ရေကျသွားပါက ဗေဒါပင်များကို စက်ယန္တရားနှင့် ဆယ်ယူပါက ပိုမိုရှင်းလင်းနိုင်မည်ဟုလည်း ဆိုသည်။

သို့သော် တောင်သမန်အင်း၌ ဘက်ဟိုးယာဉ်နှင့် ဗေဒါဆယ်ယူရှင်းလင်းသည့် လုပ်ငန်းများကို မတ်လ ၂၀ ရက်အထိ ဆောင်ရွက်ခဲ့ပြီး ယင်းနောက်ပိုင်း စက်သုံးဆီအခက်အခဲကြောင့် စက်ယန္တရားဖြင့် ရှင်းလင်းမှုကို ရပ်နားထားရကြောင်းလည်း ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဖြေကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဘုရင့်လွတ်ငြိမ်းခွင့်ရရှိ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ထိုင်းဘုရင့်အမိန့်နဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားတဲ့အတွက် ကျန်ရှိနေတဲ့ ထောင်ဒဏ်ကာလတွေ ပျက်ပြယ် လွတ်မြောက်တော့မယ်လို့ ထိုင်းတရားရေးဝန်ကြီးက ဇွန်လ ၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သက်ဆင်ဟာ ထောင်ဒဏ် ၈ လ ကျခံပြီးနောက် ပြီးခဲ့တဲ့ မေလတုန်းကမှ ခံဝန်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ သူ့ရဲ့ တစ်နှစ်ထောင်ဒဏ်က လာမယ့် စက်တင်ဘာလကျမှ ကုန်ဆုံးမှာဖြစ်လို့ အခုဆိုရင် ထောင်ဒဏ် ၃ လကျော်ပဲ ကျန်ပါတော့တယ်။ ဇွန်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ မိဖုရား သုသီတာရဲ့...

ပြည်သူ့လွှတ်တော် ဒုတိယနေ့အစည်းအဝေး၌ ကြယ်ပွင့်ပြမေးခွန်း၆ ခု မေးမြန်းဆွေးနွေး

တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့၌ ကြယ်ပွင့်ပြမေးခွန်း၆ ခု မေးမြန်းဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦးအနက် ၃၄၉ ဦး တက်ရောက်ခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၆ ခုကို မေးမြန်းခဲ့ပြီး သက်ဆိုင်ရာကဏ္ဍများမှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ ထို့အပြင် လယ်ယာ၊ကိုင်းကျွန်းနှင့် ဥယျာဉ်ခြံမြေများမှ ထွက်ရှိသည့် ထွက်ကုန်သီးနှံဈေးနှုန်းများထိန်းညှိနိုင်ရေးအတွက် ကော်မရှင်တစ်ရပ်ဖွဲ့စည်းဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းခဲ့ကြသည်။ ထို့နောက် အစိုးရမဟုတ်သော ပြည်တွင်းနှင့် ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီဖွဲ့စည်းရေးနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကာ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး...

အကျင့်ပျ_က်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ပေးမည်ဟု မြောက်ဥက္ကလာပဆေးရုံကြီးဆို

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် အကျင့်ပျ_က်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ပေးမည်ဖြစ်ကာ ပြတ်ပြတ်သားသား အရေးယူမည်ဟု မြောက်ဥက္ကလာပဆေးရုံကြီးမှ တာဝန်ရှိသူများက ပြောသည်။ ယနေ့ (ဇွန် ၃ )ရက်နေ့၌ ပြုလုပ်သည့် ဆေးရုံအာဏာပိုင်များနှင့် လူမှုကူညီရေးအသင်းများအကြား တွေ့ဆုံဆွေးနွေးပွဲတွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံဝန်ထမ်းအချို့၏ ငွေညှစ်နှောင့်ယှက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ယက်တွင် ဝေဖန်မှုမြင့်တက်ခဲ့သည်။ ထိုဖြစ်စဉ်သည် မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံတွင် ပလုံကောက်သည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလေ_ာင်းအား ထုတ်ယူရန် ကြိုးပမ်းစဉ် ဝန်ထမ်းအချို့က ငွေကြေးတောင်းခံကာ လူမှုကွန်ယက်တွင် ဝေဖန်ခံရသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071